Thursday, May 14, 2009

ဒီမြေသာ ချစ်တဲ့ အမေ

ဒီအချိန်ဆို အမေငိုနေရင် ငိုနေလိမ့်မယ်
အမေငိုတဲ့ မျက်ရည် တစ်စက်
ဗမာပြည်ကို ဆေးကြောဖို့ အတွက်ဘဲဆိုတာ
ကျွန်တော်သိပါတယ် အမေ။

အမေ့ရဲ့ မရုန်းနိုင်တဲ့ ခန္ဓာတခု
ထောင်တိုက်ထဲမှာ မကောင်းသတ္တ၀ါတွေပြုသမျှ
နှစ်နဲ့ ချီ ခံခဲ့ ရပေမယ့် 
အမေ့ ရဲ့ အမည်နာမ ပန်း
ကမ္ဘာမှာ အမြဲလန်းနေတယ် အမေ။

မတည်တံ့တဲ့ တရားထဲမှာ အမေအိုသွားခဲ့ ပေမယ့် 
အမေ့ရဲ့  ဗမာပြည်အပေါ် ထားရှိတဲ့ ဆန္ဒ
ပြည်သူတွေ အမြဲဦးချဆဲပါ အမေ။

အနိုင် နဲ့ အရှုံးတရား
နှစ်ခုရဲ့  ရေချိန် မညီမျှမှု မှာ
အမေဟာ လက်နက်ပေါင်းမြောက်များစွာနဲ့ 
မနာလိုသူတွေ ရဲ့  ရက်ရက်စက်စက် အချိန်ခံထားရပေမယ့်
အမေ့ ရဲ့ နုတ်ခမ်းစွန်းက အပြုံးတစက်
မိစ္ဆာတွေ ရဲ့ လက်နက်ထက် အစွမ်းထက်ပါတယ်အမေ။


အမေ ပြုံးပါ
နောက်ဆုံးသူတို့ သိပ်မုန်းနေခဲ့ ရင်တောင်ပေါ့။

ဒေါင်းတမာန်

No comments:

Post a Comment