သောကြာနေ့၊ မေလ 22 2009 20:50 - မြန်မာစံတော်ချိန်
တောင်ကိုရီးယား သမ္မတဟောင်း ကင်ဒေးဂျုံက ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေး လှုပ်ရှားမှုများကို အထောက်အကူပြု သုံးစွဲနိုင်ရန်အတွက် ယနေ့တွင် မြန်မာ အတိုက်အခံများသို့ ဒေါ်လာငွေ တသောင်း လှူဒါန်းလိုက်သည်။
ပြည်ပရောက် မြန်မာ လွှတ်တော်အမတ်များနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) မှ ကိုယ်စားလှယ်များအား ဆိုးလ်မြို့ရှိ သူ၏ နေအိမ်သို့ ဖိတ်ခေါ်ကာ လှူဒါန်းငွေကို ပေးအပ်လိုက်ခြင်း ဖြစ်ကြောင်း ကိုရီးယားတိုင်းမ် သတင်းစာကြီး၏ အင်တာနက် ဝဘ်ဆိုဒ်တွင် ရေးသားထားသည်။
No comments:
Post a Comment