Thursday, May 21, 2009

မေလ ၂၁ ရက် တရားခွင် သတင်း

မေလ ၂၁ ရက် တရားရုံးချိန်း က ဘာမှမထူးခြားပါဘူး
ယက်တော အန်တီ အိမ်ဝင်တုန်းရိုက်လာတဲ့ ဗီဒီယို ပြတယ် အဲ့မှာ အချိန်တော်တော် ကုန်ပါတယ်။ ပြီးတော့ သက်သေ ၄ ယောက်စစ်ပါတယ်။ ဦးဥာဏ်ဝင်းတို့ တောင်ရုံးကို ၄ နာရီကျော်မှရောက်လာပါတယ်။
ဒီနေ့ ဦးဥာဏ်ဝင်းတို့ကို နောက်ဖက်ကခေါ်ထုတ်သွားပါတယ်။ သူတို့ပြန်တာမသိပဲ အပြင်က လူတွေ ထိုင်စောင့်နေကြတာ တော်တော် ကြာပြီးမှ ဌာနချူပ် က ဖုန်းလှမ်းဆက်မှ သူတို့ပြန်လာကြရပါတယ်။

ညမှောင်လေလေ အန္တရာယ် ပိုများလေလေပါ။ ချောင်း အရိုက်ခံရနိုင်တဲ့ အခြေအနေ မျိုးပါ။
နအဖ ခန့် ထားတဲ့ စွမ်းအားရှင်တွေကို အရက်တွေ တိုက်ထားတာ မူးနေကြောင်း သိရပါတယ်။ မူးမူးရူးရူး နဲ့ လေးဂွတွေ ရော ပုလင်းကွဲတွေရော လက်ထဲကိုင်ပြီး ဟန်ရေးပြနေကြောင်း သိရပါတယ်။ လုံခြုံရေး တော်တော် တင်း ကြပ်ပါတယ်
ဒီနေ့ လာစောင့်သော လူထု လည်းမနေ့က ထက်များပြီး.ရဲကားကြီး ၃ စီးကားလေး ၄ စီးနဲ့ ပတ်တယောင် မောင်းနေပါတယ်။

သတင်းထောက်တွေ က အပြင်ကစောင့်နေပြီး ဦးဥာဏ်ဝင်းကားပေါ်က ဆင်းတာနဲ့ ၀ိုင်းအုံပြီး မေးသွားကြရပါ တယ်။ လာကြည့်သောလူတွေ ကိုမှတ်တမ်းတင်ဓါတ်ပုံရိုက်နေသောသူများလည်း အများအပြားရှိနေကြောင်း သတင်းရရှိပါတယ်။

No comments:

Post a Comment