မီသိန်းဓာတ်ငွေ့မှ လျှပ်စစ်မီး ထုတ်ရန် စီစဉ်နေ
မေကျော်
ကြာသပတေးနေ့၊ ဧပြီလ 09 2009 21:46 - မြန်မာစံတော်ချိန်
ချင်းမိုင် (မဇ္ဈိမ)။ ။ မုန်တိုင်းကြောင့် လုပ်ငန်းသုံး ကျွဲနွားများ ရှားနေသည့် နာဂစ်ဒဏ်သင့် ကျေးလက်များတွင် တိရစ္ဆာန် မစင်နှင့် စွန့်ပစ်အမှိုက် ရောစပ်ကာ လျှပ်စစ်မီး ထွန်းလင်းရေးအတွက် မြန်မာစစ်အစိုးရ စီစဉ်နေသည်။
စီမံကိန်းအတွက် ယခုလ ၆ ရက်နေ့က ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် ဦးဆောင်ပြီး၊ သစ်တော၊ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးများနှင့် ပညာရေးဝန်ကြီးဌာန ဒုဝန်ကြီးတို့ ကွင်းဆင်းဟောပြောခဲ့ကြောင်း ဧရာဝတီတိုင်းအတွင်းမှ မုန်တိုင်းသင့်များအတွက် ကူညီနေသူများ အဆိုအရ သိရခြင်းဖြစ်သည်။
''
ကျေးရွာတွေက အဓိက လျှပ်စစ်မီး အရမ်းလိုချင်ကြတယ်။ မဲဆွယ်တဲ့ သဘောများလားလို့တောင် ထင်ရတယ်။ နာဂစ်ကြောင့် နွားကဖြင့် မကျန်တော့ဘူးဗျ။ သူတို့က နွားချေးကနေ မီသိန်းထုတ်ပြီး မီးထွန်းဖို့ ပြောတယ်။ အံ့သြဖို့ ကောင်းတာက ဝန်ကြီးတွေကိုယ်တိုင် ရှင်းပြတာ'' ဟု ဘိုကလေးမြို့နယ်တွင် ကျင်းပသည့် သရုပ်ပြပွဲသို့ သွားရောက်ခဲ့သူ နာဂစ် ပြန်လည်ထူထောင်ရေး လုပ်နေသည့် အစိုးရမဟုတ်သော အဖွဲ့ - NGO အရာရှိတဦးက မဇ္ဈိမကို ပြောသည်။
ယခုလ ၈ ရက်နေ့ထုတ် စစ်အစိုးရ သတင်းစာများတွင်လည်း သစ်တောရေးရာဝန်ကြီး ဗိုလ်မှူးချုပ်သိန်းအောင်၊ ဟိုတယ်/ခရီးသွားဝန် ကြီး ဗိုလ်ချုပ်စိုးနိုင်၊ ပညာရေး ဒုဝန်ကြီး ဗိုလ်မှူးချုပ်အောင်မျိုးမင်းက နာဂစ်ဒဏ်သင့် ဘိုကလေးနှင့် ဖျာပုံမြို့နယ်များတွင် နွား၊ ဝက် အ ညစ်အကြေးများဖြင့် ဇီဝဘက်ထရီ ပြုလုပ်ပြီး မီးထွန်းနိုင်ပုံများကို ဒေသခံများသို့ သရုပ်ပြ ရှင်းလင်းခဲ့ကြောင်း ရေးသားဖော်ပြထားသည်။
ထို့အပြင် အမှတ် (၁) စက်မှုဝန်ကြီးဌာန ဝန်ကြီး ဦးအောင်သောင်းကလည်း မန္တလေးတိုင်း တောင်သာမြို့နယ် ကျေးရွာများသို့ မတ်လ ၃ဝ ရက်နေ့က သွားရောက်၍ ဆားနှင့် နွားချေး ဆတူရောစပ်ကာ ဓာတ်ခဲဟောင်းများ အသုံးပြု၍ လျှပ်စစ်မီး ရရှိနိုင်မှုကို ယခုလအတွင်း ဟောပြောခဲ့ကြောင်း ဆိုထားပြန်သည်။
