17 April 2009
မြန်မာနိုင်ငံ အနောက်ပိုင်း ဘင်္ဂလားပင်လယ်အော်ဘက်ကနေ လေတိုက်နှုန်း တနာရီ မိုင် ၇၀ ကျော်နှုန်းလောက်နဲ့ တိုက်ခတ်မယ့် ဘီဂျလီလို့ နာမည်ရတဲ့ ဆိုင်ကလုန်း မုန်တိုင်းတခု ရခိုင်ပြည်နယ်ကနေ ကုန်းတွင်းပိုင်းကို ခု ရက်ပိုင်း အတွင်းမှာ ဝင်ရောက် တိုက်ခတ် နိုင်တယ်လို့ ဧပြီလ ၁၆ ရက်နေ့စွဲနဲ့ အမေရိကန်နဲ့ ဗြိတိန်တို့က နိုင်ငံတကာ မိုးလေဝသ သတိပေးချက်တွေမှာ ဖော်ပြနေပါတယ်။
ဒီမုန်တိုင်းဟာ မြန်မာစံတော်ချိန် စနေနေ့ညနေပိုင်း ဒါမှမဟုတ် ညပိုင်းလောက်မှာ မြန်မာနိုင်ငံ အနောက်ဘက် ရခိုင် ပြည်နယ် အထက် ပိုင်းနဲ့ ချင်းပြည်နယ် အောက်ပိုင်းကို ဝင်ရောက်တဲ့အခါ လေတိုက်နှုန်း တနာရီ ၇၅ မိုင်နှုန်းအထိ ပို အားကောင်းနိုင်သလို မိုးသည်းထန်စွာ ရွာသွန်းကာ ရေကြီးနိုင်တယ်လို့ မိုးလေဝသ ခန့်မှန်း သတိပေးချက်တွေမှာ ရေးထား ပါတယ်။ လူပေါင်းသိန်းနဲ့ချီ သေဆုံးခဲ့ရတဲ့ နာဂစ် မုန်တိုင်း တိုက်ခတ်ခဲ့တာ တနှစ်ပြည့်ခါနီးမှာ မြန်မာနိုင်ငံ အနောက်ပိုင်း အတွက် ခုလို သတိပေးချက်တွေ ပေါ်ထွက်နေတာနဲ့ ပတ်သက် ပြီး မစုမြတ်မွန်က တင်ပြပေးထားပါတယ်။
ဧပြီလ ၁၆ ရက်နေ့ နိုင်ငံတကာ မိုးလေ၀သ ခန့်မှန်းချက်တွေအရ တနာရီ လေတိုက်နှုန်း မိုင် ၇၀ လောက် တိုက်ခတ်နိုင်တဲ့ မုန်တိုင်းတခု ဘင်္ဂလားပင်လယ်အော်ကနေ မြန်မာနိုင်ငံ အနောက်ပိုင်းကို ဧပြီလ ၁၈ ရက် စနေနေ့မှာ ၀င်ရောက် နိုင်ပါ တယ်။ ဧပြီလ ၁၆ ရက်နေ့က တည်းက ဘင်္ဂလားပင်လယ်အော်ထဲမှာ ဗဟိုပြုတဲ့ မုန်တိုင်းဟာ မြန်မာနိုင်ငံဘက်ကို ဦးတည် တိုက်ခတ်နေပြီး စနေနေ့ ညနေပိုင်း လောက် ကုန်းတွင်းပိုင်းထဲ ၀င်ရောက်ရင် လေတိုက်နှုန်း ပိုအားကောင်း လာနိုင်တယ် လို့ အမေရိကန် ရေတပ်စခန်းတခုရဲ့ မိုးလေဝသ ခန့်မှန်းချက်မှာ တွေ့ရပါတယ်။ ဗြိတိန်က အပူပိုင်းမုန်တိုင်း လေ့လာရေး ဌာနတခုရဲ့ ခန့်မှန်းချက်မှာလည်း ဘီဂျလီမုန်တိုင်းဟာ တနာရီ မိုင် ၇၀ နှုန်းလောက်နဲ့ မြန်မာနိုင်ငံ အနောက်ဘက်ကို ဝင်လာနိုင်ဖွယ်ရှိတယ်လို့ သတိပေးထားပါတယ်။
