ဘာတွေများ ဖြစ်လာဦီးမည်နည်း။ ဒီမေးခွန်းကို ကျနော်အကြိမ်ကြိမ် မေးပေမဲ့အဖြေကထွက်မလာ။ လမ်းမဆုံးသေးသော်လည်း ရွာကိုလည်း မတွေ.သေး။ နေ့ခင်းကြောင်တောင် လမ်းပျောက်နေသူ တယောက် အဖြစ်။ ကြာတော့လဲ ကြာခဲ့ပြီ။ ဘာတွေ ဘယ်လို ဖြစ်ကုန်ပြီလဲ။ ကျနော် ခဏခဏ တွေးမိသည်။ အဖြေက ကျနော့်ဘ၀င်ကို မကျနိုင်။ ဘယ်သူမှ ဒီမေးခွန်းကို မဖြေနိုင်။ တလောက ဦီးနီတိုး ပြောသည်။ သူတို့ကလဲ သူတို့ အလုပ်ကို လုပ်နေသည်။ အလုပ်က ဘာလဲဆိုတော့ ကုလသမဂ္ဂ နှင့်သက်ဆိုင်သော ကိစ္စ။ သူတို့ကလဲ ဒီထက်ပို ဘာမှ မလုပ်နိုင်။ ကုလသမဂ္ဂဆိုကတည်းက ကိုယ်က အရှူံးနှင့်လည်း ရင်ဆိုင်ရနိုင်သည်။ ရင်ဆိုင်ရဖို့ကလဲ များသည်။ ရင်လဲ ရင်ဆိုင်နေရသည်။ န.အ.ဖ မှာ တရုတ်၊ ရုရှား ရှိသည်။ လုံခြုံရေး ကောင်စီ ကို သူတို့ မကြောက်။ အထွေထွေညီလာခံဆိုတာကလည်း မရေမရာ၊ မသေ မချာ အခြေအနေ။ ဒါကိုချည်းဘဲ ကြိုးစားလာခဲ့ကြတာ နှစ်ပေါင်း ဆယ်စုနှစ်ချီ ရှိပြီ။ န.အ.ဖ ပန်းပန်မြဲ။
ခက်တာက ကိုယ့်ဘက်က ဒီလမ်းကြောင်းဆို ဒီလမ်းကြောင်းပဲသွားသည်၊၊ တခြားလမ်းမရှာ။ မတွေ့။ တွေ့အောင်လည်း မကြိုးစား။ ထူးထူးခြားခြား ဘာမှမရှိ။ ပြောရရင် အာဏာရဖို့၊ အာဏာရအောင်လုပ်ဖို့ ကျနော်တို့ ဘက်ကမကြိုးစား။ နိုင်ငံတော် အာဏာ မယူဘဲဘာကို ပြောင်းလဲအောင် စွမ်းဆောင်ကြမည်နည်း။ ကိုယ့်ကိုယ်ကို ပြန်မေးကြည့်ကြပါ။
ကောင်းပြီ။ အာဏာကို ပေါင်းယူ၍မရ။ တိုက်ယူမှ ရမည် ဆိုသည်ကို ကျနော်တို့လက်ခံသည်။ န.အ.ဖ တသက်လုံး အာဏာကို လွှဲပြောင်း ပေးမည်မဟုတ်။ ဒါကို ကျနော်တို့ သိသည်။ လက်လဲ လက်ခံသည်။ န.အ.ဖ သွားနေသည့်လမ်းကြောင်းက ရှင်းသည်။ သူ့လမ်းသူသွားနေ သည့်အခြေအနေ။ သူကဘယ်သူ့ကိုမှ ဂရုမစိုက်။ နောက်ဆုံး အခြေအနေထိ ပြင်ထားသည်။ အားလုံးကို စိန်ခေါ်ထားသည်။ ကျနော်တို့ အင်အားတွေကို ရက်ရက်စက်စက် ဖိနှိပ်ချေမှုန်းနေသည်။ ကျနော်တို့ ခေါင်းငုံ့ ခံနေကြမှာလား။