မီသိန်းနှင့် ပတ်သက်၍ လေထုအတွင်း မီသိန်းဓာတ်ငွေ့ ယိုစိမ့်မှု၊ ဓာတ်ငွေ့မှ စွန့်ပစ် အညစ်အကြေးများကို စနစ်တကျ စွန့်ပစ်မှု မရှိလျှင် ဖြစ်ပေါ်လာမည့် ပတ်ဝန်းကျင် ညစ်ညမ်းမှုနှင့် လူကို အန္တရာယ် ဖြစ်စေနိုင်မှုအတွက် စိုးရိမ်နေသူများလည်း ရှိသည်။
ယင်းအပြင် ဓာတ်ငွေ့ထုတ်ရန် ကုန်ကြမ်း မလုံလောက်မှုကြောင့် ကျေးရွာအတွက် ရေရှည် အသုံးတည့်ရေးအတွက်လည်း သူတို့က သံသ ယ ရှိနေသည်။
မြန်မာပြည်တွင်းရှိ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့တခုမှ အမည်မဖော်လိုသူတဦးက ''မီသိန်းဓာတ်ငွေ့ ထုတ်ဖို့ဆိုရင် အဓိက ကုန်ကြမ်းဖြစ်တဲ့ တိရစ္ဆာန် အညစ်အကြေးနဲ့ စွန့်ပစ်ပစ္စည်း အလုံအလောက် ရှိရမယ်။ ဒေသခံတွေရဲ့ ပူးပေါင်းဆောင်ရွက်မှု၊ အသိအမြင် ကြွယ်ဝမှု ရှိရမယ်။ ဒါမှသာ ဘေးအန္တရာယ် ကင်းရှင်းလိမ့်မယ်။ ဒါ့အပြင် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုကိုလည်း ကာကွယ်နိုင်မယ်'' ဟု ပြောသည်။
အခြားအဖွဲ့တခုမှ ခေါင်းဆောင်တဦးကလည်း ''မီသိန်းကနေ လျှပ်စစ်ထုတ်တာက လုပ်လို့တော့ ရပါတယ်။ ကောင်းကျိုးကတော့ ကျေးရွာ တွေမှာ မီးထွန်းလို့ ရမယ်။ မီးသီးပဲ ထွန်းလို့ ရတာနော်။ ဆိုးကျိုးကတော့ ဒီဓာတ်ငွေ့က လေထုထဲကို ယိုစိမ့်ထွက်မယ် ဆိုရင်တော့ လူကို အန္တရာယ် ဖြစ်စေနိုင်ပါတယ်။ နည်းလမ်းအသစ် မဟုတ်ပါဘူး။ ဒုတိယ ကမ္ဘာစစ် လောက်ကတည်းက သုံးခဲ့ကြတာပါ'' ဟု ပြောသည်။
လေထုထဲ မီသိန်းဓာတ်ငွေ့ ယိုစိမ့်မှုကြောင့် ကာဗွန်ဒိုင်အောက်ဆိုဒ်အဖြစ် ပြိုကွဲမည်ဖြစ်ရာ အဆိပ်သင့်ခြင်းကြောင့် ဦးနှောက်၊ အာရုံ ကြော၊ နှလုံးနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေး ပြဿနာများ ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။
