Sunday, May 10, 2009

သတင်းစာရှင်းလင်းပွဲတဲ့ ဗျို့ ..ကျော်ဆန်း တံထွေးထွက်အောင် ညာဖြန်းတော့မယ်

ဒေါ်စု အိမ်ဝင်ရောက်သည့် ဗီယက်နမ်စစ်ပြန်နှင့် ပတ်သက်၍ စစ်အစိုးရ သတင်းစာရှင်းလင်းပွဲလုပ်မည်
May 10, 2009 ၁၀ မေ ရန်ကုန်၊ ၊တင်ကျော်ကျော်စိုး

ဒေါ်အောင်ဆန်းစုကြည် အိမ်သို့ ခိုးဝင်သည် ဆိုသည့် အသက် ၅၃ နှစ် အရွယ်ရှိ ရေကူးသမား ဗီယက်နမ် စစ်ပြန် Mr .John Willam Yettaw နှင့်ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲပြုလုပ်တော့မည်ဟု ပြန်ကြားရေး သတင်းရပ်ကွက်ကို ကိုးကားပြီး ရန်ကုန်စာနယ်ဇင်း အသိုင်းအ၀ိုင်းတွင် ထွက်ပေါ်နေသည်။

စစ်ထောက်လှမ်းရေး ၏ စစ်ဆေးမေးမြန်းခံနေရသည့် Mr.John William Yettaw ၏ စစ်ကြောချက်နှင့်ပတ်သက်ပြီး စစ်အစိုးရ လိုလား သည့် သာကီနွယ် ဘလောက်တွင် ဖေါ်ပြထားမှုများပါရှိလာသည်။သာကီနွယ် ဘလောက်တွင် နိုင်ငံခြားသားမှာ ယခင်အခေါက်ကည်း ဒေါ်စုအိမ်သို့ ယခုလိုပင် ၀င်ရောက်ခဲ့ဖူးသည်ဟု ဖေါ်ပြထားသည်။

စစ်အစိုးရ လိုလားသည့် အင်တာနက်ဘလောက်စာမျက်နှာများတွင် ဒေါ်အောင်ဆန်းစုကြည်၏ ပုဂ္ဂိုလ်ရေးနှင့် ပတ်သက်၍ တိုက်ခိုက်မှု များရှိလာပြီး အဖြစ်မှန်ကို မူ စစ်အစိုးရ သတင်းစာရှင်းလင်းပွဲ ထက် Mr.John William Yettaw ပြန်လွတ်လာမှ သဲသဲကွဲကွဲသိနိုင်မည်ဟု ရန်ကုန် အခြေစိုက် စာနယ် ဇင်းသမားတစ်ဦးက Freedom News Group သို့ ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် အိမ်သို့ ရေကူးဝင်ရောက်သည့် အမေရိကန် ပတ်(စ)ပို့ ကိုင်ဆောင်ထားသူ အား ရန်ကုန်ရှိ အမေရိကန်သံရုံးမှ တွေ့ ခွင်တောင်းရာ စစ်အစိုးရမှ အကြောင်းမပြန်ဟု သိရသည်။
http://longwalktofreedom.wordpress.com/2009/05/10/%E1%80%B1%E1%80%92%E1%81%9A%E1%80%85%E1%80%AF-%E1%80%A1%E1%80%AD%E1%80%99%E1%80%B9%E1%81%80%E1%80%84%E1%80%B9%E1%80%B1%E1%80%9B%E1%80%AC%E1%80%80%E1%80%B9%E1%80%9E%E1%80%8A%E1%80%B9%E1%80%B7-%E1%80%97/#more-2925

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်