ကျနော်တို့က ဘာလုပ်မှာလဲ ကိုယ့်ကိုယ်ကို ပြန်မေးကြည့်ပါ။ ဒီလိုနဲ့ဘဲ မိုးကြီးချုပ်မည့် အခြေအနေကိုတော့ ကျနော်တို့ လက်မခံ။ သွားကြသည့် လမ်းကြောင်းတွေက စုံသည်။ မီဒီယာကနေတဆင့် လူထုကို သတင်းပေးသူ။ ကိုယ့်သဘောထား အမြင်တွေကို တင်ပြသူ။ လူထုကို ဘာလုပ်ရင် ကောင်းမည်ဆိုသည်ကို စည်းရုံးလှုံ့ဆော်သူ။ လူထု မကြောက်အောင် အားပေးသူ။ န.အ.ဖ နောက်ဆုံးသတင်း လူထု။ ကမ္ဘာ့အသိုင်းအ၀ိုင်းသိအောင်၊ မိမိနိုင်ငံရေး အသိုင်းအ၀ိုင်းသိအောင် အသိပေးနေသူ။ ပြည်တွင်း ကွန်ယက် ထူထောင်သူ။ လူထု လှုပ်ရှားမှု ဖြစ်အောင် စည်းရုံးလှုံ့ဆော်သူ။ န.အ.ဖ အတွင်း၊ အပြင်၊ ပုဂ္ဂိုလ်ရေး သတင်းတွေကို စုဆောင်းနေသူ၊ ပစ်မှတ်တွေကို ရွေးနေသူ။ အတွင်း၊ အပြင် ဟန်ချက်ညီဘို့ ကြိုးစားနေသူ။ ရွှေဝါရောင်လို နောက်တခုပေါ်လာအောင် မျှော်လင့်ခြင်းကြီးစွာ ကြိုးစားနေသူ။ ကိုယ့်ပါတီ၊ ကိုယ့်အဖွဲ့အစည်း တည်ဆောက်နေသူ။ န.အ.ဖ မတော်တဆများ ပြုတ်ကျသွားရင် သမိုင်းအစဉ်အလာ ကြီးသော ပါတီ၊ အဖွဲ့အစည်းဆိုပြီး နေရာအဆင်သင့် ၀င်ယူဘို့ ကြိုးစားသူများ။ ပါတီ၊ အဖွဲ့အစည်း တည်ဆောက်ရေးက လွဲပြီး ကျန်တာ ဘာမှမလုပ်သော ပါတီ၊ အဖွဲ့အစည်းများ။ သင်တန်းတွေ၊ ဖိုရမ်တွေ၊ ၀ပ်ရှော့တွေ၊ ဆီမီနာတွေ အများဆုံးပေးနေပြီး ငွေနှင့် အချိန် ဖြုန်းနေသူများ။ ငွေအရှာကောင်းသူများ။ ပြည်တွင်းလုပ်ငန်းဆိုပြီး ဘာစါရင်းစစ်မှ မစစ်နိုင်သော အလုပ်နှင့် ၀င်ငွေ လမ်း ဖြောင့်နေကြသူများ။ န.အ.ဖကို ဆရာတင်ပြီး၊ တခါလာ ကိုယ့်အုပ်စုပဲ နေရာရအောင် ယူတတ်သည့် ဒီမိုကရေစီကို လက်တလုံးခြားမက၊ သုံးလေးလုံးခြား လုပ်တတ်သည့် အာဏာရှင်အသေး၊ အလတ်ကလေးများ။ တပ်ပေါင်းစုဆိုပြီး၊ ခဏ၊ ခဏအစည်းအဝေးလုပ်၊ မီဒီယာများနှင့် ထိတွေ့ကာ နေရာယူ၊ အချိန်ဖြုန်းနေကြသူများ။ ပေါ်လစီမိတ်ကာ ဆိုပြီးအဆင့်အတန်းခွဲကာ သူပုန်ခေါင်းဆောင် မဟုတ်သော ခေါင်းရှောင်သူများ။ အစိုးရဆိုပြီး တသက်လုံး အစိုးရ လုပ်တော့မည့် သူများ။ ပြည်သူလူထု ရွေးကောက်လိုက်သော