အိမ်ခြေ ၁ဝဝ ခန့် ရှိသည့် ကျေးရွာတရွာအတွက် မီသိန်း ထုတ်လုပ်မှု ကုန်ကျစရိတ်မှာ ကျပ်သိန်း ၅ဝ ခန့် ရှိပြီး၊ ဤသည်မှာ မီသိန်း ထုတ်ရန်အတွက် ကွန်ကရစ်ကန်နှင့် လျှပ်စစ်ထုတ်ရန် အင်ဂျင်ဝယ်ယူရမည့် ကုန်ကျစရိတ် ဖြစ်သည်။ တအိမ်အတွက်မူ ဝပ်အား ၄ဝ ရှိ မီးသီးတလုံး ထွန်းရန်အတွက်သာ လုံလောက်သည်ဟု သူတို့က ဆိုသည်။
နောက်ပိုင်းတွင် ဓာတ်ငွေ့ သိုလှောင်ကန်အတွက် အစဉ်သဖြင့် ထိန်းသိန်းခ ရှိသေးသည်ဟုလည်း ဆိုကြသည်။
နိုင်ငံတွင်း တည်ဆောက်နေသည့် ရေအားလျှပ်စစ် စီမံကိန်းများ ပြီးပါကလည်း လျှပ်စစ် ဖြန့်ဝေရန်အတွက် အဓိက လိုအပ်ချက်ဖြစ်သော လျှပ်စစ်လိုင်းများ သွယ်တန်းထားမှု မလုံလောက်သဖြင့် စစ်အစိုးရ အနေဖြင့် ကျေးရွာများသို့ လျှပ်စစ် ဖြန့်ဝေမည် မဟုတ်ကြောင်းလည်း သိရသည်။
သဘာဝဓာတ်ငွေ့ ကြွယ်ဝမှုအဆင့် ၁ဝ တွင် ရှိသော မြန်မာနိုင်ငံ၌ သဘာဝဓာတ်ငွေဖြင့် ထုတ်လုပ်သည့် လျှပ်စစ်ဓာတ်အားနှင့် ရေအား လျှပ်စစ်ကို အသုံးပြုမည်ဆိုလျှင်လည်း တနိုင်ငံလုံးတွင် လျှပ်စစ်ကြိုး သွယ်တန်းထားခြင်း မရှိသေးသည့်အတွက် ကျေးရွာများတွင် လျှပ် စစ်မီး ရရှိရန် အခွင့်အရေးက လွန်စွာ နည်းနေသေးကြောင်း မြန်မာနိုင်ငံတွင် တရားဝင် ဝင်ရောက်လုပ်ကိုင်နေသော ဂျပန် အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ - JICA ၏ စစ်အစိုးရနှင့် ပူးပေါင်းလုပ်ဆောင်ထားသော စစ်တမ်းတခုက ဆိုထားခြင်း ဖြစ် သည်။
ကျေးရွာပေါင်း ၆၅ဝဝဝ ခန့် မြန်မာနိုင်ငံတွင် ရှိနေသော်လည်း ယင်းတို့ထဲမှ ၇ ရာခိုင်နှုန်းခန့်သာ လျှပ်စစ်မီးကြိုး သွယ်တန်းထားကြောင်း JICA စစ်တမ်းက ဆိုသည်။
JICA သည် မြန်မာနိုင်ငံတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး၊ ကျန်းမာရေး ၊ ပညာရေး ကဏ္ဍများ အကူအညီပေးရေး ဆောင်ရွက်နေသည်။
စစ်အစိုးရ၏ ရေအားလျပ်စစ် စီမံကိန်းများ ဆက်တိုက် လုပ်နေသော်လည်း နိုင်ငံအတွက် မဟုတ်ကြောင်းနှင့် တိုင်းပြည်အတွက် ဆိုပါက လျှပ်စစ်စီမံကိန်းများ နည်းတူ နိုင်ငံအတွင်း လျှပ်စစ်ဓာတ်အားလိုင်းများပါ တပြိုင်တည်း လုပ်နေရမည်ဖြစ်ကြောင်း ပြည်တွင်းမှ နိုင်ငံ တကာ စွမ်းအင်ဆိုင်ရာ အစည်းအဝေးများ တက်ရောက်နေသူ ပညာရှင်တဦးက ဆိုသည်။
