09 May 2009
နေအိမ်အကျယ်ချုပ်နဲ့ ထိန်းသိမ်းခံထားရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး မကောင်းဘူးလို့ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် (အဲန်အယ်လ်ဒီ) က ပြောပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ကို ပုံမှန် ဆေးဝါး ကုသပေးနေတဲ့ ဆရာဝန် ဖြစ်သူ ဒေါက်တာတင်မျိုးဝင်း လည်း အထိန်းသိမ်းခံ ထားရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးအခြေအနေနဲ့ ဒေါက်တာ တင် မျိုးဝင်း ဘာကြောင့် အထိန်းသိမ်းခံရတာလဲ ဆိုတာတွေကို ကိုကျော်ကျော်သိန်းက တင်ပြထားပါတယ်။
အခြေအနေကတော့ အတော့်ကို ရှုပ်ရှုပ်ထွေးထွေး ရှိနေတယ်လို့ပဲ ပြောရမှာပါ။ အဲန်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းကတော့ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး အခြေအနေနဲ့ပတ်သက်ပြီး သူသိထားတာကို အခုလိုပြောပြပါတယ်။
“ကျနော် သိသလောက်လေ လောလောဆယ် ဒေါ်အောင်ဆန်းစုကြည်က pressure low ဖြစ်နေတာပေါ့။ နောက်ပြီးတော့ ရေဓါတ် လျော့ နည်းတဲ့ အခြေအနေ တွေ့တယ်လို့ ပြောတယ်။ မနေ့ကပဲ အားဆေးသွင်းတယ်။ ဆက်ပြီးတော့လည်း သွင်းဖို့လိုတယ်လို့ ပြောတော့ အခု လောလောဆယ် ကျန်းမာရေးမကောင်းဘူးလို့ပဲ ပြောရမှာပေါ့။”
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆရာဝန် ဒေါက်တာ တင်မျိုးဝင်း က အဖမ်းခံထားရတယ်လို့ သတင်းတွေမှာ တွေ့ရပါတယ်။ အဲဒါနဲ့ပတ် သက်လို့ရော လောလောဆယ် ဒေါက်တာ တင်မျိုးဝင်း က အိမ်ပြန်ရောက်ပြီလား။ ဘာကြောင့် အဖမ်းခံရတာလဲ။ ဘယ်နေ့ကရော အဖမ်းခံရတာလဲ၊ -
“၇ ရက်နေ့မှာ တွေ့ဖို့ သူတို့ အဲဒီခြံနားကို သွားတယ်။ တွေ့ရမယ့်သဘော ပြောတယ်။ စောင့်ပါဆိုတာနဲ့ ညနေ ၅ နာရီ လောက်ထိ ဘာမှ မတွေ့ရဘူး။ မတွေ့ရတော့မှ ပြန်လာတယ်။ ပြန်လာပြီးတော့မှ လာခေါ်သွားတာ။ ၇ ရက်နဲ့ ညပိုင်း ၆ နာရီဝန်းကျင် လောက်မှာ ပြောစရာ ရှိလို့ ဆိုပြီး ခေါ်သွားတယ်။ ခေါ်သွားပြီးလို့ သုံးနာရီ လေးနာရီလောက် ကြာပြီးတော့ သူ ပြန်မလာရဘူး၊ သူ သုံးနေကျ ဆေးနဲ့ အ၀တ်အစား လာယူတယ်။ မနေ့က တခါ ၈ ရက်နေ့ပေါ့။ တခါ အ၀တ်အစား လာယူ တယ်။ မနေ့က ညအထိတော့ ပြန်မရောက်သေးဘူး။ ဆိုတော့ ဒါက under detention ပေါ့လေ။ ထိန်းသိမ်းခံထားရတဲ့ အခြေအနေမှာ ရှိပါတယ်။ ၈ ရက်နေ့ကျတော့ ဆရာ့ရဲ့ လက်ထောက် ဒေါက်တာ ပြုံးမော်အေး ကို ဒေါ်အောင်ဆန်းစုကြည် ကို ၀င်ရောက် ဆေးစစ်ခွင့် ပြုတယ်။”
ဟုတ်ကဲ့။ ရေကူးဝင်တဲ့ နိုင်ငံခြားသားနဲ့ပတ်သက်ပြီးတော့ နောက်ဆုံး ဆရာတို့ သိထားတာ ဘာများ ရှိပါသလဲခင်ဗျ။ -
