ကြာသပတေးနေ့၊ မေလ 21 2009 20:30 - မြန်မာစံတော်ချိန်
အင်းစိန်ထောင်တွင်း အထူးတရားရုံးက အမှုစစ်ဆေး ကြားနာမှုကို မနက်ဖြန်တွင် ၅ ရက်မြောက်အဖြစ် ထပ်မံ ချိန်းဆိုလိုက်သည်။ ဤသည်မှာ ယခုတပတ် တနင်္လာနေ့မှ စတင်လာခဲ့သည့် နေ့စဉ်ရက်ဆက် စစ်ဆေးနေမှု၏ အဆက်ဖြစ်သည်။
ယနေ့ ကြားနာမှုသည် ယခင်နေ့များထက် ပိုမို ကြာမြင့်ခဲ့ကြောင်းနှင့် ဂျွန် ဝီလျံ ယက်တောထံမှ သိမ်းဆည်းရမိသည့် ဗီဒီယိုထဲတွင် ရိုက်ကူးထားသည်များကို မျက်မြင်သက်သေက ရုံးတော်သို့ ပြသခဲ့ကြောင်း အန်အယ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။
ဗီဒီယိုထဲတွင် မစ္စတာ ယက်တောက ဒေါ်အောင်ဆန်းစုကြည် နေအိမ်သို့ သူ ရောက်ရှိလာကြောင်း၊ ဓာတ်ပုံ ရိုက်ယူလိုမှုကို ဒေါ်အောင်ဆန်းစုကြည်က ငြင်းဆန်ကြောင်းနှင့် သူသည် ထိုင်းနိုင်ငံသို့ ပြန်လိုကြောင်း ပြောဆို ရှင်းပြထားသည်များ ဖြစ်သည်ဟု ဦးဉာဏ်ဝင်းက ပြောပြသည်။
http://www.mizzimaburmese.com/news/breaking-newsbrief/3002-2009-05-21-04-00-36.html
ယနေ့တွင် တရားရုံးက မျက်မြင်သက်သေ ၄ ဦးကို စစ်ဆေးခဲ့သည်။
Summary
Rest of your post
No comments:
Post a Comment