Monday, May 18, 2009

အသုဘ ကြွကြပါ..နီးစပ်ရာ လက်လမ်းမီသူများ..

တောင်ကိုရီးယားနိုင်ငံ၊ဂူမီးမြို့( 구미, 유성 자원 )မှ မြန်မာ အလုပ်သမား ကိုအောင်ကျော်သူ သည် ၂၃-၃-၂၀၀၉ ရက်နေ့ နံနက်ပိုင်းက စက္ကူအမှိုက်သိမ်း စက်ရုံ လုပ်ငန်းခွင်အတွင်း စက်ညပ်ပြီး ပြင်းထန်ဒဏ်ရာရရှိခဲ့ပါသည်။
ဒေဂူးမြို့ CATALIC University Hospital တွင် အတွင်းလူနာအဖြစ် ကုသနေရာမှ ၁၈-၅-၂၀၀၉ ရက်၊တနလာင်္နေ့ နံနက် ၅ နာရီ ၅၀ မိနစ်ခန့်တွင် ဘဝတပါးသို့ ကူးပြောင်းသွားပြီဖြစ်ပါသည်။
၎င်း၏ ကြွင်းကျန်ရစ်သောရုပ်ကလာပ် ကို ၂၄-၅-၂၀၀၉ ရက်၊ တနင်္ဂနွေ နေ့ တွင် ဖေါ်ပြပါဆေးရုံမှ ဒေဂူးမြို့ရှိ သုသာန်တွင် သဂြိင်္ုဟ်မည်ဖြစ်ပါ၍ သူငယ်ချင်းမိတ်ဆွေများအားလုံး အသုဘရှု လိုက်ပါနိုင်ရန် ဖိတ်ကြားအပ်ပါသည်။(အချိန်ကိုထပ်မံ ကြေငြာပါမည်)
စုံစမ်းရန်....ရွှေကမ္ဘာ မြန်မာစတိုး(ဒေဂူးမြို့)၊ဖုန်း-010.4717.5299
ကိုရွှန်းဝင့်နွယ်၊ဖုန်း-010.5132.5299

No comments:

Post a Comment