ရာသက်ပန် အမတ်များ။ အာဏာမရှိသော ရာသက်ပန် ၀န်ကြီးချုပ်။ အစိုးရမမည်သော အစိုးရ။ လျော့ရဲရဲနိုင်သော စုပေါင်း၊ စပ်ပေါင်း တပ်ပေါင်းစု။ တိုက်ပွဲတပွဲမှ မတိုက်နိုင်သော လက်နက်ကိုင် အဖွဲ့။ အဖန်တရာ အနေပြီ ဖြစ်သော နိုင်ငံတကာ စါးပေါက်ထွင် လမ်းကြောင်း။ အင်ဂျီအိုနှင့် ပုလင်းတူဘူးဆို့ စားဖားရင့်နေကြသော အဖွဲ့များ။ ပရိုပိုဆယ် အရေးကောင်းသူ။ ညွှန်ကြားရေးမှူး၊ ဒါရိုက်တာ၊ ဥက္ကဌဆိုတာတွေပေါ် သာယာနေသူ။ သူများကို ကလော်ဆဲစာ အရေးကောင်းသူ။ နိုင်ငံရေး၊ တော်လှန်ရေး သမား တဖြစ်လဲ ဝင်ငွေ ထောနေသော မီဒီယာ သမားများ။ သမိုင်းမှန် ဖေါ်ထုတ်လိုသူ။ ဘာမှန်း မသိဘဲ ထောင်ကျခံလိုက်ရသူ။ သိသိကြီးနဲ့ ကျခံလိုက်ရသူ။ ထောင်ထဲမှာဘဲ နေ၊ သေတော့ မည်ဆိုတဲ့ ထောင်ပျော်သူတွေ။ ထောင်ကျရင်း ကိုယ့်ကိုယ်ကို အာဇာနည် ထင်လာသူတွေ။ ပြည်တွင်း၊ ပြည်ပကနေ န.အ.ဖ ကို ပန်းနဲ့ ပေါက်ချင်သူ။ န.အ.ဖ ကို ကိုယ့်အမျိုးထင်ပြီး ပြုံးပြနေ သူ။ ခေါင်းမရှိသော န.အ.ဖ ကို မေတ္တာရှေ့ထားပြီး၊ မေတ္တာတရား ဟောလိုသူများ။ ပြည်တွင်း ပြည်ပကနေ၊ န.အ.ဖ ဖင် ယက်ချင်သော သူများ။ ၂၀၁၀ ကို မှန်းနေသူများ။ ဒေါ်စုနှင့် အင်အယ်လ်ဒီကို ဆဲပြီး၊ ကိုယ့်ကိုယ့်ကို သိဓ္ဒိတင်ချင်သူများ။ နိုင်ငံခြားတက္ကသိုလ်တခု၊ နှစ်ခုက၊ ဘွဲ.တွေ တခုပြီး တခုယူပြီး၊ ပညာရှင်လုပ်တော့မည်ဆိုသည့်၊ ပညာ တတ်ယောင်ကားများ။ န.အ.ဖ ကို တတ်သည့်ပညာနှင့် ဖားမည် ဆိုပြီး ပြည်တွင်း ပြန်သွား၊ အဆက်အသွယ်လုပ်သူများ။ အရှက်မရှိ၊ မျက်နှာပြောင်တိုက် ပြန်လာတတ်သူများ။ ဘာကင်ပိန်း၊ ညာကင်ပိန်း၊ အင်မတန် ကင်ပိန်း အလုပ်ကောင်းသူများ။ န.အ.ဖ ကို တွေ.သည့်နေရာ ဗုံးခွဲမည်၊ လူသတ်မည်ဆိုသော ဘင်လာဒင် အမျိုးများ။ လက်နက်ကိုင် သူပုန်လုပ်ဖို့ မှန်းနေသူများ။ သူပုန်လုပ်ရင်း၊ လုပ်ရင်း န.အ.ဖ ကို ချစ်လာပြီး တပည့်ခံသွားသူများ။ ဘာမှ မလုပ်ဘဲ ထိုင်နေသူများ။ စာရေးရင်း ရေးရင်းနှင့် ကိုယ့်ကိုယ့်ကို သမိုင်းခေါင်းဆောင် ထင်လာသူများ။ ပြဿနာဖြစ်၊ သူများနှင့် ရန်ဖြစ်ရမှ နေပျော်သူများ။
