Tuesday, May 19, 2009

ဒီညအတွက် အခြေအနေ….

May 19th, 2009 by admin
ဒီညအတွက်တော့ ဖမ်းဆီရန် ဒိုင်နာကားများနှင့်အခြားကားများစွာကို စာသင်ကျောင်းဝင်ထဲမှာရပ်ထားကြောင်းတွေ့ရပါသည်။ လုံခြုံးရေး လုံထိန်ရဲများလဲ စာသင်ကျောင်ထဲတွင် စခန်းချထားကြပါသည်။ ရန်ကုန်ဒေသခံများက မနေ့ကဖြစ်ရပ်တွေကိုအလွန်စိတ်ဝင်စားနေ ကြပါ သည်။ ပွဲစတင်ရင်တော့ ငါတို့လဲပါဝင် မည်ဟုလူတိုင်းကြိမ်းဝါးသံများကြားနေရပါသည်။ လူတိုင်းအဆင်သင့်ရှိနေကြသည်။ လုံးခြုံရေး-အင်အား- ကား - အလွန်ထူထပ်သောကြောင့် လူတိုင်းအကြောက်တရာလွမ်းမိုးခြင်းခံနေရသည်။ လူတိုင်းမကြေနပ်သံများထွက်ပေါ်နေကြသည်။ လူတွေကဘာတွေဖြစ်လာကြမလဲစောင့်ကြည့်နေကြပြီး တီးတိုးစကားသံများ လဲကြားရပါ သည်။ ကာရံထား သော လုံထိန်းရဲ များရှေ့တွင် မ ကြောက်မရွံရပ်နေကြသောကျောင်းသားများ၏ မြင်ကွင်းကို လူတိုင်မြင်သွားကြသည်။ ဒီသတင်းကိုကြားရသော ရန်ကုန် မြို့ခံလူများ သည်။အင်စိန်သို့သွားကြည့်ကြသောကြောင့်ထင်ထား သေးလူဦးရည်ထက်ပ ပိုများကြောင်း သိရပါသည်။ ညဖတ်တွင် လမ်းများပုံမှန် ဖွင့်ထား ကြပေမဲ့ လုံခြုံရေးအလွန်ထူထပ်နေပါသည်။ ကားများလူများ စစ်ဆေးခြင်း များပြုလုပ် နေကြသည်။ ရန်ကုန်တွင်အခြားသောကောလဟာလ သတင်းများလဲအလွန် ကြားနေရပါသည်။ လူတိုင်းဒီသတင်းကိုစိတ်ဝင်စားကြ သည်။ အင်စိန်ထောင်ပတ်ဝန်းကျင်တွင် လုံခြုံရေးများ ချထား ကြသည်။ ထောင်တွင်းဝန်ထမ်း အိမ်ယာများကို သတိပေး စာများထုတ် ထားကြောင်းသိရသည်။
အထက်ပါ အကြောင်းအရာများအားရန်ကုန်နတ် ရေးသားတင်ပြခြင်းဖြစ်ပါသည်။

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်