“အဲဒါနဲ့ပတ်သက်ပြီးတော့ ဘာမှ သတင်းထပ် မရဘူး။”
သံရုံးက တွေ့ခွင့်တောင်းတယ် ဆိုပြီးတော့ ကျနော်တို့ သတင်းတွေမှာ တွေ့ရပါတယ်။ သံရုံးနဲ့လည်း တွေ့ခွင့်မရဘူး ပြောတယ်။ -
“သံရုံးကတော့ ကျနော်တို့လည်း မေးပါတယ်။ သံရုံးကတော့ သူတို့ ၀န်ကြီးဌာန နှစ်ခုပေါ့လေ။ ပြည်ထဲရေးနဲ့ နိုင်ငံခြားရေးကို မေတ္တာရပ်ခံထားတယ်။ ဘာမှ မထူးသေးဘူးလို့ သူတို့ ပြောပါတယ်။”
ဟုတ်ကဲ့။ မနေ့ကတုန်းက ရန်ကုန်ကလာတဲ့ သတင်းတပုဒ်မှာ ကျနော်တို့ တွေ့ရတာက ဒီ နိုင်ငံခြားသား ရေကူးဝင်လာတဲ့ ကိစ္စကို ဒေါ် အောင်ဆန်းစုကြည် သိတဲ့ဆိုတဲ့ သဘောမျိုး သတင်းမှာ တွေ့ရပါတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်က ဒါကို လက်မခံဘူးပေါ့နော်။ ဒါ တရားမ၀င်ဘူး ဆိုတာ ပြောတယ်။ ဆိုတော့ အဲဒီဟာလေးနဲ့ ပတ်သက်လို့ရော ဘာများ တခုခု ပြောနိုင်မလဲ။ သတင်းက အဲဒီနေရာမှာ တော်တော်လေး ရှုပ်ရှုပ်ထွေးထွေး ဖြစ်နေတာကို ကျနော်တို့ တွေ့ရတယ်ပေါ့။ -
“ကျနော်တို့က ဒေါ်အောင်ဆန်းစုကြည်နဲ့ အဆက်အသွယ် မရှိလို့ဗျ။ ဒေါ်အောင်ဆန်းစုကြည်နဲ့သာ အဆက်အသွယ်ရှိရင် သူက ကိစ္စ တွေကို အမှန်အတိုင်း ပြောတတ်တဲ့ ခေါင်းဆောင်ပါ။ မမှန်တာ မပြောဘူး။ မှန်တာပြောမှာပဲ။ ထိမ်ချန်မှာလည်း မဟုတ်ဘူး။ အဲဒီတော့ ခုနက သတင်းက သူ့ဆီက တိုက်ရိုက်ရတယ်ဆိုရင်တော့ ဒါ မှန်တယ်လို့ ပြောရမှာပဲ။ ဒါပေမယ့် ကျနော်တို့ မသိပါဘူးခင်ဗျာ။”
ဟုတ်ကဲ့။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ အခုချိန်မှာ ကိုယ့် ခေါင်းဆောင်တယောက် နေအိမ်အကျယ်ချုပ်ကျတယ်။ ဒီလို အဖြစ်အ ပျက်တွေ ဖြစ်နေတယ်။ အဲန်ကယ်လ်တို့အနေနဲ့ ဒီလိုအချိန်မှာ အဖြစ်ချင်းဆုံးပေါ့ လိုချင်တာက ဘာပါလဲခင်ဗျ။ အဖြစ်သင့်ဆုံးကရော ဘာလို့ ယူဆပါသလဲ။ -
“အဖြစ်ချင်ဆုံး အဖြစ်သင့်ဆုံးက ဒေါ်အောင်ဆန်းစုကြည်ကို နှစ်ပေါင်းကြာလှပြီ။ သိပ်ကောင်းတဲ့ အကြောင်းပြချက်လည်း မရှိဘဲနဲ့ ထိန်း သိမ်းနေတာ။ ဒီ ၂၇ ရက်နေ့ ဆိုရင်လည်း ၆ နှစ်ပြည့်ပါပြီ။ အဲဒီတော့ အခုလို ပြဿနာတွေ၊ လုံခြုံရေး ကောင်းတယ် မကောင်းတယ် တို့၊ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးတို့ ဒီလို အခြေအနေမျိုးမှာ ဒေါ်အောင်ဆန်းစုကြည် ကို လွှတ်ပေးခြင်းအားဖြင့် လက်ရှိ ကျနော်တို့ အုပ်ချုပ်ရေး စစ်ခေါင်းဆောင်များ အနေနဲ့လည်း ဂုဏ်သိက္ခာ ရှိပါတယ်လို့ အဲဒါပဲ ပြောချင်ပါတယ်။”
အဲန်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းပါ။
ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ချထားတဲ့အပေါ် တင်သွင်းခဲ့တဲ့ အယူခံလွှာကို မြန်မာစစ်အစိုးရက ဒီသီတင်းပတ် ထဲမှာ ပယ်ချထားပါတယ်။ ၂၀၀၃ ခှုနှစ်၊ မေလ ၃၀ ရက်နေ့က စစ်ကိုင်းတိုင်း၊ ဒီပဲရင်းမြို့နားမှာ အကြမ်းဖက် တိုက်ခိုက်ခံရပြီးတဲ့နောက် နေ အိမ်အကျယ်ချုပ် ချထားခဲ့တာမို့ ဒီလဟာ ထိန်းသိမ်းခံကာလ ခြောက်နှစ်ပြည့်မြောက်တဲ့လ ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း လက်ရှိဥပဒေ အရ ပြန်လွှတ်ပေးရတော့မယ့်အချိန် ရောက်နေပြီဖြစ်ပါတယ်။
ဒီကနေ့ညနေ မြန်မာစံတော်ချိန် ၄ နာရီလောက်က ဆက်သွယ်မေးမြန်းခဲ့ချိန် အထိတော့ ဒေါက်တာတင်မျိုးဝင်း အိမ်ပြန် မရောက်သေး သလို သူ့ကို ဘာကြောင့်ဖမ်းထားတယ် ဆိုတာကိုလည်း မသိရသေးပါဘူးလို့ မိသားစုဝင်တဦးက ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အိမ်ထဲ အင်းလျားကန်ကို ဖြတ်ပြီး ရေကူးဝင်ရောက်ခဲ့တယ် ဆိုတဲ့ နိုင်ငံခြားသားနဲ့ ပတ်သက်လို့ လည်း ရှင်းရှင်း လင်းလင်း မသိရသေးပါဘူး။ ဒီကနေ့ ရန်ကုန်ကလာတဲ့ အေပီသတင်းတပုဒ်မှာတော့ သတင်းစာထဲမှာ ဖော်ပြထားတဲ့ အဲဒီလူရဲ့ နောက် ဆုံးနာမည် စာလုံးပေါင်း လွဲနေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ပြောတာ ကို ကိုးကားဖော်ပြထားပြီး သူနဲ့တွေ့ခွင့်ရဖို့ သံရုံးက ကြိုးစားနေဆဲ ဖြစ်တယ်လို့ ဆိုထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး အခြေအနေ၊ နေအိမ်အကျယ်ချုပ် သက် တမ်း ပြည့်မြောက်တော့မယ့်ကိစ္စ၊ ဒေါက်တာတင်မျိုးဝင်းကို ထိန်းသိမ်း ထားတဲ့ကိစ္စ၊ ရေကူးဝင်ရောက်တယ် ဆိုတဲ့ နောက်ဆက်တွဲ အခြေအနေ စတာတွေနဲ့ပတ်သက်လို့ မြန်မာအာဏာပိုင်တွေ ဘက်ကနေ အခုချိန်ထိ ရှင်းရှင်းလင်းလင်း ပြောကြားတာမျိုး မတွေ့ရ သေးပါဘူး။ http://www.voanews.com/burmese/2009-05-09-voa4.cfm?rss=topstories
Saturday, May 9, 2009
ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး ချို့ယွင်း
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2009
(4093)
-
▼
May
(508)
- မြန်မာနိုင်ငံသား မူဆလင် ၅၂ ဦး ပြန်နှင်ထုတ်ခံရ
- ရုရှားရောက် အရာရှိငယ်တစ်ဦးဧ။် အမြင်နှင့် www.kar...
- အမေ့ မွေးနေ့  မမေ့ နဲ့ 
- သံဃာတော်သွေးနဲ့ရေးတဲ့ သမိုင်း
- မလေးရှားနိုင်ငံက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ...
- လွိုင်ကော်ထောင်တွင် နိုင်ငံရေးအကျဉ်းသားများ ကျန်းမ...
- ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ဖို့ အမေရိကန် ကာကွယ်ရေးဝ...
- သာသာထိုးထိုးလေး ပြောလိုက်ပါရစေ
- ခေတ်လူငယ်များ ရဲ့အမြင်နဲ့  မြန်မာပြည်..