ဘလော့ဂ်ထဲမှာ ကဗျာတွေ၊ စာတွေနဲ. သာယာနေသူများ။ ပို့သောစာမှန်သမျှ အကုန်ဖေါ်ပြသော ဝက်မာစတာ၊ အီးမေးလ် အုပ်စု မော်ဒရေတာများ။ အတင်း၊ အဖျင်း စုံလင်အောင် လက်စွမ်းပြလှသော အီးမေးလ် ရေးသူများ။ ကိုယ့်အချင်းချင်း ချရာမှာ အင်မတန် ကျွမ်းကျင်လှသော ကျနော်တို့ချစ်ရဲဘော်၊ ရဲမေများ။ ဘာမှ မသိသော ပြည်သူများ။ သို့မဟုတ် ဆယ်ခါသေဘူး၊ ပျဉ်းဘိုးနားလည်နေသော အင်မတန်မှ ဝါရင့်နေသော ပြည်သူများ။ နိုင်ငံရေးသမား၊ တော်လှန်ရေးသမားများထက်ကို ပိုတော်နေသော ပြည်သူများ။ ကုန်းကောက်စရာ မရှိအောင် ဆင်းရဲမွဲတေပြီး နိုင်ငံတကာ၊ သူတောင်းစား ဘဝရောက်နေသော ပြည်သူများ။ သူများနိုင်ငံမှာ သူများမျက်နှာကြည့်ပြီး ထမင်းလုစားနေရသော ပြည်သူများ၊ ဒုက္ခသည် စခန်းထဲမှာ တတိယ နိုင်ငံမျှော်နေသော ပြည်သူများ၊ တောထဲမှာ အသက်ဘေးလု ပုန်းနေရသော ပြည်သူများ။ ပေါက်ဖေါ်ကြီး န.အ.ဖ ဆရာလုပ်နေသောကြောင့် အနေရ ခက်နေသော တချိန်က ပေါက်ဖေါ်ကြီး တပည့်များ။ မြန်မာပြည် အရေး ပစ်ထားသော အမေရိကန်များ။ မသေမရှင် ပေးနေသော အရောပနိုင်ငံများ။ ခရီးစရိတ်။ န.အ.ဖ လက်ဆောင် လာယူတတ်သည့် ဝါရင့် နိုင်ငံတကာ စားဖားသံတမန် ကြီးများ။ န.အ.ဖ အကြိုက် မေးခွန်းမေး၊ ဖွပြီး ပွဲစည်အောင် လုပ်တတ်သည့် မီဒီယာ ဆရာကြီးများ။ ပြည်သူလူထု မျက်စိလည်အောင်၊ အဖြေ ဘာမှန်းမသိအောင် ဖြေဆိုတတ်သည့်၊ နိုင်ငံရေး သုခမိန်ဆိုသော တခါလာ ဒီလူများ။ မြန်မာပြည် အကြောင်း တကယ်မသိသော ကျွမ်းကျင်သူများ စသည်ဖြင့်၊ စသည်ဖြင့် အရည်အချင်း စုံလင်လှသော ကျနော်တို့ ဒီမိုကရက်တစ် အုပ်စုကြီးကို န.အ.ဖ မျက်စိလည်နေပါ၏။ န.အ.ဖ ဘာမှ မလုပ်တတ်တော့ပါ။ များလှသော ပြည်တွင်း၊ ပြည်ပ ကွန်ပြူတာများ၊ ဆဲလ်ဖုန်းများကလည်း သောက်သောက်လဲ၊ ပေါလိုက်သည့် ငွေများကလည်း၊ လှူငွေ၊ ဖန်တီးငွေ၊ ရသမျှနည်းဖြင့် ရှာငွေ၊ စသည်ဖြင့် တောင့်တင်းကြပါ၏။ တတ်လိုက်သည့် အတတ်ပညာကလည်း၊ တဘက်ကမ်းခတ်၊ တယောက်တမျိုး၊ စုံအောင် နည်းအမျိုးမျိုး လက်စွမ်း ပြနေကြရာ၊ န.အ.ဖ စိတ်ညစ်မည် ဆို ညစ်လောက်သည်။
