
ဧပြီ-၇ (ဘုရားသုံးဆူ)။ ။ ယနေ့ နံနက်ပိုင်းတွင် ဘုရားသုံးဆူမြို့မှ တပ်ချိန်းပြန်လာသော ခလရ (၂၄) စစ်ကြောင်း တစ်ကြောင်းကို ဘုရားသုံးဆူနှင့် အနန်းကွင်း ရွာကားလမ်းမရှိ အပလုံရွာနှင့် မြိုင်သာယာရွာကြားတွင် KNU တပ်ရင်း (၁၆) မှ ပြောက်ကျားများ ဝင်ရောက် ပစ်ခတ်ရာ နအဖမှ ၂ ဦးသေ၊ ၃ ဦးဒဏ်ရာရခဲ့သည်ဟု တိုက်ပွဲအပြီး ဖြတ်သန်း လာခဲ့သည့် မော်တော်ယာဉ် သမားအချို့က ပြောပြသည်။
အဆိုပါ ခလရ ၂၄ ကို ယာယီတပ်ရင်းမှူး ဗိုလ်မှူးကျော်ထင် က ဦးစီးပြီး မကြာခင်ရက်ပိုင်းက ဘုရားသုံးဆူမြို့ကို ရောက်ရှိလာသော ခလရ ၂၄ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ခင်ဇော်၊ ဒုရင်းမှူး လင်းအောင် ဦးစီးသည့်ခလရ ၃၂ နှင့် တပ်အပြောင်းရွေ့
ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ခလရ ၃၂ ဘုရားသုံးဆူမြို့ တက်ရောက်လာစဉ် ဤလမ်းကြောင်းတွင် လွန်ခဲ့သည့် သီတင်းပတ်က KNU ကနှစ်ကြိမ် ဝင်ရောက်ပစ်ခတ်သဖြင့် ဒဏ်ရာနှင့် အသေအပျောက်များ ရှိခဲ့သည်။
မကြမီတွင် ခလရ ၂၄ ယာယီတပ်ရင်းမှူး ဗိုလ်မှူးကျော်ထင် တပ်ရင်းမှူးရာထူးကို တိုးမြင့်မည်ဟု သတင်းများထွက်ပေါ် နေသော်လည်း ယခုဖြစ်ပွားခဲ့သောတိုက်ပွဲတွင် ရဲဘော်များ အကျအဆုံးရှိခဲ့သဖြင့် သက်ဆိုင်ရာကို ဖြေရှင်းချက် ပေးရဦးမည်ဖြစ်သောကြောင့် တပ်ရင်းမှူးရာထူးအတွက် မသေချာသေးကြောင်း နယ်စပ်စစ်ဖက်သတင်းရပ်ကွက်က သုံးသပ်ကြသည်။
ဘုရားသုံးဆူမြို့နှင့် သံဖြူဇရပ်မြေနီလမ်းကြောင်းမှာ ၅၈ မိုင်ခန့်သာ ရှိုသော်လည်း စစ်အစိုးရတပ်များ အပြောင်းအရွေ့ ပြုလုပ်ရာတွင် မော်တော်ယာဉ်များကို အသုံးမပြုရဲပေ။
ဤဒေသတဝိုက်သည် KNU တပ်ရင်း ၁၆ လှုပ်ရှားရာဒေသဖြစ်ပြီး ကရင်ငြိမ်းအဖွဲ့များဖြစ်သည့် DKBA, KPF, ဗိုလ်ထိန်မောင် KNU-KNLA/PC နှင့် မွန်ပြည်သစ်ပါတီ NMSP နယ်ခြားဂိတ်များလည်း ရှိသည်။
Rest of your post
No comments:
Post a Comment