ဧပြီလ ၁၆ ရက် နေ့စွဲနဲ့ ထုတ်ပြန်တဲ့ မြန်မာအစိုးရ သတင်းစာထဲမှာတော့ ပုသိမ်မြို့ အနောက်တောင်ဘက် မိုင် ၆၀၀ အကွာ ပင်လယ်ကို ဗဟိုပြုနေတဲ့ မုန်တိုင်းဟာ သိသိသာသာ အားကောင်းလာခြင်းမရှိဘဲ အနောက်မြောက်ဘက်ကို ဆက်ပြီး ရွှေ့သွားမယ်လို့ ပြောပါတယ်။ အမေရိကန် အာကာသလေ့လာရေး (NASA) သုတေသနဌာနရဲ့ မိုးလေဝသ သတိပေးချက် အရဆိုရင် ဆိုင်ကလုန်းမုန်တိုင်း 1B ဟာ ဘင်္ဂလားပင်လယ်အော်မှာ အပူပိုင်းမုန်တိုင်းအဖြစ် အားကောင်းလာတဲ့အတွက် ဘီဂျလီလို့ နာမည်ပြောင်း သတ်မှတ်ခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။
မြန်မာနိုင်ငံမှာ အခုအချိန်ဟာ မုန်တိုင်းရာသီဖြစ်တဲ့အပြင် နာဂစ်မုန်တိုင်း ဝင်ရောက်တိုက်ခတ်ခဲ့တာ တနှစ်ပြည့်ခါနီး အချိန် လည်း ဖြစ်ပါတယ်။ ဒါကြောင့် ခုလို မိုးလေဝသ သတိပေးချက်တွေ ထွက်ပေါ်လာတဲ့အတွက် ပြည်သူတွေအနေနဲ့ ဘယ်လို ကြိုတင်ပြင် ဆင်မှုတွေ လုပ်ထားသင့်တယ်ဆိုတာကို ဧရာဝတီတိုင်းက နာဂစ်မုန်တိုင်း ဒုက္ခသည်တွေကို ကိုယ်တိုင် အကူအညီပေးခဲ့တဲ့ မသရဖီသန်းက သူ့ရဲ့အတွေ့အကြုံအရ ခုလိုပြောပါတယ်။
“မုန်တိုင်းလာတော့မယ်ဆိုရင် အရေးအကြီးဆုံးကတော့ ရေဒီယို၊ တီဗွီတွေမှာ မုန်တိုင်းအကြောင်း သတိပေးချက်တွေကို အချိန်တိုင်း နားထောင်နေဖို့က အရေးကြီးပါတယ်။ မုန်တိုင်းက ဘယ်အချိန်မှာ ၀င်တော့မယ်၊ တနာရီကို လေတိုက်နှုန်း ဘယ်လောက်ရှိမယ်၊ အဲဒီဟာတွေကို နားထောင်နေဖို့က အရေးကြီးပါတယ်။ နောက်တခုက အိမ်မှာရှိတဲ့ အရေးကြီးတဲ့ ပစ္စည်းတွေ၊ ဥပမာ ပိုက်ဆံတို့၊ သန်းခေါင်စာရင်းတို့၊ မှတ်ပုံတင်တို့ကို ရေလုံတဲ့ ပလတ်စတစ်အိတ်ထဲထည့်ပြီး ကိုယ်နဲ့ ဆောင်ထားဖို့ လိုပါတယ်။ ကိုယ်ကိုယ်တိုင်လည်း နွေးနွေးထွေးထွေးဝတ်ထားပြီး မိုးကာတို့ဘာတို့ ဆောင်ထားဖို့လိုတယ်။ ပြီးတော့ လက်နှိပ်ဓာတ်မီးတို့၊ ရေတို့၊ စားစရာတို့ကိုလည်း တနိုင်တပိုင် ရေလုံတဲ့ ပလတ်စတစ်အိတ်နဲ့ ထည့်ထားဖို့ လိုတယ် လို့ တခြားအဖွဲ့အစည်းတွေက ကျမတို့သွားခဲ့တဲ့ ရွာတွေမှာ လိုက်ပြီး သင်တန်းပေးတာကို တွေ့ခဲ့ပါတယ်။