- The Reclusive Burma
- အဖေ တည်ထောင်ပေးခဲ့ တဲ့ ပြည် အခု သူသာသိလျင်
- ဒေါ်အောင်ဆန်းစုကြည် ၆၄ နှစ်မွေးနေ့ သို့  ဆုတောင်းလွှာ
- Asia Protests Demand Immediate Release of Aung San...
- Support for Suu Kyi release
- Message for Aung San Suu Kyi
- အမေနဲ့  အတူ အားလုံးရှိတယ်
- ရဲဘော် တဦး မကဒတ အပေါ် သုံးသပ်ချက်
- Former president Jimmy Carter discusses about Mya...
- Online campaign gathers support for Myanmar's Suu Kyi
- စံပါယ် နှင့် အဖြူရောင်ကန်ပိန်း
- " မဟာဗျူဟာညီလာခံ” လာတက်ကြပါ..
- ဟုတ်ပါ့ မလား၊ ယုံရဲဘူး
- ဒေါ်ကြိုင်ကြိုင် ထီးတင်သည့် ဓနုတ် စေတီပြိုကျ၊ ၅၀ ထက...
- ဒေါ်အောင်ဆန်းစုကြည်..အကြောင်းဆွေးနွေးချက်
- (မေ ၃၀) ဒီပဲယင်း လုပ်ကြံမှု ကြီး (၆)နှစ် ပြည့် ၀မ...
- MoeMaKa Daily e Newspaper - 29th May 2009
- မေ၃ဝ ဒီပဲယင်း အရေးအခင်းနေ့ ၆နှစ်ပြည့် အထူး အစီအစဉ်...
- ခြေရာ နင်းသောသမီးနဲ့  ခြေရာဖျင်းတဲ့ သား..
- ဒီပဲယင်း ၆ နှစ်ပြည့် ကိုရီးယားတွင် ဆန္ဒပြ
- ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားတပ်ပေါင်းစု ရဲ့ မေတ...
- ပြောသာပြောရ. ဖိနပ်နဲ့ပေါက်မှာကြောက်လို့ မျက်နှာက ဇ...
- တရုတ်ပြည်က ထုတ်လုပ်တဲ့ အမျိုးသမီးသုံး ဆံပင်ခေါင်းစ...
- လာဘ်စား ငွေစားနေတဲ့ ထောင်ဝန်ထမ်းတွေ ကျ ဘယ်သူမှာတာဝ...
- အမိမြန်မာပြည် အတွက် မဲပေးကြပါ လက်ဆင့်ကမ်းကြပါ Vote...
- နအဖ ရိုက်သွင်းထားတဲ့ စိတ်ဓါတ်များ
- အမေ ရှိမှ..တိုင်းပြည်သစ်စမယ်
- မေ ၃၀ ဒီပဲယင်း လုပ်ကြံမှု ကြီး (၆)နှစ် ပြည့် ၀မ်း...
- Singapore သတင်းစာမှာဖေါ်ပြတဲ့ မြန်မာ့သတင်း
- အရူးကိုမီးဝိုင်းနေပြီ
- ဗိုလ်ချုပ် လမ်းစဉ်စ..ရရင်ရ..မရရင်ချမယ်..
- ဒီလို ကြေကွဲစရာတွေ တဖြေးဖြေး များလာနေခဲ့ပြီ
- MoeMaKa Daily e Newspaper - 28th May 2009
- ဘယ်သူပြောပြော မရှက်တဲ့ နအဖ..
- ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းလွှတ်..
- ဒါ လူအခွင့်အရေး ကိစ္စမဟုတ်ဖူးလား..သိသူကမေးနေပြီ
- အင်းစိန်ထောင်တွင်း ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး N...
- မေ၃၀ ဒီပဲယင်းအရေးအခင်းနေ့ ၆နှစ်ပြည့် အထူးအစီအစဉ် အ...
- 28-05-2009 NLD(HQ) office မှ ဦးဥာဏ်ဝင်း၏ သတင်းစာလ...
- ပြည်သူ့ ရန်သူ နအဖနှင့် ဝေးဝေး ရှောင်ကြရန် ပြည်သူမျ...
- ပြည်သူကို အကျိုးပြုတဲ့ တပ်မတော်ပါ ကောင်းကျိုးမဟုတ်...
- မိမိ အသိစိတ်ဖြင့်လာရောက် ပူးပေါင်းကြ
- Report From Aung Lynn Htut
- ဓနုအမျိုးသားကောင်စီမှ
- မေ ၃၀ ဒီပဲယင်း လုပ်ကြံမှု ကြီး (၆)နှစ် ပြည့် ၀မ်း...
