နေအိမ်အကျယ်ချုပ်ကျနေတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို ဆက်ပြီးထိန်းသိမ်းထားတဲ့အပေါ် ပြန်ပြီး သုံးသပ်ပေးဖို့ တင်သွင်းခဲ့တဲ့ အယူခံကို အစိုးရက ပယ်ချလိုက်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ပေးပါလို့ သူ့ရှေ့နေ
တွေက ဒီနေ့မှာ တောင်းဆိုလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အယူခံကို ဘယ်လို အကြောင်းပြချက်နဲ့ အစိုးရက ပယ်ချခဲ့ တာပါလဲ၊ အယူခံ ပယ်ချခံရတဲ့အတွက် အကျိုး ဆောင်ရှေ့နေတွေဘက်က ဘာတွေဆက်လုပ်ဖို့ ရှိသလဲဆိုတာကို ဒေါ်အောင်ဆန်း
စုကြည်ရဲ့ရှေ့နေ ဦးကြည်ဝင်းနဲ့ ဆက်သွယ်မေးမြန်းထားတဲ့ မနန္ဒာချမ်းက တင်ပြ ပေးထားပါတယ်။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အယူခံလွှာကို အစိုးရက ပယ်ချလိုက်လို့ အကျိုးဆောင်ရှေ့နေကြီး ဦးကြည်ဝင်းက ဒီကနေ့ပဲ သူကိုယ်တိုင် ရန်ကုန်မှာရှိတဲ့ အစိုးရ သတင်းတပ်ဖွဲ့ကိုသွားပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ပေးဖို့ တောင်းခံ ခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပြီး ရှေ့ဆက်လုပ်ရမယ့်ကိစ္စတွေကို ညှိနှိုင်းနိုင်ဖို့အတွက် တွေ့ခွင့်ပေးပါလို့ တောင်းဆိုခဲ့တာ ဖြစ်တဲ့အကြောင်းရှေ့နေကြီး ဦးကြည်ဝင်းက အခုလိုပြောပြပါတယ်။
“ဒီနေ့ သွားပြီးတော့ အယူခံလွှာကို ပလပ်တယ်ဆိုတဲ့အကြောင်း သွားသတင်းပို့ဖို့ဝင်ခွင့်တောင်းလိုက်တယ်။ ဘယ်နေ့ပေးမလဲမသိဘူး၊ ကျနော်ကတော့ မနက်ဖြန်သို့မဟုတ် သန်ဘက်ခါ တရက်ရက်ပေးပါလို့။ ဒေါ်အောင်ဆန်းစုကြည်ကို သွားပြီးပြောရမှာပေါ့ဗျာ၊ ပယ်လိုက်ပြီဆိုတဲ့အကြောင်းကို။”
ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက နေအိမ်အကျယ်ချုပ်သက်တမ်း တိုးမြှင့်ခဲ့တဲ့အပေါ်မှာ ပုဒ်မ ၂၀ အရ အရေးယူထားတဲ့ ကာလ အတွင်း အယူခံရှိတဲ့အတွက်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်ဆီကို ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ၉ ရက်နေ့ ကတည်းက အကျိုး ဆောင် ရှေ့နေတွေက တင်ထားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်အကြောင်းတစုံတရာ ပြန်ကြားခြင်းမရှိဘဲနဲ့ ဧပြီလ ၃၀ ရက် ပြီးခဲ့တဲ့ ကြာသ ပတေး နေ့ကမှ အယူခံလွှာကို ပယ်ချခဲ့တာဖြစ်တယ်လို့ ရှေ့နေကြီး ဦးကြည်ဝင်းက အခုလိုဆက်ပြောပြပါတယ်။
“ဒေါ်စုရဲ့အယူခံကို ၃၀ ရက် ၄ လက ပလပ်လိုက်တယ်။ အစိုးရအဖွဲ့က ဆုံးဖြတ်ချက်ကို အန်ကယ့်နာမည်နဲ့ သူတို့ ချိပ်တွေ ဘာတွေ ပိတ်ပြီး ပေးလိုက်တယ်၊ စာနဲ့ပို့တယ်။ နေပြည်တော်မှာသွားပြီး အန်ကယ်နဲ့ တွဲလုပ်နေတဲ့ ဦးလှမျိုးမြင့်က သွားယူရတယ်။