“မုန်တိုင်းဝင်ပြီဆိုရင် ကိုယ့်အိမ်ရဲ့ အလုံဆုံး၊ အခိုင်ဆုံးအပိုင်းမှာ နေဖို့ကလည်း အရေးကြီးပါတယ်။ ဒါပေမဲ့ ကိုယ့်အိမ်က မခိုင်ဘူးဆိုရင် ရွာထဲမှာရှိတဲ့၊ အခုဆိုရင် မြစ်ဝကျွန်းပေါ်ဒေသက ရွာတွေတော်တော်များများမှာရှိတဲ့ ဆိုင်ကလုန်း တောင်ကုန်းလို့ခေါ်တဲ့ နေရာလေးတွေ ကို အုန်းပင် ပင်စည်တွေကိုဖြတ်ပြီး ဆောက်ပေးထားတဲ့ ၆ ပေ၊ ၇ ပေလောက်မြင့်တဲ့ တောင်ကုန်းလေးတွေ ရှိပါတယ်။ အဲဒီတောင်ကုန်း လေးတွေမှာ သွားနေနိုင်ရင်လည်း ကောင်းပါတယ်၊ ရေတက်လာတဲ့ အခါကျရင်။
“နောက် ရွာထဲမှာရှိတဲ့ ကုန်းမြင့်ပိုင်း၊ မြင့်တဲ့နေရာတွေကိုသွားဖို့ အရေးကြီးပါတယ်။ အဲဒီသွားမယ့်နေရာတွေက ကိုယ်နဲ့ ဝေးမယ်ဆိုရင် ကိုယ့်မှာရှိတဲ့ လှေကို ဆီဖြည့်ထားဖို့တို့ ပြင်ဆင်ထားဖို့တို့က အရေးကြီးပါတယ်။ တချို့ဆိုရင် အိမ်မှာ ကားတာယာအဟောင်းတွေကို ဆောင်ထားကြပါတယ်။ ရေတွေအများကြီး ကြီးလာလို့ မြင့်တဲ့နေရာကို သွားတဲ့အခါ တခုခုဖြစ်ခဲ့ရင် အသက်ကယ်ဘောအဖြစ် သုံးလို့ရအောင်ဆိုပြီးတော့ အဲဒီလိုလုပ်ထားတာတွေလည်း တွေ့ရပါတယ်။”
မသရဖီသန်းလိုပဲ နာဂစ်မုန်တိုင်း ဒုက္ခသည်တွေကို အကူအညီပေးခဲ့တဲ့ မခိုင်မွန်ဦးကလည်း မုန်တိုင်းဝင်ချိန် သတိထားစရာ တခုကို ခုလိုပြောပြပါတယ်။
“တကယ်လို့ မုန်တိုင်းကြားထဲမှာ ရောက်နေလို့ အပင်တွေမှာ တွယ်နေမယ်ဆိုရင်လည်း ကုက္ကိုပင်လို၊ ညောင်ပင်လို အပင်ကြီးတွေမှာ မတွယ်သင့်ဘူး။ အဲဒီလိုအပင်မျိုးတွေက လွယ်လွယ်ကူကူ လဲကျသွားနိုင်တယ်။ သူက အပင်ကြီးတယ် ဆိုပေမဲ့ မုန်တိုင်းဒဏ်ကို မခံနိုင်ဘူး။ အုန်းပင်တို့ ထန်းပင်တို့မှာ တွယ်နေမယ်ဆိုရင်တော့ အဲဒီအပင်တွေက တော်ရုံတန်ရုံ လဲကျမသွားနိုင်ဘူး။
“မုန်တိုင်းဝင်လာလို့ ကိုယ်ကသာ ပြင်ဆင်ထားလို့ ရမယ်ဆိုရင်တော့ အဆောက်အဦး အကာအကွယ် ခိုင်ခိုင်မာမာရှိမယ့် နေရာမျိုးကို သွားနိုင်မယ်ဆိုရင်တော့ အသင့်တော်ဆုံး ဖြစ်ပါလိမ့်မယ်။ ကိုယ့်အတွက် လုံခြုံပါလိမ့်မယ်။ တကယ်လို့ ရေတွေ ထဲ ရောက်သွားတာ ဖြစ်မယ်ဆိုရင်လည်း အသက်ကယ်နိုင်မယ့် ကျွတ်တို့ ဘာတို့ အဲဒါမျိုး၊ တကယ်လို့ အဲဒါမျိုး မရှိဘူး ဆိုရင်လည်း လွယ်လွယ်ကူကူ ရနိုင်မယ့် ရေသန့်ဘူး အလွတ်တွေကို အိတ်ထဲထည့်ပြီး ကိုယ်နဲ့ကပ်ထားမယ်၊ အိတ်ထဲမှာ ရေသန့်ဘူးအလွတ်တွေ ထည့်ထားပြီး လွယ်ထားမယ်ဆိုရင်တော့ ရေထဲရောက်နေရင်တောင် လွယ်လွယ်ကူကူ ပေါ်နိုင်တာပေါ့။”
နာဂစ်မုန်တိုင်း ကယ်ဆယ်ရေးက အတွေ့အကြုံတွေနဲ့ ကြိုတင်ပြင်ဆင်နိုင်မှာတွေကို ပြောပြခဲ့ကြတာ ဖြစ်ပါတယ်။
စနေနေ့ညနေပိုင်း ဒါမှမဟုတ် ညပိုင်းမှာ လေတိုက်နှုန်း တနာရီ မိုင် ၇၀ လောက်နဲ့ မြန်မာနိုင်ငံ အနောက်ပိုင်းကို ဝင်နိုင် တယ်ဆိုတဲ့ ဘီဂျလီမုန်တိုင်းနဲ့အတူ မိုးသည်းထန်စွာရွာပြီး ရေကြီးနိုင်တယ်လို့လည်း နိုင်ငံတကာ မိုးလေဝသ ခန့်မှန်းချက် တွေက ခန့်မှန်းပါတယ်။
အခုနောက်ဆုံး ဆက်သွယ်မေးမြန်းချက်အရ ရခိုင်ပြည်နယ် စစ်တွေမြို့မှာ မိုးဖွဲဖွဲကျနေတာကလွဲလို့ ထူးခြားမှု မရှိသေးဘူး လို့ မြို့ခံတွေက ပြောကြပါတယ်။ မြန်မာ့ရုပ်မြင်သံကြားက အ၀ါရောင်အဆင့် မုန်တိုင်းဝင်မယ်လို့ ကြေညာတာကို ကြားလိုက်ရပေမဲ့ လူတော်တော်များများကတော့ မုန်တိုင်းဝင်မှာကို သတိထားမိကြပုံ မရသေးဘူးလို့ စစ်တွေမြို့ခံတဦးက ဗွီအိုအေကို ပြောပြခဲ့ပါတယ်။
http://www.voanews.com/burmese/2009-04-17-voa1.cfm
Friday, April 17, 2009
မြန်မာပြည် မုန်တိုင်းဝင်နိုင်ကြောင်း သတိပေးချက် ထွက်
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2009
(4093)
-
▼
April
(446)
- NLD ပြည်နယ်နှင့်တိုင်းအစည်းအဝေး သဘာပတိမိန့်ခွန်း၊ ...
- (မေ ၃၀) ဒီပဲယင်း လုပ်ကြံမှု ကြီး (၇၁)လ ပြည့် ၀မ်း...
- ၀မ်းနည်းကြေကွဲခြင်း
- ဗ.က.သ ကဂုဏ်ပြုတဲ့ ဂွမ်ဂျူးလူ့အခွင့်အရေးဆုရှင် ကိုမ...
- တ၇ားမရှိတဲ့ ရှေ့ နေချုပ် ဇီဝိန်တော့ချုပ်တော့မယ်..
- ကိုညီညီထွေး ၏ အင်တာဗျူး
- ဧပြီ ၂၉ ၂၀၀၉ သတင်းများ
- မကောင်းဆိုးဝါးတွေကို ကမ္မဝါနဲ့ နှင်ရအောက်
- မင်း ကိုနိုင် မဲ့ မင်းကိုနိုင်
- NLD အစည်းအဝေး ၏ သဘာပတိ မိန့် ခွန်း
- အသက်ရှူတာခြင်းကွဲသေးတယ်..ရှက်ဖွယ်
- NLD LA သြစတေးသျှ ၏ သတင်းထုတ်ပြန်ချက် - ဧပြီလ ၂၉ -၂၀၀၉
- တရုတ်တွင် တတိယမြောက်မျိုးဆက် ရေအားသုံးအဏုမြူဓာတ်ပေ...
