Freedom News Group!မှသတင်း၊ကရင်ပြည်နယ် ဖားအံမြို့ အရှေ့တောင်ဘက်ရှိ ကော့ကျိုက်တွင် မွန် နှင့် ကရင် လူမျိုးများ ပဋိက္ခဖြစ်ပွားနေသည် ဟုသိရသည်။တောင်ယာ ကိစ္စ နှင့် ပတ်သက်၍ အချင်းများရာမှ ဧပြီလ နောက်ဆုံးပတ်ကစပြီး ကိုယ်ထိလက်ရောက် တုံ့ ပြန်မှုများရှိလာသည် ဟုသိရသည်။
မွန်-ကရင် ရွာသားများ ပဋိပက္ခကို ကော့ကျိုက် အခြေစိုက် ခြေလျှင်တပ်ရင်းမှ လာရှင်းပေးမည်ဟု ပြောသော် လည်း ယခုထိ လာရောက် မရှင်းပေးသေးပဲ ထိုရွာမှ အပြစ်မဲ့ရွာသား နှစ်ဆယ်ခန့် ကို ရဲက လာရောက်ဖမ်းဆီးသွားသည် ထွက်ပြေးလာသော ထိုရွာသားတစ်ဦးက Freedom News Group
သို့ ပြောပြသည်။
ကရင်ပြည်နယ် ၏မြိုတော် ဖားအံတွင်လည်းဒီကေဘီအေမှ ဦးစီးကျင်းပသော အာဝါဒေးပွဲများနေ့ စဉ် ရက်ဆက်ရှိလာခြင်းကြောင့် လူငယ်များစာရိတ္တပျက်ပြားလာကာလုယက်မှုများရှိလာသည် ဟုသိရသည်။
ဧပြီလ ၃၀ ရက်နေ့ ကလည်းကမ်းနားတွင် သမီးရည်းစားနှစ်ဦးချိန်းတွေ့ နေရာ သို့ လူသုံးဦး
ရောက်ရှိလာပြီးနောက် ဆိုင်ကယ်၊ပိုက်ဆံအိတ် နှင့် ဆွဲကြိုးကို လုယူပြီးနောက် အသေ
ဝိုင်းဝန်းရိုက်နှက်သဖြင့် လူငယ်မှာ ဦးဏှောက်တွင် ထိခိုက်ဒဏ်ရာဖြင့် ဖားအံ ဆေးရုံသို့ အရေးပေါ်ပို့ ဆောင်ရကာ ယခု ဦးဏှောက်ပျက်ပြီး အာရုံကြောများချို့ ယွင်းသွားသည် ဟုသိရသည်။အမျိုးသမီးမှာမူ အနီးရှိ စစ်မှုထမ်းဟောင်း ဘီယာဆိုင် သို့ ဝင်ပြေးသောကြောင့် အသက်ချမ်းသာ ရာရသည် ဟုသိရသည်။
ဖားအံရဲ စခန်းက ထိုအကြမ်းဖက်လုယက်မှုကို အမှုဖွင့် အရေးယူထားသော်လည်း တရားခံများကို မမိသေး ဟုသိရသည်။ရိုက်နှက်ခံရသော သမီးရည်း စားနှစ်ဦးမှာ မော်လမြိုင် တက္ကသိုလ် နှင့် ဖားအံတက္ကသိုလ်တွင် ပညာသင် ယူနေသူများဖြစ်သည်။
ဖားအံတွင် လုယက်မှု ဖောက်ထွင်းမှု နှင့် ခိုးမှုများမှာ နေ့ စဉ် ဆိုသလိုရှိပြီး ထိုရာဇ၀တ်မှုများသည်
အာဝါဒေး ပွဲများတွင် ငွေကြေးဆုံးရှုံးသူများ က ကျူးလွန်ကျခြင်းဖြစ်သည်။
မေလ ၄ ရက်နေ့ ကလည်း ဖာအံမြို့လည် ရှိ စီးပွားရေးဘဏ်ရှိရာ သဇင်လမ်းတွင် ငွေထုတ်ပြီးထွက်လာသူ ကို လုယက်မှု ဖြစ်ပွားခဲ့သေးသည်။ယခင်က အာဝါဒေးပွဲများမှာ ပွင့်လင်းရာသီ အစ ပိုင်းလောက်တွင်သာ ရှိသောလည်း ဒီကေဘီအေ ဗိုလ်ချုပ်ကျော်သန်း ၏ အမိန့် ဖြင့် တစ်နှစ်လုံးကျင်းပကာ ထိုပွဲများမှာ ဖားအံ မြို့လည်တွင် ကျင်းပသည်။
ဖားအံမြို့သည် မဲဆောက်-မြ၀တီ-ရန်ကုန် ကုန်သွယ်မှု တွင်အချက်အချာကျသောမြို့ဖြစ်သဖြင့်
တည်းခိုခန်းများထွန်းကားလာ မှုတွင် အခြေပြုကာ ပြည့်တန်ဆာဈေးကွက် လည်းကြီးထွားလာ
သည်။ပြည့်တန်ဆာခန်းများ ဖွင့်ထားသော တည်းခိုခန်းများက ရဲစခန်းကို တစ်လျှင် လိုင်းကြေး
သုံးသိန်းပေးရပြီး ရံဖန်ရံခါတွင် ညတာဝန်မှုး အတွက်ပျော်တော်ဆက်ပေးရသည် ဟုသိရသည်။
ယခင် ဖားအံ ခယက ဥက္ကဌ ဦးခင်ကြူ ရှိစဉ်ကတည်းက ပြည့်တန်ဆာလုပ်ငန်းကို ခွင့်ပြုထားခြင်း
ဖြစ်သည်။ဗိုလ်ကြီး ကျော်ဇော ပိုင်ဆိုင်သော Tiger အမည်ရှိဧည့်ရိပ်သာ မှာမူပြည့်တန်ဆာလုပ်ငန်း ကို အဓိက ထားလုပ်ကိုင်ခြင်းဖြစ်သည်။စစ်ထောက်လှမ်းရေး နှင့်
နီးစပ်သည့် သံလွင်ဦး ၊ကမ်းသာယာ ၊ပါရမီ တည်းခိုခန်းများတွင် လည်းပြည့်တန်ဆာ လုပ်ငန်းကို
ပေါ်ပေါ်ထင်ထင် နီးပါးလုပ်ဆောင်ကြသည်။
ဖားအံ တွင် ဒီကေဘီအေ တပ်များက သေနတ်ကိုင်ဆောင်ကာ သွားလာခွင့်ရှိသဖြင့် ဒေသခံပြည်သူများက ၎င်းတို့ကို စစ်တပ် နည်းတူ စောဒက မတက်ရဲ ဟုသိရသည်။ဖားအံမြို့ပေါ်ရှိ အထက်တန်းကျောင်းဆရာတစ် ဦးကမူ ထိုသို့ လူသတ် လုယက်မှုများ ၏ နောက်ကွယ်
တွင် ဒီကေဘီအေ ခေါ် တိုးတက်သော ကရင် ဗုဒ္ဓဘာသာ တပ်မတော်ရှိနေသည်ဟု ဆိုသည်။
No comments:
Post a Comment