သွားယူတော့ သတင်းတပ်ဖွဲ့က လေယာဉ်ပျံနဲ့ သွားဖို့တို့ ဘာတို့ အားလုံးစီစဉ်ပေးပါ တယ်။ ရောက်တယ်၊ အဲဒီက စာကို ပေးတယ်၊ နေ့လယ် ၁၂ နာရီ ၁ နာရီလောက် ကျတော့ ပြန်လာတယ်၊ နေ့ချင်းပြန်ပဲ။”
ဒါ့အပြင် ရှေ့နေကြီး ဦးကြည်ဝင်းအနေနဲ့လည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့် ရလိမ့်မယ်လို့ မျှော်လင့်ထားတဲ့အကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက ထိန်းသိမ်းထားတဲ့ သက်တမ်းကာလကလည်း ပြည့်တော့မှာမို့ ဒေါ်အောင်ဆန်းစုကြည်နဲ့
ရှေ့ဆက်လုပ်စရာရှိတာတွေကို မေးမြန်းရမှာဖြစ်တယ်လို့ သူက ဆက်ပြောပြပါတယ်။
“ကျနော့်အထင် ဒါမျိုးကတော့ ပေးသင့်တာပေါ့ဗျာ။ သူတို့က ဆုံးဖြတ်လိုက်ပြီ၊ အယူခံ ပယ်တယ်။ ဆိုတော့ ဘယ်သူ့အယူခံပယ်တာလဲ၊ ကျနော့်အယူခံပယ်တာ မဟုတ်ဘူး လေ။ ဒေါ်အောင်ဆန်းစုကြည် အယူခံကို ပယ်တာကိုး။ အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည် အယူခံ ပယ်ရင် ဒေါ်အောင်ဆန်းစုကြည် သိခွင့်ရှိတာပေါ့၊ သိရမှာပေါ့။ အဲဒါဒေါ်စုနဲ့လည်း တိုင်ပင်ဦးမယ်။ ကျနော်တို့ လုပ်ဖော်ကိုင်ဘက် အချင်း ချင်းလည်း ပြန်တိုင်ပင်မယ်။ သို့သော် ပြောသာပြောတာပေါ့ဗျာ၊ ကျနော်မြင်တာက ဒေါ်စုကို တားဆီးထား တာက ၂၃ ရက်ပဲ ကျန်တော့တယ်။ ဆိုတော့ ကျနော်ထင်တယ် အချိန် ကတော့ သိပ်မကျန်တော့ဘူး။ အဲဒါကြောင့် ကျနော်တော့ ပေးမယ်ထင်ပါတယ်။”
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင်ရှေ့နေကြီး ဦးကြည်ဝင်း ပြောပြခဲ့တာ ဖြစ်ပါတယ်။
တကယ်တော့ စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၀၃ ခုနှစ် မေလ ၃၀ ဒီပဲယင်းအရေးအခင်း ပြီးကတည်းက ထိန်းသိမ်းခဲ့တာ အခုဆိုရင် ၆ နှစ်ပြည့်တော့မှာ ဖြစ်ပါတယ်။ သူ့ကိုထိန်းသိမ်းထားတဲ့ ဥပဒေအရ ထိန်းသိမ်းခွင့် ၅ နှစ်ပဲရှိတာ ဖြစ်ပါ တယ်။ ဒါကြောင့်လည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေက ဥပဒေအရ အစိုးရကမလွဲမသွေ လွှတ်ပေးရမှာဖြစ်တယ်လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ( ဗွီအိုအေ သတင်း )
Tuesday, May 5, 2009
ဒေါ်အောင်ဆန်းစုကြည် အယူခံလွှာ စစ်အစိုးရအဖွဲ့ ပယ်ချ
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2009
(4093)
-
▼
May
(508)
- မြန်မာနိုင်ငံသား မူဆလင် ၅၂ ဦး ပြန်နှင်ထုတ်ခံရ
- ရုရှားရောက် အရာရှိငယ်တစ်ဦးဧ။် အမြင်နှင့် www.kar...
- အမေ့ မွေးနေ့  မမေ့ နဲ့ 
- သံဃာတော်သွေးနဲ့ရေးတဲ့ သမိုင်း
- မလေးရှားနိုင်ငံက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ...
- လွိုင်ကော်ထောင်တွင် နိုင်ငံရေးအကျဉ်းသားများ ကျန်းမ...
- ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ဖို့ အမေရိကန် ကာကွယ်ရေးဝ...
- သာသာထိုးထိုးလေး ပြောလိုက်ပါရစေ
- ခေတ်လူငယ်များ ရဲ့အမြင်နဲ့  မြန်မာပြည်..