- ဟောင်ကောင်နှင့် ကနေဒါသုတေသနပညာရှင်တို့က H5N1 တုပ်ေ...
- ဒီမိုကရေစီ မဆန်တဲ့ အချက်တွေကို ပြုပြင်ပေးလျင် NLD ...
- အန်အယ်ဒီ၏ ရွှေဂုံတိုင် ကြေညာစာတမ်း
- ၀က်တုပ်ကွေးကြောင့် အမေရိကန်မှာ ကလေးငယ် တဦးသေဆုံး
- နေပြည်တော်တွင် လေဆိပ်အသစ်တဲ့
- တွံတေးတွင် ဝက်များ အစုလိုက် သေဆုံးနေ
- နာဂိုယာ(ဂျပန်)ဒီမိုကရေစီလှုပ်ရှားမှု
- နာဂစ်သင့်ဒေသများ ကန်ရေသုံးမရ သောက်သုံးရေ အခက်အခဲဖြ...
- ကုစားရာမဲ့ စိတ်ဒဏ်ရာ ခံစားနေရသူများ
- ဆန်ဈေးနှုန်း တရိပ်ရိပ် မြင့်တက်လာ
- Postcard from Beijing ဆိုပြီး attachment file နဲ့ ...
- မြန်မာပြည်မှာခွေးတုတ်ကွေးဖြစ်နေတယ်
- NLD News
- ဧပြီ ၂၈ ၂၀၀၉ သတင်း
- ဧပြီ ၂ရ ရက် ၂၀၀၉ သတင်းများ
- အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရဲ့ ပထမနေ့ အစည်းအေ...
- အချက်သုံးချက်ကို လိုက်လျောရင် NLD ရွေးကောက်ပွဲဝင်မည်
- မြန်မာပြည်သူများအတွက် BDC ၏ ဝန်ဆောင်မှုအသစ်
- ဝက်တုတ်ကွေူး ထိုင်းနိုင်ငံမှာ စတင်တွေ့ရှိ
- အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ် အထူးအစည်းအဝေးမှ သဘာ...
- စစ်သားများကို ပြည်သုံးလုံး အစီအစဉ်ဖြင့် ပြောင်းရွှေ...
- ဗိုလ်တစ်ထောင်၂လောင်းပြိုင်လူသတ်မှု ဖမ်းမိပြီ။ ၅လော...
- မြန်မာစစ်တပ်(ဘုရားစူးမြန်မာပြည်သူ့ တပ်မဟုတ်ရပါ)ကေ...
- ကြပ်ပြေးကအဘအိုတို့  ရေ....သိပ်လည်းမကြောက်ကြပါနဲ့ဗျ...
- အန်အယ်ဒီ အစည်းအဝေးသို့ လုံခြုံရေးများ စောင့်ကြည့်
- စုံညီအစည်းအဝေးအတွက် အန်အယ်လ်ဒီပါတီဝင်များ အနှောင့်...
- ကေအန်ယူကို ဒီကေဘီအေ ထိုင်းမြေအတွင်းမှ ၀င်တိုက် ထို...
- ၀က်တုပ်ကွေးကူးစက်မှု သတိပေးအဆင့် WHO တိုးမြှင့်
- နာဂစ်ဒေသတွင် သောက်ရေ ရှားဦးမည်
- ငွေမပေးနိုင်ခြင်းကြောင့် မြန်မာအလုပ်သမားတချို့ DKB...
- DKBA ဧ၊် သက်သက်လွတ်စားရန်အမိန့်ကိုမကျေနပ်သည် ဗုဒ္ဓဘ...
- ကျောက်ထုလုပ်သား အင်္ဂါကို မီးရှို့၍ စစ်ဆေး
- ရူးချင်ယောင်ဆောင်မနေနဲ့ ....မာယာတွေပေါ်မှာ ချီးပန်း...
- KNUကို DKBAထိုင်းနယ်မြေအတွင်းမှဝင်တိုက်၊ ထိုင်းစစ...
- “NLD၊ KNU တို့ ကို အမျိုသားရေးအတွက် အကာအကွယ်ပေးကြပါ”
- Invitation letter of Nargis (1) Year Anniversary P...