ရေအားလျှပ်စစ်၊ သဘာဝဓာတ်ငွေ့ဖြင့် လျှပ်စစ် အလုံအလောက်ပေးနိုင်ပါက ကျေးလက် လူနေမှု အဆင့်အတန်း တိုးတက်လာ မည့် အပြင် ကျေးလက်များတွင် အစားအသောက် ချက်ပြုတ်ရန် သစ်တောမှ ထင်းခုတ်ယူမှု လျော့ကျသွားမည် ဖြစ်သဖြင့် မြန်မာနိုင်ငံ၏ လက် ရှိ သစ်တောပြုန်းတီးမှုကိုလည်း လျှော့ချနိုင်မည်ဟု သူက ဆက်လက်သုံးသပ်သည်။
ကျေးလက်များတွင် လျှပ်စစ်မီးမပေးနိုင်ဘဲ ယခုကဲ့သို့ ကိုယ်ထူကိုယ်ထ ဇီဝလျှပ်စစ် ထုတ်လုပ်ရန် စစ်အစိုးရက လုပ်ဆောင်လာရခြင်းမှာ လျှပ်စစ်ပေးရန် မရှိမဖြစ် လိုအပ်သော လျှပ်စစ်လိုင်းများ သွယ်တန်းနိုင်ခြင်း မရှိသည့်အပြင် သဘာဝဓာတ်ငွေ့နှင့် ရေအားလျှပ်စစ် ကို လည်း ပြည်ပနိုင်ငံများသို့ ရောင်းချနေခြင်းကြောင့် ဖြစ်သည်ဟုလည်း သူက ဆိုသည်။
နိုင်ငံတကာတွင် မီသိန်းဓာတ်ငွေ့ အသုံးပြုမှုနှင် ပတ်သက်၍မူ - ပြည်တွင်းရှိ အစိုးရမဟုတ်သော အဖွဲ့တခု ဖြစ်သည့် ပြန်ပြည့်မြဲစွမ်းအင် အသင်းမှ တာဝန်ရှိသူက “တခြားနိုင်ငံတွေမှာ မီသိန်းကနေ လျှပ်စစ် ထုတ်တာတို့လို Renewable Energy (ပြန်ပြည့်မြဲ စွမ်းအင်) ကို သုတေသန လုပ်ကြတယ်။ ဒါက ဘာအတွက်လဲဆိုတော့ တကယ်လို့ သဘာဝ ဓာတ်ငွေ့ ကုန်တဲ့အချိန်မှာ သုံးဖို့။ ဂျပန်လည်း လုပ်တယ်။ ဒါပေမဲ့ သူတို့က နောက် အနှစ် ၁ဝဝ လောက်အတွက် ကြိုပြီး သုတေသန လုပ်ကြတာ’' ဟု မှတ်ချက်ပြု ပြောဆိုသည်။
နိုင်ငံအများစုတွင် ဇီဝဓာတ်ငွေ့ အသုံးပြု လျှပ်စစ် ထုတ်လုပ်ခြင်းကို ပြည့်ဖြိုးမြဲ စွမ်းအင်အဖြစ် အရန်သဘော သုတေသနပြု လုပ်ဆောင် နေသော်လည်း ကျယ်ပြန့်စွာ သုံးစွဲခြင်း မရှိသေးကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ရေအားလျှပ်စစ် အပါအဝင် သဘာဝဓာတ်ငွေ့ လုံလောက်သော်လည်း စစ်အစိုးရ ရုံးစိုက်ရာ နေပြည်တော်တွင်သာ လျှပ် စစ်မီး ပုံမှန်ရရှိနေပြီး၊ စီးပွားရေး အချက်အချာကျသည့် မြို့တော်ဟောင်း ရန်ကုန်၊ စက်မှုဇုန်များနှင့် အခြားမြို့ကြီးများတွင်ပင် အချိန်ပိုင်း သာ ရရှိနေသည်။