- John William Yettaw with SPDC craps
- ဥဏှောက်မဲ့ ခေါင်းဆောင် နှင့် အမျှော်အမြင်ရှိခေါင်း...
- ခွေး ၀ိုင်းအဆွဲ ခံနေရတဲ့  အာဇာနည် နှစ်ဦး
- (ဥဏှောက်က) ပညာကနဲနဲ အာဏာကများများ
- NLD မေ ၂၈ ၂၀၀၉ ကျေညာချက်
- မီးရှူးတိုင်ဟာ ပန်းတိုင်မရောက်ခင်မှာ ငြိမ်းမသွားဖိ...
- ပျားအုံတစ်အုံရဲ့ အရေးအခင်း
- အငိုဒုက္ခ တိုင်းပြည်
- ဒေါ်စု သတင်း
- မိုးမခ သတင်းစာဗျို့ 
- ညီညွတ်ကြစို့ 
- ယနေ့ အာဇာနည် နှစ်ယောက် ခွေးဆွဲသွားခြင်း
- ခုံရုံး တင်ရန် အတွက် တပ်လှန့်သံ
- မလေးရှားမှာလည်း ဒုက္ခ..ရှိတယ်
- Demonstration on 27th May 2009 in Phnom Penh, Camb...
- အာဇာနည် အမေ
- ရူးကြောင်ကြောင် လုပ်ရပ်နဲ့  ဖြုတ်ဦးနှောက်သာ ရှိသူ...
- ဒေါ်အောင်ဆန်းစုကြည်နှင့် နအဖ အမှု ဒိုင်ယာရီ
- တောင်းတဲ့ဆုနဲ့ အမြန်ဆုံးပြည့်ပါစေဗျာ
- ဒေါ်အောင်ဆန်းစုကြည်က တရားရုံးတော်သို့ ရေးသား တင်သွင...
- ရွေးကောက်ပွဲ နိုင်ခဲ့တာ နှစ် ၂၀တောင်နီးပေါ့.
- အမေစုကို ချစ်သူများ အတွက် www.64forsuu.org
- အာဆီယံမှ မြန်မာကို ဆိုင်းငံ့ရန် စင်္ကာပူအမတ်တောင်းဆို
- MoeMaKa e Newspaper - 26th May 2009
- ၁၉ နှစ်မြောက် ရွေးကောက်ပွဲ အနိုင်ရသည့် အထိမ်းအမှတ်...
- သန်းရွှေ အမျိုးယုတ် ဗုံးလိုက်ခွဲနေသည် အားလုံး သတိနှ...
- It Did Happen in Burma - Record on Trial of DASSK ...
- Generation Wave မျိုးဆက်သစ်လူငယ်များရဲ့  (အခြေအနေမ...
- ပြည်သူ့ ထိုင်ခုံလု ထားတာ ၁၉ နှစ်ရှိပြီ ...
- Obama demands Suu Kyi's release
- အမေစု၏ ချေပချက်
- ဒေါ်စုသတင်းများ..
- ယုတ်တာလည်း ယုတ်တာပေါ့ အဲလိုကိုယ့်အရှက်ကိုယ်ခွဲတာမျ...
- ကြိုဆိုတယ်.အိုဘဲ့.ငြိမ်းချမ်းရေးဌက်ငယ်..
- အင်္ဂပူဘဲ တကယ်ပြောင်းတာလား..ဂူထဲဘဲ ရောက်သွားတာလား..
- ၁၉၉၀ မဲရွေးတာ...အောင်ပွဲ ရတဲ့နေ့ က ဒီနေ့ ..
- အကြံကုန် ဂဠုန်တော့ ဆားချက်နေပြီ..
- နဲတောင်နဲသေးတယ် ဗုံးပစ်ထဲ့ရမှာ
- KNU မှ လုံခြုံရေးကောင်စီ ထုတ်ပြန်ချက်ကို ကြိုဆိုခြင်း
- နအဖ..နွားအစိုးရ ဂွကျနေခြင်း
- Interview with Kasit Piromya, Foreign Minister of ...
- European ministers call for Suu Kyi release
- Afshin Rattansi with Aung San Suu Kyi's Biographer...
- အမေစုကို ချစ်ကြသူများ
- နအဖရဲ့ လိမ်ညာ လုပ်ကြံဇာတ်လမ်းတွေ ခင်းနေတာ မျက်စိနေ...
- နာမည်ကြီးတွေ ချစ်တဲ့ သိက္ခာရှိ သတ္တိရှိတဲ့ မြန်မာအမျ...
-
▼
May
(508)
No comments:
Post a Comment