Thursday, May 7, 2009

နိုင်ငံရေးလုပ်သူတွေ သတိထား.. ထမီရုတ်မှုနဲ့ ထောင်ချမယ်တဲ့

နိုင်ငံရေး အမူနှင့် တရားမစွဲဆိုရန် ညွှန်ကြားချက်ထုတ်

နိုင်ငံရေးနှင့် ဆက်စပ်၍ ဖမ်းဆီးခံရသူများကိုတခြားအမှုနဲ့ထောင်ချရန် ကြိုးပမ်းနေ
အမည်မဖေါ်လိုသူ ရခိုင်အမျိုးသား ရဲအရာရှိ တဦးက “အဓိကတော့ မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသား မရှိဘူးဆိုတာကို နိုင်ငံတ ကာကို တင်ပြလိုတဲ့ အတွက် နိုင်ငံရေးကြောင့် ဖမ်းဆီးခံရတဲ့ သူတွေကို နိုင်ငံရေး ပြစ်မူတပ်ပြီး တရားမစွဲဆိုဖို့ အထက်က ညွှန်ကြားချက် ထုတ်ထားတာ ဖြစ်ပါတယ်”ဟုပြောသည်။
ရခိုင်ပြည်နယ်အတွင်း နိုင်ငံရေး အဖွဲ့အစည်းများနှင့် ဆက်စပ်၍ ဖြစ်စေ နိုင်ငံရေးကြောင့် ဖြစ်စေ ဖမ်းဆီး ခံရသူများကို နိုင်ငံရေး ပုဒ်မတပ်ပြီး တရား မစွဲဆိုရန် သက်ဆိုင်ရာမှ ညွှန်ကြားချက် ထုတ်ထားသည်ဟု သိရသည်။
“လတ်တလော ထောင် (၅) နှစ်ချမှတ်ခံရတဲ့ ရဲအငြိမ်းစား ကိုမြတ်ထွန်းကို ပြည်ပ အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်တယ်၊ တရားမ၀င် စာရွက် စာတန်းတွေ လက်ဝယ်တွေ့တယ် ဆိုတဲ့ အမူတွေနဲ့ တရားမစွဲဆိုဘဲ နိုင်ငံခြားကို တရားမ၀င် သွားလာတယ်ဆိုတဲ့ လ၀က အမူ ၁၃ (၁) နဲ့ တရားစွဲပြီး ထောင် (၅) နှစ် ချမှတ်လိုက်တာ ဖြစ်ပါတယ်။ လ၀က အမူမှာ ထောင် (၅) နှစ်ဆိုတာ တော်တော်မြှင့်ပါတယ်။ တခြားသူတွေကိုလည်း ခုလိုဘဲ ပြစ်ဒဏ်ချမှတ်နေတာ ဖြစ်ပါတယ်”ဟု ရဲ အရာရှိက ပြောသည်။
ရခိုင်ပြည်နယ်ရှိ ရဲတပ်ဖွဲ့ဝင်များ အနေဖြင့် အထက်မှ ညွန်ကြားချက်အရ နိုင်ငံရေး လှုပ်ရှား ဆောင်ရွက်သူများကို နိုင်ငံရေး ပြစ်မူ မတပ်ဘဲ တခြား လ၀ကမူ အပါအ၀င် ရာဇ၀တ်မူများနှင့် ပုဒ်မတပ်ကာ တရားစွဲ ဆိုနေသည်ဟု သိရသည်။
ရခိုင်ပြည်နယ်အတွင်း နိုင်ငံရေးကြောင့် ဖမ်းဆီးခံရသူ ၅ ဦးထက်မနည်းကို နိုင်ငံရေး ပုဒ်မတပ်ကာ တရားစွဲဆိုခြင်း မရှိဘဲ နိုင်ငံခြားသို့ တရားမ၀င် သွားလာမူ လ၀က မူနှင့် တရားစွဲဆိုပြီး များမကြာမှီက ပြစ်ဒဏ်ချမှတ်ခဲ့သည်။
ရခိုင်ပြည်နယ်အတွင်း နိုင်ငံရေး အဖွဲ့အစည်းများနှင့် ဆက်စပ်၍ ဖြစ်စေ နိုင်ငံရေးကြောင့် ဖြစ်စေ ဖမ်းဆီး ခံရသူများကို နိုင်ငံရေး ပုဒ်မတပ်ပြီး တရား မစွဲဆိုရန် သက်ဆိုင်ရာမှ ညွှန်ကြားချက် ထုတ်ထားသည်ဟု သိရသည်။
http://www.geocities.com/ag_naingoo2001/Free_DASSK.html

No comments:

Post a Comment