ရန်ကုန်မြို့တော်ဝန်က ၂ဝဝ၉ ခုနှစ်တွင် ရန်ကုန်မြို့တော် ၂၄ နာရီ လျှပ်စစ်မီး ရရှိစေရမည်ဟု ပြည်တွင်း ဂျာနယ်များသို့ ကတိပြု ပြော ကြားလိုက်သော်လည်း ရန်ကုန်တွင် လျှပ်စစ်ကို အချိန်ပိုင်းသာ ရရှိနေသေးသည်။
ရန်ကုန်အတွင်း မြို့နယ်များတွင် တရက်လျှင် ဂ နာရီခန့် ရရှိနေသော်လည်း ဆင်ခြေဖုံး မြို့နယ်များတွင်မူ မီးလာရက်ပင် ပုံမှန်မလာ ကြောင်း သိရသလို၊ ပြည်တွင်း ဂျာနယ်တစောင် အဆိုအရ မန္တလေးတွင် ည ၁၁ နာရီမှ နံနက် ၅ နာရီထိ လျှပ်စစ်မီး ပုံမှန်လာကြောင်း သိရသည်။
Thursday, April 9, 2009
နွားချေး ထဲကလောက်က နွားချေး ကောင်းကြောင်းဘဲ သိတယ်။
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2009
(4093)
-
▼
April
(446)
- NLD ပြည်နယ်နှင့်တိုင်းအစည်းအဝေး သဘာပတိမိန့်ခွန်း၊ ...
- (မေ ၃၀) ဒီပဲယင်း လုပ်ကြံမှု ကြီး (၇၁)လ ပြည့် ၀မ်း...
- ၀မ်းနည်းကြေကွဲခြင်း
- ဗ.က.သ ကဂုဏ်ပြုတဲ့ ဂွမ်ဂျူးလူ့အခွင့်အရေးဆုရှင် ကိုမ...
- တ၇ားမရှိတဲ့ ရှေ့ နေချုပ် ဇီဝိန်တော့ချုပ်တော့မယ်..
- ကိုညီညီထွေး ၏ အင်တာဗျူး
- ဧပြီ ၂၉ ၂၀၀၉ သတင်းများ
- မကောင်းဆိုးဝါးတွေကို ကမ္မဝါနဲ့ နှင်ရအောက်
- မင်း ကိုနိုင် မဲ့ မင်းကိုနိုင်
- NLD အစည်းအဝေး ၏ သဘာပတိ မိန့် ခွန်း
- အသက်ရှူတာခြင်းကွဲသေးတယ်..ရှက်ဖွယ်
- NLD LA သြစတေးသျှ ၏ သတင်းထုတ်ပြန်ချက် - ဧပြီလ ၂၉ -၂၀၀၉
- တရုတ်တွင် တတိယမြောက်မျိုးဆက် ရေအားသုံးအဏုမြူဓာတ်ပေ...
- ဟောင်ကောင်နှင့် ကနေဒါသုတေသနပညာရှင်တို့က H5N1 တုပ်ေ...
- ဒီမိုကရေစီ မဆန်တဲ့ အချက်တွေကို ပြုပြင်ပေးလျင် NLD ...
- အန်အယ်ဒီ၏ ရွှေဂုံတိုင် ကြေညာစာတမ်း
- ၀က်တုပ်ကွေးကြောင့် အမေရိကန်မှာ ကလေးငယ် တဦးသေဆုံး
- နေပြည်တော်တွင် လေဆိပ်အသစ်တဲ့
- တွံတေးတွင် ဝက်များ အစုလိုက် သေဆုံးနေ
- နာဂိုယာ(ဂျပန်)ဒီမိုကရေစီလှုပ်ရှားမှု
- နာဂစ်သင့်ဒေသများ ကန်ရေသုံးမရ သောက်သုံးရေ အခက်အခဲဖြ...
