Saturday, April 13, 2009

photo by BKK post
ဧပြီ ၁၂ရက်၊ ၂၀၀၉ (ဘန်ကောက်ပို့စ်)
တနင်္ဂနွေနေ့က အစိုးရဆန့်ကျင်ရေး UDD ဆန္ဒပြသမားတွေကို ရင်ဆိုင်ဖို့ ၀န်ကြီးချုပ်အဘီဆစ်ဟာ ဘန်ကောက်နဲ့ အနီးအနား ပြည် နယ်က နေရာတချို့မှာ အရေးအပေါ်အခြေအနေ ကြေညာလိုက်ပါတယ်။ ဘန်ကောက်နဲ့နွန်ထဘူရီ၊ ဆမွတ်ဖရာခမ်၊ ဖရာသွမ်ထနီ၊ နခုံပ ထုံနဲ့အယုဒ္ဓယပြည်နယ်တွေက တချို့ခရိုင်တွေမှာ ဒုဝန်ကြီးချုပ်ဆူထက်သောင်ဆူဘန်က ဒီအမိန့်ကိုအကောင်အထည်ဖေါ်ရာမှာ တာဝန် ခံဆောင်ရွက်မယ်လို့ ၀န်ကြီးချုပ်က အမျိုးသားရုပ်မြင် သံကြားကနေပြီး ပြောပါတယ်။
အခြေအနေတွေ ပုံမှန်ပြန်ရောက်အောင် အမြန်ဆုံးလုပ်မယ်ဆိုတာနဲံ့အာဏာပိုင်တွေနဲ့ပူပေါင်းဆောင်ရွက်ဖို့ကိုလည်း ပြည်သူ့ဘက်သား တွေကို တောင်းဆိုထားတယ်လို့ သူက အာမခံပြောဆိုပါတယ်။ တနင်္ဂနွေအစောပိုင်းက လူစည်ကားရာနေရာတွေမှာ လူထုစည်းဝေးပွဲ လုပ်ဖို့ ကြိုးစားတဲ့ UDD အမာခံတွေကို ပုလိပ်က ဖမ်းလိုက်ပါတယ်။
Rest of your post
No comments:
Post a Comment