ကျန်းမာရေးဝန်ကြီးဌာနသည် အရည်အသွေးစစ်မှန်ကောင်းမွန်ပြီး ဘေးအန္တရာယ်ကင်းရှင်းသော
အစားအသောက်များကို အများပြည်သူတို့ စားသုံးနိုင်ရန် စဉ်ဆက်မပြတ် စစ်ဆေးလျက်ရှိပါသည်။ ဈေးကွက်များ
တွင် ရောင်းချလျက်ရှိသောငရုတ်သီးမှုန့်မျိုးစုံ၊ ပဲအမျိုးမျိုးနှင့် ယိုစုံ(အချဉ်ထုတ်) များကို ဓါတ်ခွဲ စစ်ဆေးရာ အစား
အသောက်တွင် သုံးစွဲရန်ခွင့်မပြုသော အနီရောင်ဆိုးဆေး(Rhodamine B)နှင့်လိမ္မော်ရောင်ဆိုးဆေး(Orange II)
တို့ပါဝင်ကြောင်းတွေ့ရှိရသည်။ (Rhodamine B)နှင့် (Orange II) တို့သည် ဓါတုဆိုးဆေးများဖြစ်ပြီးစားသုံးမိပါက
အစာအိမ်အူလမ်းကြောင်း ရောင်ရမ်းခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊ဦးနှောက်အာရုံကြောထိုင်းမှိုင်းခြင်း၊ရေရှည်တွင်ကင်
ဆာရောဂါဖြစ်စေခြင်းနှင့် မျိုးရိုးဗီဇထိခိုက်စေခြင်းတို့ကြောင့် (Rhodamine B)နှင့် (Orange II) တို့ပါဝင်သော အ
စားအသောက်များကိုစားသုံးရန်မသင့်ကြောင်း အသိပေးအပ်ပါသည်။ ၄င်းတို့မှာ-
| စဉ် | ဆိုင်အမည်/ အမှတ်တံဆိပ် | အစားအသောက် အမျိုးအစား | ပါဝင်သော ခွင့်မပြုဆိုးဆေး |
| ၁။ | ဇွဲတံဆိပ် | ငရုတ်သီးအစိမ်းမှုန့် ငရုတ်သီးအကြမ်းမှုန့် | Rhodamine B Rhodamine B |
| ၂။ | စိန်နဂါးဆိုင် (ညောင်ပင်လေးဈေး) | ငရုတ်သီးအကြမ်းမှုန့် | Rhodamine B |
| ၃။ | ပြည့်ဖြိုးဆိုင် (ညောင်ပင်လေးဈေး) | ငရုတ်သီးအစိမ်းမှုန့် ငရုတ်သီးအကြမ်းမှုန့် | Rhodamine B Rhodamine B |
| ၄။ | ရွှေသဇင် (ညောင်ပင်လေးဈေး) | ငရုတ်သီးအစိမ်းမှုန့် | Rhodamine B |
| ၅။ | ရွှေဒေါင်းနီဆိုင် (သိမ်ကြီးဈေး) | ငရုတ်သီးအကြမ်းမှုန့် | Rhodamine B |
| ၆။ | “သောင်း”ဆိုင် (သိမ်ကြီးဈေး) | ငရုတ်သီးအစိမ်းမှုန့်
ငရုတ်သီးအကြမ်းမှုန့် | Rhodamine B Orange II Rhodamine B |
| ၇။ | ပြည့်ဖြိုးအောင်တံဆိပ် | ပဲနီလေး | Orange II |
| ၈။ | ရွှေစင်တံဆိပ် | ဆီးချို(အစပ်) သရက်ပေါင်း | Orange II Orange II |
တို့ဖြစ်ကြောင်း ၂၀၀၉ခုနှစ် ဇွန်လ ၂ရက်နေ့ထုတ်မြန်မာ့အလင်းသတင်းစာတွင်ဖော်ပြထားပါသည်။
No comments:
Post a Comment