Saturday, April 18, 2009

အမှုရှာဆွဲတဲ့..ခွေးတွေ..

NLD အဖွဲ့ဝင်များနှင့် ရင်းနှီးသူ ကိုသီဟထွန်း ဖမ်းဆီးခံရ
ဖနိဒါ စနေနေ့၊ ဧပြီလ 18 2009 22:45 - မြန်မာစံတော်ချိန်

ချင်းမိုင်(မဇ္ဈိမ)။ ။ ရန်ကုန်တိုင်း ဒေါပုံမြို့နယ်မှ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်များနှင့် ရင်းနှီးသူ အသက်၂၅ နှစ်အရွယ် ကိုသီဟထွန်းအား အာဏာပိုင်များက ပြီးခဲ့သည့် သင်္ကြန်အကြိုနေ့ ဧပြီ ၁၃ရက်က ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သော်လည်း မည်သည့် အတွက်ကြောင့် ဖမ်းဆီးသည်ကို မသိရှိရကြောင်း မိသားစုဝင် တဦးက အတည်ပြု ပြောကြားသည်။

ကိုသီဟထွန်းအား ဒေါပုံမြို့နယ် မ-ယ-က ဥက္ကဌ ကိုယ်တိုင် ဧပြီလ ၁၃ ရက်နေ့က နေအိမ်တွင် လာရောက် ဖမ်းဆီး ခေါ်ဆောင် သွား ခဲ့ခြင်း ဖြစ်သည်။

သူ၏ မိသားစုက အရေးပေါ် စီမံချက် အက်ဥပဒေ ပုဒ်မ ၅ (ည) ဖြင့် ဖမ်းဆီးခံရသည်ဟု ကြားသိရကြောင်း သို့ရာတွင် အတည်မပြု နိုင်သေးကြောင်း ဆိုသည်။

“ဟုတ်ပါတယ်။ ကြာပြီ ၄၊ ၅ ရက်လောက် ရှိမယ်။ ဘယ်မှာ ထားမှန်းတောင် မသိသေးဘူး။ အိမ်မှာဘဲ ဥက္ကဌ ကိုယ်တိုင် လာခေါ်သွားတာ။ ခုစုံစမ်းလို့ ရတာက ၅ ညနဲ့လို့ နိုင်ငံရေး အမှုလို့ စုံစမ်းရတာဘဲ” ဟု သူ၏ မိသားစုဝင် တဦးက မဇ္ဈိမကို ပြောသည်။

ယခု အဖမ်းခံရသူ ကိုသီဟထွန်းမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်များနှင့် နီးစပ်သူတဦး ဖြစ်သော်လည်း နိုင်ငံရေး လှုပ်ရှားမှုများ တွင်မှု လိုက်ပါဆောင်ရွက်ဖူးခြင်း မရှိဟု ဒေါပုံမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ အဖွဲ့ဝင် လူငယ်တဦးက ပြောသည်။

No comments:

Post a Comment