သက်ဆိုင်သူများသို့…
ကျနော်တင်ပြတာကတော့ ဒုက္ခပင်လယ်အောက်ရောက်နေတဲ့ လူထုကြီးထဲမှာအဓိကအကျဆုံး စိတ်ဓါတ်ပြုပြင်နိုင်ဖို့၊ ပြောင်းလဲနိုင်ဖို့လိုတယ်၊ ဒီလောက်ဒုက္ခပင်လယ်နဲနေရတာက စစ်အာဏာရှင်တွေ ကျင့်ပေးထားတဲ့ ရိုက်သွင်းထားတဲ အတွေးအခေါ်အယူအဆအမှားတွေ၊ ညစ်ညမ်းတဲ့စိတ်ဓါတ်တွေ၊ အကျင့်ပျက်ချစားမှုတွေ မိမိနဲမိမိပတ်ဝန်းကျင်မှာ ရှင်သန်နေလို့ဖြစ်ပါတယ်။ ဒါကို ဖောက်ထုတ်လို့ မရသ၍ ပြောင်းလဲလို့ရမှာ မဟုတ်ဘူး၊ တိုးတက်မှာမဟုတ်ဘူး၊ စစ်အစိုးရအောက် ဘယ်လိုရပ်တည်ရှင်သန်ရမလဲ လူတိုင်းလိုလို နိုင်ငံသားတိုင်းလိုလို သိနေကြပါပြီ။
ဒီနေရာမှာ ပုံစံ (၂)ခုထွက်ပေါ်လာတယ်… လူဂုဏ်သိက္ခာရှိရှိလူဘ၀ကိုဖြတ်သန်းဖို့ တန်ဖိုးထားသူရယ်၊ ထမင်းစာဖို့ အသက်ရှင်တတ်သူရယ် ဆိုတာဘဲဖြစ်တယ်။ အသက်ရှင်သန်ဖိုလူတိုင်းလိုလားကြတယ် ဆိုပေမယ့် ဂုဏ်သိက္ခာမဲစွာနဲမရပ်တည်လိုသူတွေက တော်လှန်ဖို့ ပြောင်းလဲဖို့ အမှန်တရားရှာဖွေဖို့ အမှားကိုလက်ပိုက် မကြည့်ဖို့ တိုက်တွန်းတယ် တောင်းဆိုတယ် ပူးပေါင်းဆောင်ရွက်တယ် ဦးဆောင်တိုက်ပွဲဖော်တယ်။
စိတ်ဓါတ်ပျက်ပြားနေတဲ့မျိုးဆက်တွေနဲအကျင့်ပျက်နေတဲ့ပြည်သူတွေကတော့ ရိုက်သွင်းထားတဲ့အတွေးအခေါ် အယူအဆအမှားတွေခေါင်းထဲကမောင်းမထုတ်နိုင်ဘဲ၊ ဒါကလဲ နှစ်ရှည်လများ လေ့ကျင့်ပေးထားခဲ့တော့ အမှားကိုအမှန်ထင်ပြီး အမှန်ကိုအမှားမြင်သွားတတ်ကြလို့ပေါ့… တွေတဲလူနဲတည့်အောင်ပေါင်းပြီး ထမင်းတလုပ်စားရဖို့လောက် စိတ်ကူးရှိနေတယ်ဆိုရင် တိရစ္ဆာန်ဆိုတဲ အိပ်-စား-ကာမဘဲသိတဲ့ သတ္တ၀ါနဲလူသား ဘယ်လိုကွာခြားတော့မှာလဲ သေချာစဉ်းစားပါ၊ ဒါကြောင့် ဘုရားပေါင်းမြောက်များစွာက မလုပ်ထိုက်တာရယ် မပေါင်းသင်းထိုက်တာရယ် မလုပ်ကြဖို့ မပေါင်းအပ်သူနဲမပေါင်းကြဖို့ မိန့်ကြား ဆုံးမခဲ့ကြတာပါ၊ ဒါပေမယ့် မြန်မာနိုင်ငံမှာ ဆိုရှယ်လစ်တစ်ပါတီအာဏာရှင်စနစ်အောက်မှာထွက်ပေါ်လာတဲ့ ဆောင်ပုဒ်က တွေ့တဲလူနဲ တည့်အောင်ပေါင်း ရတာလေးနဲ ၀အောင်စား ရှိတာလေးနဲ လှအောင်ဝတ်တဲ့ ဒါဆိုရင်လူဘ၀တိုးတက်မှုကို လူတွေရှာဖွေမှု မပြုကြဖို့နဲ လူဆိုတဲ့အဓိပ္ပါယ်ဖွင့်ဆိုချက်ကိုလဲ ရှင်းလင်းစွာ စဉ်းစားလိုမရအောင်လို့ ဖန်တီးမွေးမြူ ပေးခဲ့တာဘဲဖြစ်မယ်။
လူဆိုတာ ထမင်းစားဖို့တစ်ခုတည်းရပ်တည်ရှင်သန်ကြတာမဟုတ်ပါဘူး၊ ဒီနေရာမှာ လူတန်းစားခွဲခြားထားပုံကို အနည်းငယ်တင်ပြချင်တယ်။ ကျနော်နားလည်ထားတဲ့ လူတန်းစားအလွှာ (၄)မျိုးရှိတယ်… အောက်ဆုံးအလွှာက (၁) ၀မ်းဝရေးဘဲစဉ်းစား လုပ်ဆောင်တယ်၊ (၂) အခွင့်အရေး-အခွင့်အလမ်း စဉ်းစားရှာဖွေလုပ်ဆောင်တယ်၊ (၃) တိုးတက်ပြောင်းလဲမှုကို စဉ်းစားကြံဆောင်ပြီး အကောင်အထည်ဖော်တယ်၊ (၄) အနာဂတ်အာမခံချက်ရှိရေး စဉ်းစားရှာဖွေကြံဆကြိုးပမ်း နေတယ်၊ ဒါနဲတဆက်တည်းသိဖို့က ငါအတွက်ဘဲလုပ်နေသူအဆင့်တိုင်းမှာ ရှိနိုင်သလို၊ ငါနဲငါ့မိသားစု အတွက်လဲရှိနိုင်တယ်၊ ပြီးတော့ ငါ-ငါ့မိသားစု-ငါ့ပတ်ဝန်းကျင်နဲ ငါတို့ပတ်ဝန်းကျင် ငါတို့နိုင်ငံ-ငါတို့ကမ္ဘာကြီးအတွက်ဆိုပြီး ရည်ရွယ်ချက်ကောင်းတွေ မွေးမြူလေ့ကျင့် ကြိုးပမ်းနေကြသူတွေလဲ ရှိပါတယ်။
လက်ရှိမြန်မာနိုင်ငံမှာဘယ်လိုအတန်းအစားအလွှာနဲဘယ်လိုရည်ရွယ်ချက်ထားပြီး အသက်ရှင်သန်နေတဲ့ လူတွေများသလဲလို့ စမ်းစစ်ကြည့်ကြဖို့လိုအပ်နေသလို မိမိကိုယ်တိုင်လဲ ဘယ်အတန်းအစား ဘယ်ရည်ရွယ်ချက် ဘယ်လိုကြိုးပမ်းမှုတွေနဲ လူအဖြစ်ရပ်တည်ရှင်သန်နေလဲ ပြန်လည်မေးခွန်းထုတ်ကြဖို့တိုက်တွန်းရင်း…
ညိမ်းမောင် (၂၀၀၉ခုနှစ် မေလ ၂၅ရက်-ရန်ကုန်မြို့)
Rest of your post
No comments:
Post a Comment