- ကုစားရာမဲ့ စိတ်ဒဏ်ရာ ခံစားနေရသူများ
- ဆန်ဈေးနှုန်း တရိပ်ရိပ် မြင့်တက်လာ
- Postcard from Beijing ဆိုပြီး attachment file နဲ့ ...
- မြန်မာပြည်မှာခွေးတုတ်ကွေးဖြစ်နေတယ်
- NLD News
- ဧပြီ ၂၈ ၂၀၀၉ သတင်း
- ဧပြီ ၂ရ ရက် ၂၀၀၉ သတင်းများ
- အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရဲ့ ပထမနေ့ အစည်းအေ...
- အချက်သုံးချက်ကို လိုက်လျောရင် NLD ရွေးကောက်ပွဲဝင်မည်
- မြန်မာပြည်သူများအတွက် BDC ၏ ဝန်ဆောင်မှုအသစ်
- ဝက်တုတ်ကွေူး ထိုင်းနိုင်ငံမှာ စတင်တွေ့ရှိ
- အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ် အထူးအစည်းအဝေးမှ သဘာ...
- စစ်သားများကို ပြည်သုံးလုံး အစီအစဉ်ဖြင့် ပြောင်းရွှေ...
- ဗိုလ်တစ်ထောင်၂လောင်းပြိုင်လူသတ်မှု ဖမ်းမိပြီ။ ၅လော...
- မြန်မာစစ်တပ်(ဘုရားစူးမြန်မာပြည်သူ့ တပ်မဟုတ်ရပါ)ကေ...
- ကြပ်ပြေးကအဘအိုတို့  ရေ....သိပ်လည်းမကြောက်ကြပါနဲ့ဗျ...
- အန်အယ်ဒီ အစည်းအဝေးသို့ လုံခြုံရေးများ စောင့်ကြည့်
- စုံညီအစည်းအဝေးအတွက် အန်အယ်လ်ဒီပါတီဝင်များ အနှောင့်...
- ကေအန်ယူကို ဒီကေဘီအေ ထိုင်းမြေအတွင်းမှ ၀င်တိုက် ထို...
- ၀က်တုပ်ကွေးကူးစက်မှု သတိပေးအဆင့် WHO တိုးမြှင့်
- နာဂစ်ဒေသတွင် သောက်ရေ ရှားဦးမည်
- ငွေမပေးနိုင်ခြင်းကြောင့် မြန်မာအလုပ်သမားတချို့ DKB...
- DKBA ဧ၊် သက်သက်လွတ်စားရန်အမိန့်ကိုမကျေနပ်သည် ဗုဒ္ဓဘ...
- ကျောက်ထုလုပ်သား အင်္ဂါကို မီးရှို့၍ စစ်ဆေး
- ရူးချင်ယောင်ဆောင်မနေနဲ့ ....မာယာတွေပေါ်မှာ ချီးပန်း...
- KNUကို DKBAထိုင်းနယ်မြေအတွင်းမှဝင်တိုက်၊ ထိုင်းစစ...
- “NLD၊ KNU တို့ ကို အမျိုသားရေးအတွက် အကာအကွယ်ပေးကြပါ”
- Invitation letter of Nargis (1) Year Anniversary P...
- ဟွန်း ဆင်းရဲရင်ဆင်းကြည့် ကြိုင်ကြိုင်တဲ့ လေးလောင်း...
- အလှူငွေ စာရင်း..!
- သုံးပွင့်ဆိုင်ဆွေးနွေးရေးကိုသာ လုပ်ဆောင်မည်ဖြစ်ကြေ...
- April 25 2009 သတင်းများ.
- Karen National Union Statement on 2010 Elections
- ပြည်ထောင်စုလူ့အခွင့်အရေးကောင်စီမှထုတ်ဝေသော ဧပြီလထု...
