Monday, May 18, 2009

ရန်ကုန် အင်းစိန်မြို့နယ် ယနေ့နံနက်ဖြစ်စဉ်….

Monday, May 18, 2009

မြို့တွင်းရှိ တယ်လီဖုန်းလိုင်း အများအပြား ပြတ်တောက်မှုမှာ ယမန်နေ့ ညနေမှသည် ယခုထက်တိုင် ကြာမြင့်နေပြီး မိုဘိုင်းလ်ဖုံး အများ အပြားမှာ လက်ခံ၍သာရပြီး ခေါ်ယူ၍ မရဘဲ ဖြစ်နေသည်ဟု ဆိုသည်။ အင်းစိန်ထောင်ရှေ့ တောက်လျောက် လမ်း ပိတ်ဆို့ ထားခြင်း ကြောင့် အင်းစိန်ဘက်က လာသော ကားများ မင်္ဂလာဒုံ ပြည်လမ်းဘက်က ပတ်ကွင်း မောင်းနေကြရသည်။ အင်းစိန်ထောင်ရှေ့ တွင် တိုက်ပွဲ စပါပြီ။ သဗ္ဇေသတ္တာ ကမ္မသကာ သန်းရွှေပုံကြီးအား အမှိုက်များနဲ့ အတူ မီးစတင်ရှို့ ပါပြီ။ တစတစတင်းမာလာနေပြီဖြစ်ပါတယ်။ လှည်းတန်းတွင် ကျောင်းသားများ စတင်စုရုံးရောက်ရှိလာသဖြင့် ရဲ များချလာကြောင်း သိရပါတယ်။ ပေါက်တောဝကျောင်းဆ၇ာတော် ကြီးကိုဖမ်းဆီးသွားကြောင်း သိရသည် (မှတ်ချက်..မသေခြာပါ )
ရန်ကုန်မြို့ မှ ပြည်သူလူထုကိုဘဲ ပြောတာ မဟုတ်ပါ။ နယ်မြို့ အချို့ မှာလည်း လူတွေစုနေကြကြောင်းသိရပါသည်။ ပူးပေါင်းဝိုင်ဝန်းဘို့ရန်လှုပ်ဆော်နေကြပါသည်။ နအဖက ဒေါ်အောင်ဆန်းစုကြည်ကို ဒီနေ့  မလွှတ်ပေးရင် တိုက်ပွဲအရှိန်အဟုန် ဆက်မြှင့်ပါမည်ဟု သူတို့ပြောပါသည်။ လှည်တန်းဘက်တွင် ကျောင်းသားများ ထွက်လာရာ လုံထိန်းတွေနဲ့  ရင်ဆိုင်ဖြေရှင်းနေရပါသည် ထောင်ထဲတွင် စတင် ဆူပူအော်နေသံများကြားနေပါသည် အင်းစိန်ထောင်တွင်းသို့ ဆရာကြီးဦးဝင်းတင် ဦးဆောင်သည့် အန်အယ်လ်ဒီလူငယ် ၁၀၀ ကျော် အတားအဆီးများကို ကျော်ဖြတ်ဝင်ရောက်သွားပြီ။ လုံခြုံရေးများနှင့် ပြဿနာအကြီးအကျယ်တက်ပြီး ၀င်ရောက်ရခြင်းဖြစ်။