ကိုရွှေ န.အ.ဖ ကလည်း ဦီးသန်းရွှေမှ ဦီးသန်းရွှေ၊ ဦီးသန်းရွှေကလွဲရင် ဖွဲနဲ့ ဆန်ကွဲ။ တိုင်းပြည် တပြည်လုံးလည်း ဦးသန်းရွှေနှင့် ဒေါ်ကြိုင်ကြိုင် ပြုသမျှ နုနေရရာ၊ ပြည်သူတို့ ထွက်ရပ်လမ်း ဆိုသည်မှာ မမျှော်ပါနှင့်တော့။ ဒီမိုကရေစီဆိုသည်မှာလည်း အလာနီးပေမယ့် ခရီးက အဝေးကြီးပါလို့ ပြောရမလို ဖြစ်နေပါကြောင်း။ ။
သာဝက
လင်းရောင်ခြည် မှ
Tuesday, April 14, 2009
“ ဘာတွေ၊ ဘယ်လို ဖြစ်ကုန်ပြီလဲ ”
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2009
(4093)
-
▼
April
(446)
- NLD ပြည်နယ်နှင့်တိုင်းအစည်းအဝေး သဘာပတိမိန့်ခွန်း၊ ...
- (မေ ၃၀) ဒီပဲယင်း လုပ်ကြံမှု ကြီး (၇၁)လ ပြည့် ၀မ်း...
- ၀မ်းနည်းကြေကွဲခြင်း
- ဗ.က.သ ကဂုဏ်ပြုတဲ့ ဂွမ်ဂျူးလူ့အခွင့်အရေးဆုရှင် ကိုမ...
- တ၇ားမရှိတဲ့ ရှေ့ နေချုပ် ဇီဝိန်တော့ချုပ်တော့မယ်..
- ကိုညီညီထွေး ၏ အင်တာဗျူး
- ဧပြီ ၂၉ ၂၀၀၉ သတင်းများ
- မကောင်းဆိုးဝါးတွေကို ကမ္မဝါနဲ့ နှင်ရအောက်
- မင်း ကိုနိုင် မဲ့ မင်းကိုနိုင်
- NLD အစည်းအဝေး ၏ သဘာပတိ မိန့် ခွန်း
- အသက်ရှူတာခြင်းကွဲသေးတယ်..ရှက်ဖွယ်
- NLD LA သြစတေးသျှ ၏ သတင်းထုတ်ပြန်ချက် - ဧပြီလ ၂၉ -၂၀၀၉
- တရုတ်တွင် တတိယမြောက်မျိုးဆက် ရေအားသုံးအဏုမြူဓာတ်ပေ...
- ဟောင်ကောင်နှင့် ကနေဒါသုတေသနပညာရှင်တို့က H5N1 တုပ်ေ...
- ဒီမိုကရေစီ မဆန်တဲ့ အချက်တွေကို ပြုပြင်ပေးလျင် NLD ...
- အန်အယ်ဒီ၏ ရွှေဂုံတိုင် ကြေညာစာတမ်း
- ၀က်တုပ်ကွေးကြောင့် အမေရိကန်မှာ ကလေးငယ် တဦးသေဆုံး
- နေပြည်တော်တွင် လေဆိပ်အသစ်တဲ့
- တွံတေးတွင် ဝက်များ အစုလိုက် သေဆုံးနေ
- နာဂိုယာ(ဂျပန်)ဒီမိုကရေစီလှုပ်ရှားမှု
- နာဂစ်သင့်ဒေသများ ကန်ရေသုံးမရ သောက်သုံးရေ အခက်အခဲဖြ...
