Sunday, May 24, 2009

ဒီနေ့ ဂျပန်ကညီအကိုတွေရဲ့ အမေ့အတွက်လှုပ်ရှားမှုသတင်း

ဂျပန်ရောက်မြန်မာလူမျိုးများ နှင့် ဂျပန်လူမျိုးများ သည် မေလ၊ ၂၄ ရက်နေ့ နေ့လည် ၂း၃ဝ မှ စတင်ကာ EBISU ပန်းခြံတွင် လူစုဝေးပြီး ၄းဝဝ တွင် စတင် ထွက်ခွာသွားရာ SENDAGAYA ဘူတာ အထိ ဒေါ်အောင်ဆန်းစုကြည် ချက်ခြင်း လွှတ်ပေးရေး ချီတက်ဆန္ဒပြခဲ့ကြပါသည်။ ချီတက်ဆန္ဒပြပွဲအား YOYOGI ပန်းခြံ တွင် အဆုံးသတ် ရပ်နားကာ ချီတက် ဆန္ဒပြပွဲ ပြီးဆုံးခဲ့ကြောင်း သိရပါသည်။


Rest of your post
အဆိုပါ ချီတက်ဆန္ဒပြပွဲတွင် ဂျပန်ရောက်မြန်မာ လူမျိုးများ နှင့် ဂျပန်လူမျိုးများ စုစုပေါင်း လူဦးရေ ၈ဝဝ ကျော် ချီတက်ဆန္ဒပြ ခဲ့ကြပါသည်။
မေလ ၂၇ ရက်နေ့တွင် တဖန် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ရွေးကောက်ပွဲ အနိုင်ရသည့် အထိမ်း အမှတ်ဖြင့် YOPPONGI ဘူတာတွင် ချီတက်ဆန္ဒပြပွဲ ထပ်မံ ပြုလုပ်မည်ဖြစ်ကြောင်း သိရပါသည်။
http://phyowai-mmp.blogspot.com/ မှကူးယူတင်ပြပါသည်။Summary

1 comment: