ဧရာဝတီ တိုင်းတွင်းခရီးသွားလာရေးကန့် သတ်မှု ပြန်လည်တိုးမြှင့် သောကြောင့် အကူအညီပေးရေး အဖွဲ့ အစည်းများအနှောင့် အယှက် ဖြစ်
April 22, 2009 · No Comments
၂၂ ဧပြီ ရန်ကုန်၊ ၊ဟိန်းခိုင်ထွန်း
နာဂစ် မုန်တိုင်းကြောင့် လူတစ်သိန်းကျော်သေဆုံးခဲ့သော တစ်နှစ်ပတ်လည် ပြည့်ရန် ရက်ပိုင်းမျှသာအလိုတွင် ဧရာဝတီ တိုင်း အတွင်းသို့ နိုင်ငံခြားသား အပါအ၀င် ခရီးသွားလာသူများကို ကန့် သတ်စစ်မေးမှု များပိုမို တင်းကျပ်လာ သည် ဟုသိရသည်။
ဧရာဝတီ တိုင်းတို့ ဝင်ရောက် သည့် လမ်းများအနက် ရန်ကုန်မှ အဓိက ၀င်ရောက် နိုင် သည့် ညောင်တုန်းရှိ ဗိုလ်မြတ်ထွန်း တံတား အနီးရှိ အသစ်ဖွင့်ထားသော စစ်ဆေးရေးဂိတ် နှင့် မအူပင် တံတားတံတား အနီး အ၀င် လမ်းရှိ စစ်ဆေးရေးဂိတ် နှင့် မဲဇလီ တံတား တို့ တွင် ခရီးသွားလာ သူများကိုသင်္ကြန်ပြီးမှ စ၍ တင်းတင်းကျပ်ကျပ် စစ်မေးလျှက် ရှိသည်။
ဧရာဝတီ တိုင်းသို့ ခရီးသွားလာ မှု များထိုသို့  တင်းကျပ်လာ မှုမှာ ယခင် အပတ် က မြန်မာနိုင်ငံ အနောက် ပိုင်းဒေသများသို့ ဝင်ရောက် တိုက်ခတ် ခဲ့သည့် ဘီဂျလီ မုန်တိုင်းပြီးနောက် စစ်ဆေးမှုများပိုမို တင်းကျပ် လာခြင်း ဖြစ်သည် ဟု ကုလသမဂ္ဂ ဖွံ့ ဖြိုးမှု ဧဂျင်စီ တစ်ခု မှ ၀န်ထမ်း တစ်ဦး က Freedom News Group သို့ ပြောသည်။
လတ်တလော အချိန်သည် မုန်တိုင်းကာ လဖြစ်သောကြောင့် ဧရာဝတီတိုင်း မြို့ နယ်များသို့ ခရီးသွားလာခွင့် ကန့် သတ်ခြင်းဖြစ်နိုင် သည် ဟု ဘီဒူး တွင် တာဝန် ထမ်းဆောင် နေ သော ဆရာဝန် တစ်ဦးကပြောသည်။
ကုလသမဂ္ဂ ၀န်ထမ်းတစ်ဦး က “ညောင် တုန်းတံတားအ၀င် မှာ ဆို စစ်ဆေးရေး ဂိတ်က နှစ်ဂိတ်ပုံမှန် ဂိတ် နဲ့ အထူးဂိတ် ၊အထူးဂိတ် က အဖွဲ့ စုံ ထောက်လှမ်းရေး ၊စ သုံးလုံး အစုံပါတယ် အဓိကနိုင် ငံခြား သားတွေ နဲ့  သူ တို့ မင်္သကာသူ ဆိုရင် သေသေချာချာ စစ်တယ်။ တချို့နိုင်ငံခြားသားတွေလှည့်ပြန် ရတာ ရှိတယ်” ဟု သူ့ အတွေ့ အကြုံကို ပြောသည်။
အထက် ၏ ညွန်ကြားချက် အရဆိုကာ ထိုကဲ့သို့ စစ်ဆေးရေး ဂိတ်များမှာ သေသေချာချာ စစ်ဆေး နေမှုကြောင့် ကားတန်းများမှာ မလိုအပ်ပဲ ကြန့် ကြာမှု များဖြစ်ပေါ်လျှက် ရှိနေသည် ဟုသိရသည်။
ပြည်တွင်း NGO တစ်ခုမှ ဆရာဝန် တစ်ဦးက လည်း “ကျွန်တော် တို့ ကားက မုန်တိုင်းတိုက် ရင်ချက်ချင်း ဆောက်နိုင်တဲ့ ရွက်ထည်တဲ တွေ နဲ့ အစာခြောက် တွေကို အရေးပေါ် သယ်လာ တာညောင်တုန်း ၀င်တော့ နှစ်နာရီ လောက်ကြာသွားတယ် ။ နောက် တစ်ဂိတ် မှာ တစ်နာရီ ဒီကိုလာကူ ညီမယ့် သူတွေ အားလုံးပြန်ပြေး ချင်အောင် လုပ်နေကြတာ ဟုပြောသည်။
မြန်မာ စစ်အစိုးရမှာ နိုင်ငံ အတွင်း အရေးပေါ် ကိစ္စ များပေါ်ပေါက် လာပါ က ထိုနေရာ များကိုပြင်ပ ကမ္ဘာ နှင့် ဖြတ်တောက် ပိတ် ဆို့ ၍ သတင်းအမှောင် ချသည့် စနစ်ကို ကျင့်သုံးသည်။
မနှစ် က နာဂစ် ဒုက္ခ သည်များအား သွားရောက် ကူညီသော ဗကသ ကျောင်းသား အဖွဲ့ မှာထိုသို့ စစ်ဆေး ရေးဂိတ်တွင် စစ်ဆေး မေးမြန်းခံ ရရာ မှ မြေအောက် လှုပ်ရှားမှု ကျောင်းသားများဖြစ်မှန်း သိသွားပြီး ဖမ်းဆီးခံ ရခြင်းဖြစ်သည်။
http://longwalktofreedom.wordpress.com/မှ
No comments:
Post a Comment