မြန်မာပြည်သူတို့ ၏ လွတ်လပ်ရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သည် မေ ၁၄ ရက် ကြာသပတေးနေ့ တွင် နအဖ၏ အမိန့် ဖြင့် အင်းစိန်ထောင် တရားရုံးတွင် မတရားစွပ်စွဲမှုကို ရင်ဆိုင်ရတော့မည်ဖြစ်သည်။
၂၀၀၃ ဒီပဲယင်းအပြီး ဒေါ်အောင်ဆန်းစုကြည် အား ဖမ်းဆီးခဲ့မှုသည် တရားဝင်မှုမရှိခဲ့သည့် အပြင်၊ ယခု အမေရိကန် နိုင်ငံသား အိမ်ထဲဝင်မှုဖြင့် အင်းစိန်ထောင် တရားရုံးသို့  ဆင့်ခေါ်မှုမှာလည်း တရား မျှတမှုမရှိသည်မှာ ထင်ရှားသည်။
မကြာခင်ကပင် ကုလသမဂ္ဂ လူ့ အခွင့်အရေးကောင်စီ၏ ဥပဒေမဲ့ဖမ်းဆီးထိန်းသိမ်းမှုဆိုင်ရာ လုပ်ငန်းအဖွဲ့  က ဒေါ်အောင်ဆန်းစုကြည်အား ဖမ်းဆီးခြင်းသည် နိုင်ငံတကာ ဥပဒေတင်မကပဲ မြန်မာပြည်တွင်း ဥပဒေကိုပါ ချိုးဖောက်ခြင်းဖြစ်သည် ဟု ကြေညာလိုက်သည်။ ထိုဆုံးဖြတ်ချက်ကို ကြည့်ခြင်းဖြင့် နအဖသည် တိုင်းပြည်ကို ဥပဒေမဲ့ အုပ်ချုပ်နေသည်မှာ ပို၍ ထင်ရှားသည်။
ထိုသို့  ဥပဒေမဲ့ လုပ်ရပ်များကို အမြန်ဆုံးရပ်တန့် ၍ အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ဒေါက်တာ တင်မျိုးဝင်းနှင့် အခြား မတရားစွပ်စွဲမှုခံရမည့်သူများ အားဖမ်းဆီးမှု မှ အမြန်ဆုံး လွှတ်ပေးရန် ကျွန်ုပ်တို့  တောင်းဆို လိုက်သည်။
အကယ်၍ ဖမ်းဆီးမှုများ ပြုလုပ်လာပါက ကျွန်ုပ်တို့ အပါအ၀င် နိုင်ငံတကာရှိ ဒေါ်အောင်ဆန်း စုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ထောက်ခံသူအားလုံး ရောက်ရာဒေသမှ နအဖကို ပြင်းပြင်းထန်ထန် ဆန္ဒပြ ဆန့် ကျင် ကြလိမ့်မည်ဖြစ်ကြောင်း နှင့် ထိုမှတဆင့် ကုလသမဂ္ဂ မှလည်း ဥပဒေမဲ့ အုပ်ချုပ်နေသည့် နအဖအား အရေးယူရန် ကျွန်ုပ်တို့  မနားတမ်း တောင်းဆို သွားမည် ဖြစ်ကြောင်း ကြိုတင် အသိပေးလိုက်သည်။
အမေရိကန်နိုင်ငံသား ဒေါ်အောင်ဆန်းစုကြည်၏ အိမ်တွင်းသို့  ၀င်သွားသည့် ကိစ္စနှင့် ပတ်သက်၍ ကြားဝင် ဖြေရှင်းပေးပါရန် အမေရိကန်အစိုးရအားလည်း ကျွန်ုပ်တို့ က မေတ္တာရပ်ခံ လိုက်သည်။
ဆက်လက်၍ ၁၉၉၁ ငြိမ်းချမ်းရေး နိုဘလ်ဆုရှင်နှင့် အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်အား နိုင်ငံတကာရှိ ပြည်သူအပေါင်းက ဒေါ်စု ပြောကြားခဲ့သော စကားများ သတိရ၍ ညီညွတ်စွာ ထကြွကြပါရန် လေးစားစွာ ပန်ကြား အပ်ပါသည်။
Immediate Release
Burma Point Condemns Trial of Daw Aung San Suu Kyi
Burma Point is deeply concerned by the recent news that Daw Aung San Suu Kyi, the leader of Burma’s freedom movement and winner of the Nobel Peace Prize, has been taken to Insein Prison to face trial this morning. Insein Prison is notorious for its torture of political prisoners. Burma Point is concerned that Daw Aung San Suu Kyi is at grave risk.
Burma Point, together with other human rights monitoring and advocacy organizations, has condemned the house arrest which has kept Daw Aung San Suu Kyi detained for 13 of the past 19 years. The UN Working Group on Arbitrary Detention has also ruled that the ruling military junta, the SPDC, is in violation of international and domestic law for her detention.
While it is not currently clear from the initial reports of Daw Aung San Suu Kyi’s lawyer, Kyi Win, what exactly these fresh charges consist of, they will likely pertain to a recent incident in which U.S. national John Yettaw was able to gain access to Daw Aung San Suu Kyi’s compound before being detained by Burmese military police.
Burma Point demands the immediate release of Aung San Suu Kyi and her personal physician, Dr. Tin Myo Win. Burma Point will lead in global protests against her detention until she is able to return home and granted freedom. Burma Point also asks that the UN and United States take actions to condemn such violations of human rights and mediate to help gain freedom for Daw Aung San Suu Kyi.
Finally, Burma Point calls upon the international community to rise up and show support for Daw Aung San Suu Kyi. The organization asks that activists around the globe remember her words: “Use your liberty to promote ours” because “we are prisoners in our own country”.
Media Contact:
Min Sun Min – 718-434-5292, 646-643-8689
Zachary Michaelson - 215-888-9686
Email: info@burmapoint.comThis e-mail address is being protected from spambots. You need JavaScript enabled to view it or oway_student@yahoo.com http://burmapoint.com/index.php
No comments:
Post a Comment