- ကုစားရာမဲ့ စိတ်ဒဏ်ရာ ခံစားနေရသူများ
- ဆန်ဈေးနှုန်း တရိပ်ရိပ် မြင့်တက်လာ
- Postcard from Beijing ဆိုပြီး attachment file နဲ့ ...
- မြန်မာပြည်မှာခွေးတုတ်ကွေးဖြစ်နေတယ်
- NLD News
- ဧပြီ ၂၈ ၂၀၀၉ သတင်း
- ဧပြီ ၂ရ ရက် ၂၀၀၉ သတင်းများ
- အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရဲ့ ပထမနေ့ အစည်းအေ...
- အချက်သုံးချက်ကို လိုက်လျောရင် NLD ရွေးကောက်ပွဲဝင်မည်
- မြန်မာပြည်သူများအတွက် BDC ၏ ဝန်ဆောင်မှုအသစ်
- ဝက်တုတ်ကွေူး ထိုင်းနိုင်ငံမှာ စတင်တွေ့ရှိ
- အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ် အထူးအစည်းအဝေးမှ သဘာ...
- စစ်သားများကို ပြည်သုံးလုံး အစီအစဉ်ဖြင့် ပြောင်းရွှေ...
- ဗိုလ်တစ်ထောင်၂လောင်းပြိုင်လူသတ်မှု ဖမ်းမိပြီ။ ၅လော...
- မြန်မာစစ်တပ်(ဘုရားစူးမြန်မာပြည်သူ့ တပ်မဟုတ်ရပါ)ကေ...
- ကြပ်ပြေးကအဘအိုတို့  ရေ....သိပ်လည်းမကြောက်ကြပါနဲ့ဗျ...
- အန်အယ်ဒီ အစည်းအဝေးသို့ လုံခြုံရေးများ စောင့်ကြည့်
- စုံညီအစည်းအဝေးအတွက် အန်အယ်လ်ဒီပါတီဝင်များ အနှောင့်...
- ကေအန်ယူကို ဒီကေဘီအေ ထိုင်းမြေအတွင်းမှ ၀င်တိုက် ထို...
- ၀က်တုပ်ကွေးကူးစက်မှု သတိပေးအဆင့် WHO တိုးမြှင့်
- နာဂစ်ဒေသတွင် သောက်ရေ ရှားဦးမည်
- ငွေမပေးနိုင်ခြင်းကြောင့် မြန်မာအလုပ်သမားတချို့ DKB...
- DKBA ဧ၊် သက်သက်လွတ်စားရန်အမိန့်ကိုမကျေနပ်သည် ဗုဒ္ဓဘ...
- ကျောက်ထုလုပ်သား အင်္ဂါကို မီးရှို့၍ စစ်ဆေး
- ရူးချင်ယောင်ဆောင်မနေနဲ့ ....မာယာတွေပေါ်မှာ ချီးပန်း...
- KNUကို DKBAထိုင်းနယ်မြေအတွင်းမှဝင်တိုက်၊ ထိုင်းစစ...
- “NLD၊ KNU တို့ ကို အမျိုသားရေးအတွက် အကာအကွယ်ပေးကြပါ”
- Invitation letter of Nargis (1) Year Anniversary P...
- ဟွန်း ဆင်းရဲရင်ဆင်းကြည့် ကြိုင်ကြိုင်တဲ့ လေးလောင်း...
- အလှူငွေ စာရင်း..!
- သုံးပွင့်ဆိုင်ဆွေးနွေးရေးကိုသာ လုပ်ဆောင်မည်ဖြစ်ကြေ...
- April 25 2009 သတင်းများ.
