Tuesday, May 19, 2009

ပဲခူးတိုင်း ဇီးကုန်းမြို့နယ် NLD ဥက္ကဌ ဒေါ်ခင်ဝိုင်း ကို ဆက်သွယ်မေးမြန်းချက်

တနင်္လာနေ့၊ မေလ 18 2009 17:40 - မြန်မာစံတော်ချိန်

“အန်တီတို့ သဘောထားက ဒေါ်အောင်ဆန်းစုကြည်က လောလောဆယ် အကျယ်ချုပ်ထားတဲ့ လူတယောက်ကို လွတ်ခါနီးပြီဆိုတော့ အကြောင်းမရှိ အကြောင်းရှာ လုပ်နေတာ။ နိုင်ငံခြားသားရဲ့ တာဝန်တာဖြစ်တယ်။ သူ့ကို အပြစ်ပေးသင့်တယ်။ သူက အရင်တခါ ဝင်ထားတယ်ဆိုတော့ နောက်တခါ ဝင်သွားဖို့ ဒီလိုအထပ်ထပ် လုံခြုံရေး ချထားတာတောင် ဝင်တာ၊ လုံခြုံရေးတွေ ပေါ့လျော့တဲ့အတွက်ကြောင့် ဖြစ်ရတာ။ ဒေါ်အောင်ဆန်းစုကြည်မှာ ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြစ်ဒဏ် ကျစရာ အကြောင်း မရှိဘူး။”

“ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်ကနေ အင်းစိန်ကို ခေါ်သွားတယ်ဆိုကတည်းက ဒီက ပြည်သူတွေက လုံးဝ စိတ်မကောင်းကြဘူး။ စိတ်ဆင်းရဲသွားကြတယ်။ ဘယ်လိုပဲ တွေးတွေး ဗုဒ္ဒဘာသာ ကိုးကွယ်တဲ့ လူတွေဆိုတော့ တကယ်ပဲ ဝမ်းနည်း ယူကျုံးမရ ဖြစ်ရတယ်။ တချို့ဆို မျက်ရည်တောင် ကျမိကြတယ်လေ။

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်