- မြေသြဇာအဖွဲ့ဝင်တဦး အဖမ်းခံရ
- ကြောက်စရာ ၀က်တုပ်ကွေးရောဂါ သတင်း နှင့် ကာကွယ်ရန်အခ...
- IC LIVE TOUR IN Japan အောင်မြင်စွာပြီစီးခြင်း
- North Korean Artist Sun Mu ၏ပုံရိပ်များ
- ဒို့ ကျောင်းသား
- GWကိုစောမောင် ကျန်းမာရေးမကောင်း
- ANTI-SANCTIONS ဘာလဲ၊ ဘယ်လဲ
- ရာဇဝတ်ကောင်
- ပြောခြင်တာပြော
- မိုးသီးရွာချမှုကြောင့် လက်ဖက်တောင်သူများ အခက်အခဲကြုံနေ
- မလေးရှားမှ မြန်မာလုပ်သားတစ်ဦး လုပ်ငန်းခွင်၌ သေဆုံး
- ဂြိုဟ်တုစလောင်းများကို ပိတ်ပင်သင့်ကြောင်း မြန်မာသတ...
- ရှားရှားပါးပါး ၁၉၅၄ ခုနှစ်က ဟောလိဝုဒ်ရုပ်ရှင်ပိတ်...
- မြန်မာကို အမေရိကန် ဆက်ပိတ်ဆို့ရေး ပညာရှင်တချို့ တိ...
- ကိုမင်းကိုနိုင် ဆုရပြန်ပြီ
- နအဖ စစ်တပ် ယုတ်ကန်းမှု့များ
- ၂ဝ၁ဝ ကိုမေ့ပြီး ကုလားဆီ အာရုံပြောင်းအောင်လုပ်နေတာ
- I AM KILLER
- DJ 2010
- သေပြည်တော်မှာ သေရင်..လင်းတစာဘဲကြွေးရမယ်တဲ့
- ဆရာလူထုစိန်ဝင်း၏ `နန္ဒောပနန္ဒ နဂါး ချွတ်တော်မူပုံ´ေ...
- လူ၅၀ လူ၁၀ယောက် လူသန်း၅၀ အပိုင်း(၂)
- အချင်းချင်း ဖြောင်တာမို့ ..မင်းတို့ ပါးစပ်တွေ ပိတ်...
- မီးတော့ မပေးဖူး။ မီးစက်နဲ့  ၀ယ်လုပ်..အခွန်အတုတ်မှ...
- ဧပြီ ၂၂ ၂၀၀၉ သတင်းများ
- နယ်ချဲ့ ဆိုတာ.တိုင်းတပါးမှ မဟုတ်ဖူး
- ဇာဂနာ ထောင်တွင်း၌ သတိလစ်သွား အသည်းရောင်အသားဝါကြောင...
- လူသေလို့ မီးရှို့မရရင် သန်းရွှေ အိမ်ရှေ့မှာသွားပုံထား
- နောင်တ မရကြစေချင်ပါ
- သိကြားမင်း စီရင်ချက် ယမမင်း အခက်
- သူတို့ပြောတာအမှန်တွေ မယုံနဲ့ ငါလိမ်ပြောတာကြယုံ
- ထေရ၀ါဒဘုန်းကြီးကျောင်းသစ်ဖွင့်လှစ်ပွဲအခမ်းအနား
- ဂူးဂဲလ်၊ ဂျီတော့ခ် (ဂျီမေးလ်) အကြောင်း တစေ့တစောင်း
- လုပ်ချလိုက်ပြန်ပြီ..သာသနာညှိုးနွမ်းစေမှုတဲ့
- မြောက်ဥက္ကလာနှင့် မန္တလေးတွင် ဝမ်းရောဂါ ဖြစ်ပွားနေ
- ဘဘတို့ အတွက် ကြိတ်ဝိုင်း
- ဦးထိန်မောင် ကို ဘာသာပြန် ပေးတဲ့ ငတတ်ကြီး တိမသေ ဇာ...
