Monday, May 25, 2009

မေ ၂၅ ရက် တရားရုံးရဲ့ အခြေအနေ

ဒီနေ့ ၅ ယောက်စစ်ပါတယ်။ ၄ ယောက်က recall ပါ ။ ၁ ယောက်က
၁၀ ယောက်ထဲက ၁ ယောက် ဖြစ်ပြီး ၉ ယောက်ကို ပယ်တယ်။ စစ်တဲ့ ၁ ယောက်က ဒုရဲမှူးတယောက်ပါပဲ။
မနက်ဖြန် အမိန့်တောင် ချနိုင်တယ်
နိုင်ငံတော်ကို နှောင့်ယှက်ဖျက်ဆီးလိုသူများ ဥပဒေဟာ လက်ရှိ တည်ဆဲ ဥပဒေ နဲ့ တရားစွဲမယ်ဆို
အဲ့နိုင်ငံတော်ကို နှောင့်ယှက်ဖျက်ဆီးလိုသူများ ဥပဒေ ဟာ အလိုအလျောက်ပျက်ပြယ်ပါတယ်။ ဥပဒေ အပိုဒ် ၄၃
မှာပါတယ်။ နောက် အခုဆွဲတဲ့ ပုဒ်မ ဟာ socilist contistution ကဟာပါ။ ခု ၂၀၀၈ contistution လည်းရှိနေတယ် ဆိုတော့ မြန်မာ နိုင်ငံ ဟာ contistution ၂ ခု ရှိနေတာပေါ့ contistution ၂ ခု နဲ့
အုပ်ချုပ်နေတာပေါ့
လို့ ဦးဥာဏ်ဝင်းက မေးတော့ အစိုးရရှေ့နေက ကန့်ကွက်ပါတယ်။ တရားသူကြီးက ကန့်ကွက်ချက်ကို
လက်ခံလိုက်ပါတယ် ။
ယက်တော က သူ့ရှေ့နေ့ကို ပြောပါတယ်။ သူ ဘာမှမပြောတောူ့း ၀န်ခံပါတယ်လို့ ပြောပါတယ်။ သူ့ရှေ့နေက တရားသူကြီးကို အဲ့လိုပြောတော့ ကိုယ့်အလှည့်ရောက်မှ ၀န်ခံပါလို့ပြောပါတယ်။

မနက်ဖြန် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ပါမယ်.....ကျန်တဲ့သက်သေ ၁၀ယောက်က ၉ ယောက်ကို ပယ်လိုက်ပြီ..........
ဒီနေ့  ဒေါ်အောင်ဆန်းစုကြည်က ခရမ်းနုရောင်ဆင်တူဝတ်စုံနဲ့ ကျက်သရေရှိစွာ တင့်တယ်ဆဲပါ။
စိတ်မကောင်းဆုံးအရာကတော့ အလှုရှင် ရှားပါးတဲ့အတွက် အင်းစိန်ထောင်ရှေ့ က အုပ်စုကို ထမင်းထုတ်မဝေနိုင်တော့ တာပါဘဲ ။ ဆက်လက်ကြိုးစားဆဲပါ ခင်ဗျား။

No comments:

Post a Comment