၂၀၀၉ ခုနှစ် ဇွန်လ၂ရက် အင်္ဂါနေ့မှစပြီး ဗမာပြည်သူလူထု၏ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မွေးရက် ဇွန် ၁၉ ရက်ထိ စံပါယ်ကန်ပိန်း နှင့် အဖြူရောင်ကန်ပိန်းများ ပြုလုပ်ကြပါရန် လူငယ်ထုမှ စတင်လှုံ့ဆော်လိုက်သည်။
တိုင်းပြည်ပေါ်မှာ ဖြူဖြူစင်စင်တန်ဖိုးထားပြီး ပြသနာတွေကို ဖြူစင်စွာဖြေရှင်းဖို့ ဗမာပြည်သူလူထုတရပ်လုံးက လိုလားတောင်းတတယ်။
အဲဒီအတွက် အင်္ကျီအဖြူရောင်ဝတ်ပါ။
မတရားဖိနှိပ်ပြီး စံစားနေတာတွေ ဒီအချိန်မှာမဖြစ်သင့်တော့ဘူး။ မတရားအကျဉ်းကျ ခံစားနေရတာတွေကိုပစ်ပြီး တိုင်းပြည်နဲ့လူထုအကျပ်အတည်းများကို ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေးညှိနိုင်း အဖြေရှာပြီး ဖြေရှင်းဖို့ဗမာပြည်သူလူထုတရပ်လုံးက လိုလားတောင်းတတယ်။အဲဒီအတွက်= စံပယ်ပန်းပန်၊ ရင်ဘတ်မှာထိုးပါ။အဖြူရောင်အင်္ကျီတွေဝတ်ဆင်ပြီး၊ စံပါယ်ပန်းတွေကိုပန်ကြဖို့
စံပါယ်ပန်းတွေကို ဘုရားမှာကပ်လှူပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ဖို့
ဆုတောင်းပွဲများ ပြုလုပ်ကြရန် လူငယ်ထုမှ တိုက်တွန်းလိုက်သည်
No comments:
Post a Comment