“စစ်အာဏာရှင်စံနစ် ဖျက်သိမ်းရေး မြန်မာ့ဒီမိုကရေစီ အင်အားစုများ မဟာဗျူဟာ ညီလာခံ” တရပ်ကို USA ရှိ မြန်မာ့ဒီမိုကရေစီ အင်အားစုများက ဇူလိုင်လ ၃ ရက် နှင့် ၄ ရက်နေ့များတွင် နယူးယောက် ပြည်နယ် အထက်ပိုင်း ယူတီကာမြို့ဍ္ဍ် ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။
“စစ်အာဏာရှင်စံနစ် ဖျက်သိမ်းရေး မြန်မာ့ဒီမိုကရေစီ အင်အားစုများ မဟာဗျူဟာညီလာခံ” …..သည်..
-၂၀၁၀ ရွေးကောက်ပွဲကို လုံးဝ ဆန့်ကျင်တိုက်ဖျက်ရေး ။
- စစ်အုပ်စုအား ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲဝင်ရေး (နည်းလမ်းပေါင်းစုံ) ။
- ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ။…….
ဟူ၍ မူ (၃)ရပ် ချမှတ်ပြီး ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။
ထို ညီလာခံကြီးအား သံဃာ့ခေါင်းဆောင်များ၊နိုင်ငံရေး အကျဉ်းသားရဲဘော်ဟောင်းများ၊ ကျောင်းသားတပ်မတော် ရဲဘော်ဟောင်းများ၊ NLD ပါတီမှ ရဲဘော်များ၊လူ့ဘောင်သစ်ပါတီမှ ရဲဘော်များ၊ 88 မျိုးဆက်ကျေင်းသားများအဖွဲ့(ပြည်ပ) ၊ FBF မှရဲဘော်များ၊ နိုင်ငံရေး အဖွဲ့အစည်း အသီးသီးမှ ရဲဘော်များ နှင့် တိုင်းရင်းသားခေါင်းဆောင်များ မှ ဦးဆောင်ကျင်းပခြင်းဖြစ်ပါသည်။
ညီလာခံကျင်းပရေးကော်မီတီမှ ရဲဘော်တို့အားအသိပေးအကြောင်းကြားပါသည်။ အားလုံးလက်တွဲ တိုက်ပွဲဝင်ကြရန် ရဲဘော်တို့အား နိုးဆော်လိုက်ပါကြောင်း...။
ဖိတ်စာအား ပူးတွဲပေးပို့လိုက်ပါသည်။
လေးစားလျှက်
ညီလာခံကျင်းပရေးကော်မီတီ ။
Invitation+for+Conference+2009,+USA
No comments:
Post a Comment