တော်လှန်ရေးမောင်နှမများခင်ဗျား
ဒီနေ့မနက်၁၁နာရီဝန်းကျင် အင်းစိန်ထောင်အနီးတ၀ိုက်အခြေအနေတွေကတော့ အင်းစိန်ဈေးကို ဖွင့်ထားပါတယ်။ ရွှေဆိုင်တွေကိုတော့ အာဏာပိုင်တွေက ပိတ်ခိုင်းထားတယ်လို့သိရပါတယ်။ လမ်းဘေးဈေးသည်တွေကို ရောင်းချခွင့်ပြုထားပြီး ထူးခြားချက်အနေနဲ့ ဒီနေ့အတွက်အခွန်ကောက်မှာမဟုတ်ဘူးလို့ပြောကြပါတယ်။
နောက်ထပ်ထူးခြားချက်တခုကတော့ မြို့နယ်အစုံက စွမ်းအားရှင်တွေ အများအပြားချထားတယ်လို့သိရပါတယ်။ ရဲတွေကို လူမြင်ကွင်းမှာ မထားပဲ အင်းစိန်ဘူတာထဲမှ တပ်ချထားတယ်လို့သိရပါတယ်။ အဘဦးဝင်းတင်လည်းရောက်လာတာ မတွေ့ရသေးပါဘူး။
ပြည်သူလူထုအင်အားကတော့ မနေ့ကနဲ့စာရင်ပြန့်ကျဲနေပြီး ခန့်မှန်းရနည်းနည်းခက်နေပါတယ်။
သုံးသပ်အကြံပြုချက်
၁။ အင်းစိန်ဈေးဖွင့်ထားခြင်း
၂။ လမ်းဘေးဈေးသည်များကို လိုက်လိုက်လျောလျောဆက်ဆံနေခြင်း
၃။ စွမ်းအားရှင်အမြောက်အမြားရောက်ရှိနေခြင်း
၎။ ရဲတွေကို ရှောင်ခိုင်းထားခြင်းတွေကို ကြည့်ခြင်းအားဖြင့်
စွမ်းအားရှင်တွေကို ရပ်ကွက်နေပြည်သူလူထု အသွင်ဖန်တီးပြီး ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံဆန္ဒပြနေသူတွေ နဲ့ရန်တိုက်ပေး လိမ့်မယ်လို့ယူဆရပါတယ်။ အဓိကရုဏ်းဖြစ်ခဲ့ရင် ဈေးသည်တွေဈေးဝယ်သူတွေနဲ့ရောနှောနေတဲ့အတွက် ဈေးသည်တွေ က အရောင်းအ၀ယ် ထိခိုက်လို့ ဆန္ဒပြသူတွေနဲ့ ပြသနာတက်ရပါတယ်လို့လုပ်ကြံဇာတ်လမ်းထွင်ပြီး လှုပ်ရှားမှုကို ဖျက်ဆီးမယ့်သဘောရှိပါတယ်။
အင်းစိန်ပတ်ဝန်းကျင်မှာ လှုပ်ရှားမှုကိုထောက်ခံသူ ပြည်သူလူထုအင်အားပိုများလာဖို့လိုအပ်ပါတယ်။
အခုရှိနေသူတွေအနေနဲ့လည်း အစစအရာရာ သတိထားဖို့လိုပါတယ်။နီးစပ်ရာ အင်အားစုများ ပြည်သူများကို ဒီသတင်းမျှဝေပေးပြီး
အင်းစိန်ထောင်ဝန်းကျင်ကို အားဖြည့်ပေးဖို့ တိုက်တွန်းပေးစေလိုပါတယ်။အဓိကရုဏ်းဖြစ်လာခဲ့ရင် စုပေါင်းကာကွယ်နိုင်ကြဖို့လည်း သတိပေးနှိုးဆော်ပေးကြပါ။
--
regards
moethway
Generation Wave
http://www.generation-wave.co.cc/
No comments:
Post a Comment