ကြည့်ကျက်လုပ်ကြပါဦးခင်ဗျာ..ကူးစက်ရောဂါ တွေထက် သင်္ကြန်က အရေးမကြီးပါဖူး ဘဘကြီးတို့ ရေ..ငါ့ လက်က လွတ်.. ဗြွတ် တော့ မလုပ်လိုက်ပါနဲ့ .မလွန်ခင် ကာကွယ်ပေးပါခင်ဗျား..
သာကေတတွင် ဝမ်းရောဂါ ဖြစ်ပွား
မဇ္ဈိမသတင်းဌာန
တနင်္ဂနွေနေ့၊ ဧပြီလ 12 2009 23:24 - မြန်မာစံတော်ချိန်
ရန်ကုန် (မဇ္ဈိမ)။ ။ သာကေတ မြို့နယ်အတွင်းရှိ ရပ်ကွက်အချို့တွင် ဝမ်းရောဂါများ ဆိုးရွားစွာ ဖြစ်ပွားလျက် ရှိနေပြီး အနီးတဝိုက် မြို့နယ်များသို့လည်း ကူးစက်မှု စတင်နေသည်ဟု ရန်ကုန်တိုင်း ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူတဦး အပြောအရ သိရသည်။
ရန်ကုန်တိုင်း သာကေတမြို့နယ် ၃ ရပ်ကွက်၊ ၄ ရပ်ကွက်နှင့် ၆ ရပ်ကွက်တို့ အတွင်း ဖြစ်ပွားနေသော ဝမ်းရောဂါကြောင့် သေဆုံးသူ ၄ ဦးအထိ ရှိသွားပြီ ဖြစ်ပြီး မြို့နယ် ကျန်းမာရေး ဦးစီးဌာနမှ သာမက၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းကပါ သာကေတမြို့နယ်တွင် အခြေစိုက်စခန်း လာရောက် ဖွင့်လှစ်ထားရသည်။
"စဖြစ်တာကတော့ မတ်လ ၂၉ ရက်နေ့ကတည်းကပါ။ ... အဖြစ်များတာကတော့ အိမ်ထောင်စုတွေ စုပေါင်းစပ်ပေါင်း နေထိုင်ရတဲ့ ဝန်ထမ်းတန်းလျားတွေ၊ ဆိုင်ခန်းတွေ စုဖွင့်ထားတဲ့ သမသက်သာဆိုင်ခန်းလို နေရာမျိုးတွေက
အဓိကဖြစ်နေတာပါ။" ဟု ဝမ်းရောဂါကုသရေး အခြေစိုက်စခန်း ဖွင့်လှစ်ထားသော သာကေတမြို့နယ် အမှတ် ၃ ရပ်ကွက်ရှိ မြို့နယ် ကျန်းမာရေး ဦးစီးဌာနက တာဝန်ကျ ဝန်ထမ်းတဦးက ပြောပါသည်။
ဒေါ်ပုံ၊ သန်လျင်နှင့် ပုဇွန်တောင်မြို့နယ်တို့တွင်လည်း ဝမ်းရောဂါ ဖြစ်ပွားမှုများ ရှိနေသည်ဟု သိရသည်။
"အခြေအနေ မဆိုးတဲ့ သူတွေကိုတော့ ကျနော်တို့ဆီမှာပဲ ကုသပေးတယ်။ တချို့ကိုတော့ ဆေးပဲပေးပြီး ပြန်လွှတ်တယ်။ အရမ်း အခြေအနေ ဆိုးရွားတဲ့ သူတွေကိုတော့ ဂန္ဒီဆေးရုံနဲ့ ရန်ကုန် ဆေးရုံကြီးကို ဆက်ပို့ပါတယ်" ဟု သူက ပြောသည်။
ဝမ်းရောဂါ သတိပြုကြရန်ဟု သက်ဆိုင်ရာ ရပ်ကွက် အာဏာပိုင်များက အသံချဲ့စက်များဖြင့် လိုက်လံအော်ဟစ် သတိပေးမှုများ ပြုလုပ်လျက် ရှိသည်။
Rest of your post
No comments:
Post a Comment