Thursday, April 2, 2009

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်ဖော်ဆောင်ရေးအဖွဲ့ (ဗဟို) Report

Friday, 3 April 2009
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်ဖော်ဆောင်ရေးအဖွဲ့ (ဗဟို) နှင့်တိုင်းနှင့်ပြည်နယ်များမှ လူငယ်အကူအညီ ပေးရေးအဖွဲ့တို့ ယခုလ (၂၆) ရက်တွင်တွေ့ဆုံညှိနှိုင်းပြီး လူငယ်ရေးရာများကို ပိုမိုလုပ်ဆောင်သွားနိုင်ရန်လူငယ် အကူအညီပေးရေးအဖွဲ့များကို တိုးချဲ့ဖွဲ့စည်း သွားမည်ဟုအဖွဲ့ချုပ်လူငယ်ဖော်ဆောင်ရေးတာဝန်ခံ ကိုအေးထွန်းက ပြောသည်။“ရန်ကုန်တိုင်းမှာဆိုရင် (၂၁) မြို့နယ်ဖွဲ့ပြီးသွားပြီ။ နောက်ထပ်ဖွဲ့မယ့်မြို့နယ်တွေလည်း ရှိပါတယ်။ ဖွဲ့ပြီး မြို့နယ်တွေထဲမှာလစ်လပ်နေတာတွေရှိတယ်။ လျော့ပါးနေတာတွေရှိတယ်။ အဲဒါတွေကို ကျနော်တို့တိုးချဲ့မယ်။ နောက်ပြီးတော့ အခုမှ အသစ်ဖွဲ့စည်းတဲ့ မြို့နယ်တွေရှိတယ်” ဟု၎င်းက ပြောသည်။သို့သော် ဖွဲ့စည်းသည့်အချိန်တွင် အနှောင့်အယှက် ကြုံရမှုမျိုးရှိကြောင်း၊ပြီးခဲ့သည့် စနေ၌ လူငယ် တာဝန်ခံတယောက်နှင့် အထက်မြန်မာ ပြည်ကတာဝန်ခံတဦးဖြစ်သည့် ကိုလှဦးတို့ စစ်ကိုင်းတိုင်း ရွှေဘိုသို့ သွားရာ၌အာဏာပိုင်များက ဆိုင်ကယ်များဖြင့် လိုက်လံကြည့်ရှုခဲ့ ကြောင်း ကိုအေးထွန်းကဆက်လက် ပြောသည်။

ယခုကဲ့သို့ နှောင့်ယှက်မှုများကို ဧရာဝတီတိုင်းအတွင်း၌လည်းပြုလုပ်လျက်ရှိပြီး လူငယ်တာဝန်ခံ ကိုဆပ်ခင်ဇော်လင်း လာရောက်ပါက သတင်းပေးရန် အာဏာပိုင်များက ဒေသတွင်း ရယကများကို ဖိအားပေးထားကြောင်းသိရသည်။ယင်းအခက်အခဲများကြားမှပင် ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်(၃) ခုတွင်လူငယ်အဖွဲ့များ ဖွဲ့စည်းထားနိုင်ခဲ့ပြီး ယခုလကုန်တွင် (၇) မြို့နယ်၌ထပ်မံဖွဲ့စည်းနိုင်မည်ဖြစ်ကြောင်း ကိုအေးထွန်းက ပြောသည်။၎င်းက “အာဏာပိုင်တွေရဲ့ ဖိနှိပ်မှုအများဆုံးဖြစ်တဲ့ ဧရာဝတီတိုင်းမှာတောင်အင်အားပြည့် ဖွဲ့စည်းထားနိုင်ခဲ့ပါ တယ်။ အာဏာပိုင်က ပိုဖိလာလေလေလူငယ်တွေရဲ့ စည်းရုံးရေးအားက ပိုကောင်းလာလေလေပဲ။ ဘာဖြစ်လို့လဲဆိုတော့နည်းပညာပိုင်းကို ဘယ်လိုမှ တားထားလို့ရတာမဟုတ်ဘူးလေ။ လူငယ်တွေက သတင်းကိုနည်းလမ်းပေါင်းစုံနဲ့ ရယူလာတယ်။ မတရားတာတွေကို ပိုပြီးသိလာကြတယ်။မခံချင်ဖြစ်လာကြတယ်။ အဲဒီအချိန်မှာ ကျနော်တို့ စည်းရုံးမှုတွေနဲ့ထိတွေ့ရင် သူတို့ဝင်လာကြတာပဲ” ဟု ရှင်းပြသည်။အဖွဲ့ချုပ်အနေဖြင့် လူငယ်ရေးရာများကို ပိုမိုလုပ်ဆောင်လျက်ရှိရာကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်နှင့်မန္တလေးတိုင်းတို့တွင်လည်း လူငယ်အကူအညီပေးရေးအဖွဲ့များတိုးချဲ့ဖွဲ့စည်းသွားမည်ဖြစ်သည်။မန္တလေးတိုင်း လူငယ် အကူအညီပေးရေးအဖွဲ့မှ ကိုမြင့်မော်က “လောလောဆယ် (၃)မြို့နယ်ဖွဲ့ပြီးသွားပါပြီ။ နောက်ထပ် (၇) မြို့နယ် ထပ်ဖွဲ့ဖို့နယ် တွေဆင်း ရဦးမှာပါ။ လူငယ်တွေဘက်က စိတ်ဝင်စားမှုရှိကြတာ တွေ့ရပါ တယ်။ကျနော်တို့က မြို့နယ် (၃၀) ကို ပြန်လည်ဖော် ဆောင် ရမှာလေ။ ဒီမှာတော့အနှောင့်အယှက်တွေ သိပ်မတွေ့ရသေးပါဘူး” ဟု ပြောသည်။မန္တလေးတိုင်း အဖွဲ့ချုပ် လူငယ်အကူအညီပေးရေးအဖွဲ့ဝင်များ သည် မနက်ဖြန်တွင်မြင်းခြံ၊ တောင်သာ၊ မိတ္ထီလာ၊ ကျောက်ပန်းတောင်း၊ ညောင်ဦး စသည့် မြို့နယ်(၇) ခုသို့ သွားရောက် လူငယ်ဖွဲ့စည်း ရေးကိစ္စများကိုဆောင်ရွက်ကြမည်ဖြစ်သည်။

NLD-LA(Aus)
http://nldlaaus.blogspot.com
www.nldlaaus.org မှ

No comments:

Post a Comment