- The Reclusive Burma
- အဖေ တည်ထောင်ပေးခဲ့ တဲ့ ပြည် အခု သူသာသိလျင်
- ဒေါ်အောင်ဆန်းစုကြည် ၆၄ နှစ်မွေးနေ့ သို့  ဆုတောင်းလွှာ
- Asia Protests Demand Immediate Release of Aung San...
- Support for Suu Kyi release
- Message for Aung San Suu Kyi
- အမေနဲ့  အတူ အားလုံးရှိတယ်
- ရဲဘော် တဦး မကဒတ အပေါ် သုံးသပ်ချက်
- Former president Jimmy Carter discusses about Mya...
- Online campaign gathers support for Myanmar's Suu Kyi
- စံပါယ် နှင့် အဖြူရောင်ကန်ပိန်း
- " မဟာဗျူဟာညီလာခံ” လာတက်ကြပါ..
- ဟုတ်ပါ့ မလား၊ ယုံရဲဘူး
- ဒေါ်ကြိုင်ကြိုင် ထီးတင်သည့် ဓနုတ် စေတီပြိုကျ၊ ၅၀ ထက...
- ဒေါ်အောင်ဆန်းစုကြည်..အကြောင်းဆွေးနွေးချက်
- (မေ ၃၀) ဒီပဲယင်း လုပ်ကြံမှု ကြီး (၆)နှစ် ပြည့် ၀မ...
- MoeMaKa Daily e Newspaper - 29th May 2009
- မေ၃ဝ ဒီပဲယင်း အရေးအခင်းနေ့ ၆နှစ်ပြည့် အထူး အစီအစဉ်...
- ခြေရာ နင်းသောသမီးနဲ့  ခြေရာဖျင်းတဲ့ သား..
- ဒီပဲယင်း ၆ နှစ်ပြည့် ကိုရီးယားတွင် ဆန္ဒပြ
- ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားတပ်ပေါင်းစု ရဲ့ မေတ...
- ပြောသာပြောရ. ဖိနပ်နဲ့ပေါက်မှာကြောက်လို့ မျက်နှာက ဇ...
- တရုတ်ပြည်က ထုတ်လုပ်တဲ့ အမျိုးသမီးသုံး ဆံပင်ခေါင်းစ...
- လာဘ်စား ငွေစားနေတဲ့ ထောင်ဝန်ထမ်းတွေ ကျ ဘယ်သူမှာတာဝ...
- အမိမြန်မာပြည် အတွက် မဲပေးကြပါ လက်ဆင့်ကမ်းကြပါ Vote...
- နအဖ ရိုက်သွင်းထားတဲ့ စိတ်ဓါတ်များ
- အမေ ရှိမှ..တိုင်းပြည်သစ်စမယ်
- မေ ၃၀ ဒီပဲယင်း လုပ်ကြံမှု ကြီး (၆)နှစ် ပြည့် ၀မ်း...
- Singapore သတင်းစာမှာဖေါ်ပြတဲ့ မြန်မာ့သတင်း
- အရူးကိုမီးဝိုင်းနေပြီ
- ဗိုလ်ချုပ် လမ်းစဉ်စ..ရရင်ရ..မရရင်ချမယ်..
- ဒီလို ကြေကွဲစရာတွေ တဖြေးဖြေး များလာနေခဲ့ပြီ
- MoeMaKa Daily e Newspaper - 28th May 2009
- ဘယ်သူပြောပြော မရှက်တဲ့ နအဖ..
- ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းလွှတ်..
- ဒါ လူအခွင့်အရေး ကိစ္စမဟုတ်ဖူးလား..သိသူကမေးနေပြီ
- အင်းစိန်ထောင်တွင်း ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး N...
- မေ၃၀ ဒီပဲယင်းအရေးအခင်းနေ့ ၆နှစ်ပြည့် အထူးအစီအစဉ် အ...
- 28-05-2009 NLD(HQ) office မှ ဦးဥာဏ်ဝင်း၏ သတင်းစာလ...
- ပြည်သူ့ ရန်သူ နအဖနှင့် ဝေးဝေး ရှောင်ကြရန် ပြည်သူမျ...
- ပြည်သူကို အကျိုးပြုတဲ့ တပ်မတော်ပါ ကောင်းကျိုးမဟုတ်...
- မိမိ အသိစိတ်ဖြင့်လာရောက် ပူးပေါင်းကြ
- Report From Aung Lynn Htut
- ဓနုအမျိုးသားကောင်စီမှ
- မေ ၃၀ ဒီပဲယင်း လုပ်ကြံမှု ကြီး (၆)နှစ် ပြည့် ၀မ်း...