- ဟွန်း ဆင်းရဲရင်ဆင်းကြည့် ကြိုင်ကြိုင်တဲ့ လေးလောင်း...
- အလှူငွေ စာရင်း..!
- သုံးပွင့်ဆိုင်ဆွေးနွေးရေးကိုသာ လုပ်ဆောင်မည်ဖြစ်ကြေ...
- April 25 2009 သတင်းများ.
- Karen National Union Statement on 2010 Elections
- ပြည်ထောင်စုလူ့အခွင့်အရေးကောင်စီမှထုတ်ဝေသော ဧပြီလထု...
- မြေသြဇာအဖွဲ့ဝင်တဦး အဖမ်းခံရ
- ကြောက်စရာ ၀က်တုပ်ကွေးရောဂါ သတင်း နှင့် ကာကွယ်ရန်အခ...
- IC LIVE TOUR IN Japan အောင်မြင်စွာပြီစီးခြင်း
- North Korean Artist Sun Mu ၏ပုံရိပ်များ
- ဒို့ ကျောင်းသား
- GWကိုစောမောင် ကျန်းမာရေးမကောင်း
- ANTI-SANCTIONS ဘာလဲ၊ ဘယ်လဲ
- ရာဇဝတ်ကောင်
- ပြောခြင်တာပြော
- မိုးသီးရွာချမှုကြောင့် လက်ဖက်တောင်သူများ အခက်အခဲကြုံနေ
- မလေးရှားမှ မြန်မာလုပ်သားတစ်ဦး လုပ်ငန်းခွင်၌ သေဆုံး
- ဂြိုဟ်တုစလောင်းများကို ပိတ်ပင်သင့်ကြောင်း မြန်မာသတ...
- ရှားရှားပါးပါး ၁၉၅၄ ခုနှစ်က ဟောလိဝုဒ်ရုပ်ရှင်ပိတ်...
- မြန်မာကို အမေရိကန် ဆက်ပိတ်ဆို့ရေး ပညာရှင်တချို့ တိ...
- ကိုမင်းကိုနိုင် ဆုရပြန်ပြီ
- နအဖ စစ်တပ် ယုတ်ကန်းမှု့များ
- ၂ဝ၁ဝ ကိုမေ့ပြီး ကုလားဆီ အာရုံပြောင်းအောင်လုပ်နေတာ
- I AM KILLER
- DJ 2010
- သေပြည်တော်မှာ သေရင်..လင်းတစာဘဲကြွေးရမယ်တဲ့
- ဆရာလူထုစိန်ဝင်း၏ `နန္ဒောပနန္ဒ နဂါး ချွတ်တော်မူပုံ´ေ...
- လူ၅၀ လူ၁၀ယောက် လူသန်း၅၀ အပိုင်း(၂)
- အချင်းချင်း ဖြောင်တာမို့ ..မင်းတို့ ပါးစပ်တွေ ပိတ်...
- မီးတော့ မပေးဖူး။ မီးစက်နဲ့  ၀ယ်လုပ်..အခွန်အတုတ်မှ...
- ဧပြီ ၂၂ ၂၀၀၉ သတင်းများ
- နယ်ချဲ့ ဆိုတာ.တိုင်းတပါးမှ မဟုတ်ဖူး
- ဇာဂနာ ထောင်တွင်း၌ သတိလစ်သွား အသည်းရောင်အသားဝါကြောင...
- လူသေလို့ မီးရှို့မရရင် သန်းရွှေ အိမ်ရှေ့မှာသွားပုံထား
- နောင်တ မရကြစေချင်ပါ
- သိကြားမင်း စီရင်ချက် ယမမင်း အခက်
- သူတို့ပြောတာအမှန်တွေ မယုံနဲ့ ငါလိမ်ပြောတာကြယုံ
- ထေရ၀ါဒဘုန်းကြီးကျောင်းသစ်ဖွင့်လှစ်ပွဲအခမ်းအနား
- ဂူးဂဲလ်၊ ဂျီတော့ခ် (ဂျီမေးလ်) အကြောင်း တစေ့တစောင်း
- လုပ်ချလိုက်ပြန်ပြီ..သာသနာညှိုးနွမ်းစေမှုတဲ့
- မြောက်ဥက္ကလာနှင့် မန္တလေးတွင် ဝမ်းရောဂါ ဖြစ်ပွားနေ
- ဘဘတို့ အတွက် ကြိတ်ဝိုင်း
- ဦးထိန်မောင် ကို ဘာသာပြန် ပေးတဲ့ ငတတ်ကြီး တိမသေ ဇာ...