- Karen National Union Statement on 2010 Elections
- ပြည်ထောင်စုလူ့အခွင့်အရေးကောင်စီမှထုတ်ဝေသော ဧပြီလထု...
- မြေသြဇာအဖွဲ့ဝင်တဦး အဖမ်းခံရ
- ကြောက်စရာ ၀က်တုပ်ကွေးရောဂါ သတင်း နှင့် ကာကွယ်ရန်အခ...
- IC LIVE TOUR IN Japan အောင်မြင်စွာပြီစီးခြင်း
- North Korean Artist Sun Mu ၏ပုံရိပ်များ
- ဒို့ ကျောင်းသား
- GWကိုစောမောင် ကျန်းမာရေးမကောင်း
- ANTI-SANCTIONS ဘာလဲ၊ ဘယ်လဲ
- ရာဇဝတ်ကောင်
- ပြောခြင်တာပြော
- မိုးသီးရွာချမှုကြောင့် လက်ဖက်တောင်သူများ အခက်အခဲကြုံနေ
- မလေးရှားမှ မြန်မာလုပ်သားတစ်ဦး လုပ်ငန်းခွင်၌ သေဆုံး
- ဂြိုဟ်တုစလောင်းများကို ပိတ်ပင်သင့်ကြောင်း မြန်မာသတ...
- ရှားရှားပါးပါး ၁၉၅၄ ခုနှစ်က ဟောလိဝုဒ်ရုပ်ရှင်ပိတ်...
- မြန်မာကို အမေရိကန် ဆက်ပိတ်ဆို့ရေး ပညာရှင်တချို့ တိ...
- ကိုမင်းကိုနိုင် ဆုရပြန်ပြီ
- နအဖ စစ်တပ် ယုတ်ကန်းမှု့များ
- ၂ဝ၁ဝ ကိုမေ့ပြီး ကုလားဆီ အာရုံပြောင်းအောင်လုပ်နေတာ
- I AM KILLER
- DJ 2010
- သေပြည်တော်မှာ သေရင်..လင်းတစာဘဲကြွေးရမယ်တဲ့
- ဆရာလူထုစိန်ဝင်း၏ `နန္ဒောပနန္ဒ နဂါး ချွတ်တော်မူပုံ´ေ...
- လူ၅၀ လူ၁၀ယောက် လူသန်း၅၀ အပိုင်း(၂)
- အချင်းချင်း ဖြောင်တာမို့ ..မင်းတို့ ပါးစပ်တွေ ပိတ်...
- မီးတော့ မပေးဖူး။ မီးစက်နဲ့  ၀ယ်လုပ်..အခွန်အတုတ်မှ...
- ဧပြီ ၂၂ ၂၀၀၉ သတင်းများ
- နယ်ချဲ့ ဆိုတာ.တိုင်းတပါးမှ မဟုတ်ဖူး
- ဇာဂနာ ထောင်တွင်း၌ သတိလစ်သွား အသည်းရောင်အသားဝါကြောင...
- လူသေလို့ မီးရှို့မရရင် သန်းရွှေ အိမ်ရှေ့မှာသွားပုံထား
- နောင်တ မရကြစေချင်ပါ
- သိကြားမင်း စီရင်ချက် ယမမင်း အခက်
- သူတို့ပြောတာအမှန်တွေ မယုံနဲ့ ငါလိမ်ပြောတာကြယုံ
- ထေရ၀ါဒဘုန်းကြီးကျောင်းသစ်ဖွင့်လှစ်ပွဲအခမ်းအနား
- ဂူးဂဲလ်၊ ဂျီတော့ခ် (ဂျီမေးလ်) အကြောင်း တစေ့တစောင်း
- လုပ်ချလိုက်ပြန်ပြီ..သာသနာညှိုးနွမ်းစေမှုတဲ့
- မြောက်ဥက္ကလာနှင့် မန္တလေးတွင် ဝမ်းရောဂါ ဖြစ်ပွားနေ
- ဘဘတို့ အတွက် ကြိတ်ဝိုင်း
- ဦးထိန်မောင် ကို ဘာသာပြန် ပေးတဲ့ ငတတ်ကြီး တိမသေ ဇာ...