- John William Yettaw with SPDC craps
- ဥဏှောက်မဲ့ ခေါင်းဆောင် နှင့် အမျှော်အမြင်ရှိခေါင်း...
- ခွေး ၀ိုင်းအဆွဲ ခံနေရတဲ့  အာဇာနည် နှစ်ဦး
- (ဥဏှောက်က) ပညာကနဲနဲ အာဏာကများများ
- NLD မေ ၂၈ ၂၀၀၉ ကျေညာချက်
- မီးရှူးတိုင်ဟာ ပန်းတိုင်မရောက်ခင်မှာ ငြိမ်းမသွားဖိ...
- ပျားအုံတစ်အုံရဲ့ အရေးအခင်း
- အငိုဒုက္ခ တိုင်းပြည်
- ဒေါ်စု သတင်း
- မိုးမခ သတင်းစာဗျို့ 
- ညီညွတ်ကြစို့ 
- ယနေ့ အာဇာနည် နှစ်ယောက် ခွေးဆွဲသွားခြင်း
- ခုံရုံး တင်ရန် အတွက် တပ်လှန့်သံ
- မလေးရှားမှာလည်း ဒုက္ခ..ရှိတယ်
- Demonstration on 27th May 2009 in Phnom Penh, Camb...
- အာဇာနည် အမေ
- ရူးကြောင်ကြောင် လုပ်ရပ်နဲ့  ဖြုတ်ဦးနှောက်သာ ရှိသူ...
- ဒေါ်အောင်ဆန်းစုကြည်နှင့် နအဖ အမှု ဒိုင်ယာရီ
- တောင်းတဲ့ဆုနဲ့ အမြန်ဆုံးပြည့်ပါစေဗျာ
- ဒေါ်အောင်ဆန်းစုကြည်က တရားရုံးတော်သို့ ရေးသား တင်သွင...
- ရွေးကောက်ပွဲ နိုင်ခဲ့တာ နှစ် ၂၀တောင်နီးပေါ့.
- အမေစုကို ချစ်သူများ အတွက် www.64forsuu.org
- အာဆီယံမှ မြန်မာကို ဆိုင်းငံ့ရန် စင်္ကာပူအမတ်တောင်းဆို
- MoeMaKa e Newspaper - 26th May 2009
- ၁၉ နှစ်မြောက် ရွေးကောက်ပွဲ အနိုင်ရသည့် အထိမ်းအမှတ်...
- သန်းရွှေ အမျိုးယုတ် ဗုံးလိုက်ခွဲနေသည် အားလုံး သတိနှ...
- It Did Happen in Burma - Record on Trial of DASSK ...
- Generation Wave မျိုးဆက်သစ်လူငယ်များရဲ့  (အခြေအနေမ...
- ပြည်သူ့ ထိုင်ခုံလု ထားတာ ၁၉ နှစ်ရှိပြီ ...
- Obama demands Suu Kyi's release
- အမေစု၏ ချေပချက်
- ဒေါ်စုသတင်းများ..
- ယုတ်တာလည်း ယုတ်တာပေါ့ အဲလိုကိုယ့်အရှက်ကိုယ်ခွဲတာမျ...
- ကြိုဆိုတယ်.အိုဘဲ့.ငြိမ်းချမ်းရေးဌက်ငယ်..
- အင်္ဂပူဘဲ တကယ်ပြောင်းတာလား..ဂူထဲဘဲ ရောက်သွားတာလား..
- ၁၉၉၀ မဲရွေးတာ...အောင်ပွဲ ရတဲ့နေ့ က ဒီနေ့ ..
- အကြံကုန် ဂဠုန်တော့ ဆားချက်နေပြီ..
- နဲတောင်နဲသေးတယ် ဗုံးပစ်ထဲ့ရမှာ
- KNU မှ လုံခြုံရေးကောင်စီ ထုတ်ပြန်ချက်ကို ကြိုဆိုခြင်း
- နအဖ..နွားအစိုးရ ဂွကျနေခြင်း
- Interview with Kasit Piromya, Foreign Minister of ...
- European ministers call for Suu Kyi release
- Afshin Rattansi with Aung San Suu Kyi's Biographer...
- အမေစုကို ချစ်ကြသူများ
- နအဖရဲ့ လိမ်ညာ လုပ်ကြံဇာတ်လမ်းတွေ ခင်းနေတာ မျက်စိနေ...
- နာမည်ကြီးတွေ ချစ်တဲ့ သိက္ခာရှိ သတ္တိရှိတဲ့ မြန်မာအမျ...
-
▼
May
(508)
No comments:
Post a Comment