- လက်ဖက်ရည်ဆိုင် လှုပ်ရှားမှု စတင်စို့ 
- အတတ်ဆန်းတိုင်း ကောင်းတာမဟုတ်..
- စည်းကမ်းဆိုတာ စာရွက်ပေါ်တင်ဘဲ..ဘဘတို့ လည်း ကြည့်ခ...
- အိုးမည်း ပေနေတဲ့ ကြက်တစ်ကောင်
- မြန်မာတပြည်လုံး ထောင်ထဲမှာ..
- လူ၅၀ လူ၁၀ယောက် လူသန်း၅၀ အပိုင်း(၁)
- အနှစ် ၂၀ ကြာ..တိုင်းပြည်လုယက်ထားသူကို မမြင်..ဘေးက ...
- အန်အယ်လ်ဒီ အထူးအစည်းအဝေး ကျင်းပမည်။
- ချိန်တန်ပြီ
- ဧပြီ ၂၁ ၂၀၀၉ သတင်း
- ဝတပ်မတော်ကြီးရဲ့ စစ်ရေးပြပွဲ
- Voice of Burma April 19 2009
- ဇိုယာဖန်ရေးသားတဲ့ သူ့ ဘဝအကြောင်း
- နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး တောင်းဆိုတဲ့ လက်...
- လူပျောက်ကြော်ငြာ
- ရုရှားနိုင်ငံသားတစ်ဦး၏ အဆုတ်တွင် ထင်းရှုးပင်ပေါက်ေ...
- ဘိုကလေးတွင် ဝမ်းရောဂါဖြစ်ပွားမှု အဆမတန်များပြားနေ
- ဇနီးကို မထီမဲ့မြင် လုပ်သည်ဟုဆိုကာ အရာရှိမှ ရွာသားက...
- ဒေါ်အောင်ဆန်းစုကြည်နှင့် နိင်ငံရေးအကျဉ်းသား များအမြ...
- စစ်အစိုးရကို ပိုဖိအားပေးရေး အမေရိကန် လွှတ်တော်အမတ်ေ...
- ဂျပန်သတင်းထောက် အသတ်ခံရသည့် ပူလီဇာဆုရ ဓါတ်ပုံ သတင်...
- အဝေးရောက်သားတွေ ပြန်ဆုံနိင်ကြပါစေ
- အဖေ မရှိတော့ ပထွေးရှာမိတာပါ
- ငါ့ကို ကော်မရှင်သာပေးလေ..မင်းဘဲလုပ်ကိုင်စားစေ.
- လယ်ယာ သိမ်းပိုက်ခံနေရကြောင်း တိုင်းရင်းသား လူငယ်မျ...
- သမိုင်းကို ကိုယ်ကျိုး အတွက် အရောင်မဆိုးသင့်
- ပိုက်ဆံရရင် အကုန်လုပ်တယ်..ချောင်းရိုက်ပေးရမလား..အမ...
- ကောင်းကင်ခရီး ကြွချီနေတဲ့ ရဟန်းတော် တစ်ပါးပုံတော်ဖ...
- တက္ကသိုလ်ကျောင်းသားသမဂ္ဂ
- ကျော်သူရဲ့ ဆုတံဆိပ်
- Mr Creater ရဲ့ ထိုးနက်ချက်
- ဧပြီ ၂၀ ၂၀၀၉ သတင်း
- NDF က UWSP နဲ့ လက်တွဲသွားမည်ဟု ဆို
- နေပြည်တော် ကြပ်ပြေးကြက်ခြင်းထဲက ကြက်ဘယ်အတက်နဲ့ ခွပ...
- ကျွန်တော်လေးစားမြတ်နိုးအပ်တဲ့ ဆရာစိုင်းခမ်းလိတ် အခ...
- မုံရွာထောင်ထဲက တက္ကသိုလ်ကျောင်းသူ
-
▼
April
(446)
No comments:
Post a Comment