- လက်ဖက်ရည်ဆိုင် လှုပ်ရှားမှု စတင်စို့ 
- အတတ်ဆန်းတိုင်း ကောင်းတာမဟုတ်..
- စည်းကမ်းဆိုတာ စာရွက်ပေါ်တင်ဘဲ..ဘဘတို့ လည်း ကြည့်ခ...
- အိုးမည်း ပေနေတဲ့ ကြက်တစ်ကောင်
- မြန်မာတပြည်လုံး ထောင်ထဲမှာ..
- လူ၅၀ လူ၁၀ယောက် လူသန်း၅၀ အပိုင်း(၁)
- အနှစ် ၂၀ ကြာ..တိုင်းပြည်လုယက်ထားသူကို မမြင်..ဘေးက ...
- အန်အယ်လ်ဒီ အထူးအစည်းအဝေး ကျင်းပမည်။
- ချိန်တန်ပြီ
- ဧပြီ ၂၁ ၂၀၀၉ သတင်း
- ဝတပ်မတော်ကြီးရဲ့ စစ်ရေးပြပွဲ
- Voice of Burma April 19 2009
- ဇိုယာဖန်ရေးသားတဲ့ သူ့ ဘဝအကြောင်း
- နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး တောင်းဆိုတဲ့ လက်...
- လူပျောက်ကြော်ငြာ
- ရုရှားနိုင်ငံသားတစ်ဦး၏ အဆုတ်တွင် ထင်းရှုးပင်ပေါက်ေ...
- ဘိုကလေးတွင် ဝမ်းရောဂါဖြစ်ပွားမှု အဆမတန်များပြားနေ
- ဇနီးကို မထီမဲ့မြင် လုပ်သည်ဟုဆိုကာ အရာရှိမှ ရွာသားက...
- ဒေါ်အောင်ဆန်းစုကြည်နှင့် နိင်ငံရေးအကျဉ်းသား များအမြ...
- စစ်အစိုးရကို ပိုဖိအားပေးရေး အမေရိကန် လွှတ်တော်အမတ်ေ...
- ဂျပန်သတင်းထောက် အသတ်ခံရသည့် ပူလီဇာဆုရ ဓါတ်ပုံ သတင်...
- အဝေးရောက်သားတွေ ပြန်ဆုံနိင်ကြပါစေ
- အဖေ မရှိတော့ ပထွေးရှာမိတာပါ
- ငါ့ကို ကော်မရှင်သာပေးလေ..မင်းဘဲလုပ်ကိုင်စားစေ.
- လယ်ယာ သိမ်းပိုက်ခံနေရကြောင်း တိုင်းရင်းသား လူငယ်မျ...
- သမိုင်းကို ကိုယ်ကျိုး အတွက် အရောင်မဆိုးသင့်
- ပိုက်ဆံရရင် အကုန်လုပ်တယ်..ချောင်းရိုက်ပေးရမလား..အမ...
- ကောင်းကင်ခရီး ကြွချီနေတဲ့ ရဟန်းတော် တစ်ပါးပုံတော်ဖ...
- တက္ကသိုလ်ကျောင်းသားသမဂ္ဂ
- ကျော်သူရဲ့ ဆုတံဆိပ်
- Mr Creater ရဲ့ ထိုးနက်ချက်
- ဧပြီ ၂၀ ၂၀၀၉ သတင်း
- NDF က UWSP နဲ့ လက်တွဲသွားမည်ဟု ဆို
- နေပြည်တော် ကြပ်ပြေးကြက်ခြင်းထဲက ကြက်ဘယ်အတက်နဲ့ ခွပ...
- ကျွန်တော်လေးစားမြတ်နိုးအပ်တဲ့ ဆရာစိုင်းခမ်းလိတ် အခ...
- မုံရွာထောင်ထဲက တက္ကသိုလ်ကျောင်းသူ
-
▼
April
(446)
No comments:
Post a Comment