May 10, 2009 · No Comments
၁၀ မေ ရန်ကုန်၊ ၊Freedom News Group
Activists will be prays for Aung San Suu Kyi ill
ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး နှင့် လွတ်မြောက်ရေးအတွက်ဆုတောင်းပွဲတစ်ရပ်ကိုလာမည့် အင်္ဂါနေ့ တွင် လှုပ်ရှား တက်ကြွသူများက ပြည်သူများနှင့်ပူးပေါင်း၍တစ်နိုင်ငံလုံးအတိုင်းအတာအရ ပြုလုပ်သွားမည် ဟုသတင်းရရှိသည်။
ဒေါ်အောင်ဆန်းစုကြည်ကျန်းမာရေးနှင့် လွတ်မြောက်ရေးအတွက် သူမအားထောက်ခံသူများက ဘုရားတွင် ဆုတောင်းပေးကြမည်ဖြစ်ပြီး မည်သူမဆိုမိမိ အိမ်နှင့် အနီးဆုံး ဘုရားတွင် ဆုတောင်းနိုင် သည် တက်ကြွလှုပ်ရှားသူ ကို ကြည်မျိုးသောင်း က Freedom News Group သို့ ပြောသည်။
သူကဆက်လက်၍ “ကျွန်တော်တို့ ခေါင်းဆောင် ကို လွတ်စေချင်တာနဲ့  ကျန်းမာစေချင်တာပဲ တ ခြားရည်ရွယ်ချက်တွေ မပါဘူး အေး အေး ဆေးဆေး ဆုတောင်းပေးရုံပဲ ”ဟုပြောသည်။မြန်မာ နိုင်ငံ ပြင်ပမှာရှိနေသူတွေ ရော ပြည်တွင်းကသူ တွေပါ ဒေါ်အောင် ဆန်းစု ကြည်အတွက် အဲဒီနေ့ မှာဆု တောင်းပေးစေချင်တယ်”ဟုပြောသည်။
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်မှာ ယခုလအတွင်း မှာပင် ဖမ်းဆီးချုပ်နှောင်ထားမှု သက်တမ်းကုန် သွားပြီဖြစ်သော် လည်း စစ်အစိုးရက ပြန်လွှတ်ပေးမည့် လက္ခဏာမပြသချေ။ဒေါ်အောင်ဆန်းစုကြည်မှာ ရန်ကုန်မှ နောက်ဆုံးရ သတင်းများအရ အစာပင်မစား နိုင်တော့သော်လည်း ဆရာဝန် နှင့် တွေ့ ဆုံရခြင်းဆေးဝါးစောင့်ရှောက်ခွင့် တို့ ရရှိခြင်းတို့ မရှိ ဟုသတင်းများတွင်ဖေါ်ပြထားသည်။
http://longwalktofreedom.wordpress.com/2009/05/10/breaking-news-5/
No comments:
Post a Comment