မြန်မာနိုင်ငံ၏ အစိုးရရုံးစိုက်ရာ မြို့တော်သစ်ဖြစ်သော နေပြည်တော်တွင် အပြည်ပြည်ဆိုင်ရာ လေဆိပ်အသစ်ကြီးကို ဇန်နဝါရီလမှ စတင် ဆောက်လုပ်နေပြီဟု သိရသည်။
တစ်နှစ်လျှင် ခရီးသည် ၁၀.၅ သန်းခန့် အဝင်အထွက် ပြုလုပ်နိုင်မည့် လေဆိပ်အသစ်ကို ပုဂ္ဂိလ ကုမ္ပဏီတစ်ခုဖြစ်သည့် Asia World ကုမ္ပဏီက တာဝန်ယူ တည်ဆောက်နေခြင်းဖြစ်သည်ဟု ပြည်တွင်းသတင်းစာ တစ်စောင်ကို ကိုးကား၍ AFP သတင်းများက ဖော်ပြကြ သည်။ Asia World ကုမ္ပသည် ရန်ကုန်လေဆိပ်အသစ်ကို တည်ဆောက်ခဲ့သည့် ကုမ္ပဏီလည်းဖြစ်သည်။ နေပြည်တော်လေဆိပ်ကို အ ဆင့် ၃ ခုခွဲ၍ တည်ဆောက်မည်ဖြစ်ပြီး ပထမအဆင့်အပြီးတွင် တစ်နှစ်လျှင် ခရီးသည် ၃.၅ သန်းခန့် အသုံးပြုနိုင်မည်ဖြစ်ပြီး တတိယ အဆင့်ထိ ပြီးစီးသွားပါက ၁၀.၅ သန်းခန့် အသုံးပြုနိုင်မည်ဟု သိရသည်။
Asia World မှ Project Director ဦးနေလင်းက လေဆိပ်အသစ်ကြီးကို ခေတ်မီပုံစံများဖြင့် တည်ဆောက်မည်ဖြစ်ကြောင်း၊ခရီးသည်များ အနေဖြင့်လည်း လွယ်ကူပြီး သက်တောင့်သက်သာ သွားလာနိုင်အောင် စီမံထားကြောင်း၊ လေဆိပ်တစ်ခုတွင် ရှိသင့်ရှိအပ်သည့် အဆင် အပြင်နှင့် ခေတ်မီစက်ကိရိယာများကိုလည်း တပ်ဆင်သွားမည်ဖြစ်ကြောင်း သတင်းစာကို ရှင်းပြခဲ့သည်။ လေဆိပ်တည်ဆောက်ရေး သည် အကြမ်းအားဖြင့် ၂ နှစ်ခွဲခန့် ကြာမြင့်ဖွယ်ရှိသည်ဟု ခန့်မှန်းကြသော်လည်း ကုန်ကျစရိတ်ကိုမူ ဖော်ပြထားခြင်းမရှိပေ။
အစိုးရရုံးစိုက်ရာမြို့ကို ရန်ကုန်မြို့မှ ပျဉ်းမနားရှိ နေပြည်တော်သို့ ၂၀၀၅ ခုနှစ်တွင် ပြောင်းရွှေ့ခဲ့ပြီး ဝန်ကြီးဌာနအားလုံး လည်းနေပြည်တော် တွင် ရုံးထိုင်ကြရသည်။
Source : AFP
http://www.thanlwin.com/new/index.php?option=com_content&view=article&id=946:2009-04-26-02-50-47&catid=1:latest-news&Itemid=105
No comments:
Post a Comment