May 18th, 2009 by thiha
အင်းစိန် ကားလမ်းမမှာ ကားပေါ်က လူတွေကို တယောက်ချင်းစီစစ်နေတယ်။သွားချင်ကြတဲ့ သူများကို ညွန်ကြားပေးပါ။ပြောပြပေးပါ။ အင်းစိန်ထောင် အ၀င်ပေါက်များမှာ ပေါက်တောဝ တမှတ်တိုင်ကျော် ဆရာတော်ကြီးမှတ်တိုင်မှ ၀င်လို၇ပါတယ်နောက်တနေရာက မြို့သစ်ဈေးဘက်မှ တဆင့် မဟာမြိုင် ရုပ်ရှင်ရုံဘက်ခြမ်းမှ အင်းစိန်ထောင်ရှေ့သို့ ထွက်လို့ရပါတယ့်ဖော့ကန် အောင်ဆန်းဘက်ကပိတ်ထားတယ် အင်းစိန်ဂုံးတံတားကနေ စပြီး ထောင်ထိပိတ်တယ် လိုင်းကားလည်းသွားမရ ဆိုက်ကား လည်းမရ သံဆူးကြိုးတုန်းတွေပိတ်ထားတယ် ဖော့ကန် အောင်ဆန်းဘက်ကပိတ်ထားတယ် အင်းစိန်ဂုံးတံတားကနေ စပြီး ထောင်ထိ ပိတ်တယ် လိုင်းကားလည်းသွားမရ ဆိုက်ကားလည်းမရ သံဆူးကြိုးတုန်းတွေပိတ်ထားတယ်..လမ်းကြိုလမ်းကြားတွေလည်း ပိတ်ထားတယ် အရပ်ဝတ်ရဲတွေနဲ့ စွမ်းအားရှင်တွေကတော့ ရှိနေပေမယ့် လာကြည့်တဲ့လူတွေလည်း ပိတ်ထားတဲ့နေရာကနေ လှမ်းကြည့်နေကြရပါတယ်။ အင်းစိန်ဈေးထဲကို ၀င်လို့ မရပါ။မီးပွိုင့်ကနေ ပိတ်ထားပါတယ်။ ယခုအခါမှာ အင်းစိန်ထောင်အတွင်းသို့  ရှေ့ နေ (၄) ဦးနဲ့  အမေရိကန်သံရုံးမှသူများ ၀င်ရောက်သွားပါပြီ။ စောင့်ကြည့်နေကြသူများ ဆက်လက်ရှိနေကြပါတယ်။ပြည်သူလူထုအပြင် ကျောင်းသားများနဲ့  သံဃာတော်များပါ အင်းစိန်ထောင်ဈေးဘက်နေရာတွေမှာ ရောက်ရှိနေကြပါတယ်။ဒီ့အတွက် ကျန်သော ပြည်သူလူထုကြီးတစ်ရပ်လုံးမှ ၀ိုင်းဝန်းအင်အားဖြည့်ပေးကြဖို.အနူးအညွတ် မေတ္တာရပ်ခံကြောင်း အင်းစိန်ထောင်ရှေ့ ရောက်နေသူများမှ တောင်းပန်မေတ္တာရပ်ခံနေပါတယ်ပြည်သူလူထုကြီးတစ်ရပ်လုံးမှ ၀ိုင်းဝန်းအင်အားဖြည့်ပေးကြဖို့  အနူးအညွတ် မေတ္တာရပ်ခံကြောင်း အင်းစိန်ထောင်ရှေ့ ရောက်နေသူများမှ တောင်းပန်မေတ္တာရပ်ခံနေပါတယ်။ ထောင်ဝန်ထမ်းတွေက ဒေါ်စုကြည် လို လာခေါ်ပါတယ်။ ဒေါ်စုကြည် ရုံးထုတ်ရင် ထွက်ခဲ့ပါလို့ ဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည် က ပြန်ပြင်ခေါ်ပါ။ ဒေါ်အောင်ဆန်းစုကြည်လို့ ခေါ်မှ ထွက်နိင်မယ်လို့ ဆိုတဲ့အတွက် အခြေအတင်ဖြစ်နေကြောင်း သိရပါတယ်။ဒေါ်အောင်ဆန်းစုကြည်ကို အတင်းအကြပ် ရုံးထုတ်ရန် ကြိုးပန်းနေကြောင်း သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်မှ သတ္တိရှိစွာဖြင့် ကုလား ထိုင် ပေါ်တွင် ထိုင်နေပြီး လာခေါ်သော ထောင်ဝန်ထမ်းများကို မလိုက် ဟု ရာဇသံပေးလိုက်ကြောင်း သိရပါတယ်။ အင်းစိန် ထောင်ရှေ့ ရောက်နေကြသူများအနက်မှ လူငယ် (၃၀) ကျော် ထောင်ဗူးဝဘက်သို့  ချဉ်းကပ်သွားပါတယ်။ လုံထိန်းများမှ ရှေ့ က ပိတ်ဆို့ ထားပါတယ်။ အခြားသောပြည်သူများလည်း ၀ိုင်းရံ ထားကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အား ဒေါ်စုကြည် ဟု ခေါ်ဆိုမှုကြောင့် ဖြစ်ပေါ်နေသော တင်းမာမှုသည် ယခုအခါ ထောင်ဝန်ထမ်းများဘက်မှ ဒေါ်အောင်ဆန်းစုကြည်ဟု အလျှော့ပေး ခေါ်ဆိုခြင်းကြောင့် ယခုအခါ အထူတရားရုံးအတွင်း အမှုစစစ်ပါတော့မည်။ ထောင် အာဏာ ပိုင်များက အင်စိန်ထောင် ထဲ မှာထောင်ထဲမှာ ထောင်သားတွေအားလုံး ကို အလုပ်မချပဲ ပုံစံထိုင်ခိုင်းထားတယ်။ ထောင်ထဲမှာ ဆူမဲ့ နေအထား ကိုရောက်နေပြီ။ အင်းစိန်ဈေးအနီးတွင် ဖဲကြိုးအနက် လိုက်လံ ဝေငှနေသော ရွှေပြည်သာမြို့နယ်နေ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်လူငယ် ကိုထွေးသိန်းကို ယနေ့နံနက်က ရဲက ဖမ်းသွားသည်။ ရန်ကုန်အခြေစိုက် ဗြိတိန်၊ ပြင်သစ်၊ ဂျာမဏီ၊ အီတလီနှင့် သြစကြေးလျနိုင်ငံ သံရုံးများမှ သံအမတ်များနှင့် သံတမန်များကို ဒေါ်အောင်ဆန်းစုကြည်ကို တရားဆိုင်မည့် အထူး တရားရုံးရှိရာ အင်းစိန်ထောင်တွင်းသို့ စစ်အစိုးရက ဝင်ခွင့်မပြုဘဲ ပိတ်ပင်ထားသည်ဟု ရန်ကုန်မှလာသော အေဂျင်စီ သတင်းများအရ သိရသည်။ ယခုအချိန်တွင်အန်တီအားအမှုစစစ်နေပါပီး ဖဲကြိုးအနက်လိုက်ဝေသောရွေပြည်သာ NLD မှကိုထွေးသိန်းဖမ်းခံရ ထောင်ထဲတွင် စတင် ဆူပူအော်နေသံများကြားနေပါသည် လိုင်းကား ဆိုက်ကား သွားမရအောင် ပိတ်ထားလိုက်ပါပြီပေါက်တော့ ဆရာတော်ကြီး အင်စိန်ဈေး လမ်းပိတ် ၊ အင်စိန်မှာ စုရပ်လုပ်နေကြ လူသုံးဆယ် လုံထိန်းဝိုင်း
insein

No comments:

Post a Comment