- လက်ဖက်ရည်ဆိုင် လှုပ်ရှားမှု စတင်စို့ 
- အတတ်ဆန်းတိုင်း ကောင်းတာမဟုတ်..
- စည်းကမ်းဆိုတာ စာရွက်ပေါ်တင်ဘဲ..ဘဘတို့ လည်း ကြည့်ခ...
- အိုးမည်း ပေနေတဲ့ ကြက်တစ်ကောင်
- မြန်မာတပြည်လုံး ထောင်ထဲမှာ..
- လူ၅၀ လူ၁၀ယောက် လူသန်း၅၀ အပိုင်း(၁)
- အနှစ် ၂၀ ကြာ..တိုင်းပြည်လုယက်ထားသူကို မမြင်..ဘေးက ...
- အန်အယ်လ်ဒီ အထူးအစည်းအဝေး ကျင်းပမည်။
- ချိန်တန်ပြီ
- ဧပြီ ၂၁ ၂၀၀၉ သတင်း
- ဝတပ်မတော်ကြီးရဲ့ စစ်ရေးပြပွဲ
- Voice of Burma April 19 2009
- ဇိုယာဖန်ရေးသားတဲ့ သူ့ ဘဝအကြောင်း
- နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး တောင်းဆိုတဲ့ လက်...
- လူပျောက်ကြော်ငြာ
- ရုရှားနိုင်ငံသားတစ်ဦး၏ အဆုတ်တွင် ထင်းရှုးပင်ပေါက်ေ...
- ဘိုကလေးတွင် ဝမ်းရောဂါဖြစ်ပွားမှု အဆမတန်များပြားနေ
- ဇနီးကို မထီမဲ့မြင် လုပ်သည်ဟုဆိုကာ အရာရှိမှ ရွာသားက...
- ဒေါ်အောင်ဆန်းစုကြည်နှင့် နိင်ငံရေးအကျဉ်းသား များအမြ...
- စစ်အစိုးရကို ပိုဖိအားပေးရေး အမေရိကန် လွှတ်တော်အမတ်ေ...
- ဂျပန်သတင်းထောက် အသတ်ခံရသည့် ပူလီဇာဆုရ ဓါတ်ပုံ သတင်...
- အဝေးရောက်သားတွေ ပြန်ဆုံနိင်ကြပါစေ
- အဖေ မရှိတော့ ပထွေးရှာမိတာပါ
- ငါ့ကို ကော်မရှင်သာပေးလေ..မင်းဘဲလုပ်ကိုင်စားစေ.
- လယ်ယာ သိမ်းပိုက်ခံနေရကြောင်း တိုင်းရင်းသား လူငယ်မျ...
- သမိုင်းကို ကိုယ်ကျိုး အတွက် အရောင်မဆိုးသင့်
- ပိုက်ဆံရရင် အကုန်လုပ်တယ်..ချောင်းရိုက်ပေးရမလား..အမ...
- ကောင်းကင်ခရီး ကြွချီနေတဲ့ ရဟန်းတော် တစ်ပါးပုံတော်ဖ...
- တက္ကသိုလ်ကျောင်းသားသမဂ္ဂ
- ကျော်သူရဲ့ ဆုတံဆိပ်
- Mr Creater ရဲ့ ထိုးနက်ချက်
- ဧပြီ ၂၀ ၂၀၀၉ သတင်း
- NDF က UWSP နဲ့ လက်တွဲသွားမည်ဟု ဆို
- နေပြည်တော် ကြပ်ပြေးကြက်ခြင်းထဲက ကြက်ဘယ်အတက်နဲ့ ခွပ...
- ကျွန်တော်လေးစားမြတ်နိုးအပ်တဲ့ ဆရာစိုင်းခမ်းလိတ် အခ...
- မုံရွာထောင်ထဲက တက္ကသိုလ်ကျောင်းသူ
-
▼
April
(446)
No comments:
Post a Comment