Saturday, April 18, 2009

ဘူးသီးတောင်၊စစ်တွေ ပလက်ဝ နှင့် ကျောက်တော် မြို့ များတွင် မုန်တိုင်းဝင် မြေပြိုမှုများနှင့် လျှပ်စစ် မီးနှင့်ဖုန်းလိုင်းပြတ်တောက် မှုများဖြစ်ပွား

April 18th, 2009 by admin
ယမန်နေ့ ည အချိန်က စစ်တွေ နှင့် မောင်းတော မြို့ နယ်များတွင် ဘီဂျလီ မုန်တိုင်းစတင် ၀င်ရောက်ပြီးနောက် မိုးစတင်ရွာသွန်းခဲ့ရာ ဧပြီ လ၁၈ ရက် အာရုံတက်ချိန်ခန့် တွင် လေပြင်းမုန်တိုင်း တိုက်ခတ် ပြီးစစ်တွေ မြို့ ရှိ အချို့ အိမ် များမှာ အမိုးလန်ထွက် မှုများပြိုကျမှုများ ဖြစ်ပွားခဲ့သည်။ ဘူးသီးတောင် တွင် မုန်တိုင်းအရှိန်ကြောင့် သစ်ပင်များ ပြိုကျမှု၊အမြစ်မှ ကျွတ်ထွက် မှုများရှိသည်ဟု သတင်းရရှိ သည်။ စစ်တွေ နှင့် မောင်းတောတွင် မူ လျှပ်စစ်မီး များပြတ်တောက် မှုနေရာအချို့ တွင်ရှိသည်။စစ်တွေ မြို့ သို့ မုန်တိုင်းဝင် ရောင် စဉ် လေတိုက်ခတ်မှု နှုန်းမှာ တစ်နာရီ လျှင် ၅၆ မိုင် (၉၀ ကီလိုမီတာ)ခန့် ရှိသည်ဟုသိရသည်။
http://dagon.burmabloggers.net/ မှ

No comments:

Post a Comment