Sat 11 Apr 2009, သူရိန်
KNU အဖွဲ့အစည်းမှ ခွဲထွက်ပြီး စစ်အစိုးရထံတွင် လက်နက်ချအလင်းဝင်ခဲ့သော ကရင်ငြိမ်း ချမ်းရေးကောင်စီအမည်ခံ KNU တပ်မတော် (၇) တပ်မမှူး ဗိုလ်ချုပ်ဌေးမောင်၏ အဖွဲ့သည် ထိုင်းမြန်မာနယ်စပ်ဒေသတစ်ခုဖြစ်သည့် ဘုရားသုံးဆူဒေသတွင် စီးပွားရေးအခြေချရန် နယ်မြေတိုးချဲ့ရန်အတွက် ၂၀၉ ဖေဖော်ဝါရီလတွင် ရောက်ရှိလာခဲ့ပြီဖြစ်သည်။
ကရင်ငြိမ်းချမ်းရေးကောင်စီ ဦးဌေးမောင်၏အဖွဲ့မှ ဒုတိယဗိုလ်ချုပ် တပသီနှင့် အဖွဲ့သည် ၂၀၀၉ ဖေဖော်ဝါရီ (၇) ရက်နေ့တွင် ထိုင်းအစိုးရစစ်ဘက် အငြိမ်းစားအရာရှိတစ်ဦး ဦး ဆောင်သည့် အဖွဲ့ဝင်များနှင့်အတူ ဘုရားသုံးဆူမြို့သို့ ရောက်ရှိလာပြီး နအဖ စစ်အစိုးရ အဖွဲ့အစည်းများဖြစ်သည့် ဘုရားသုံးဆူမြို့နယ်ခွဲ အထွေထွေအုပ်ချုပ်ရေးမှူး ရှေ့တန်းခြေ လျှင်တပ်ရင်း အမှတ် (၂၄) တပ်ရင်းမှူးစစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့ (စ.ရ.ဖ) များနှင့် တွေ့ဆုံကာ ၎င်းတို့၏လုပ်ငန်းအစီအစဉ်များကို အကောင်အထည်ဖော်ရန် ဆွေးနွေးခဲ့ကြ သည်ဟု ၎င်းအဖွဲ့အစည်းနှင့် နီးစပ်သည့် အသိုင်းအ၀ိုင်းများက ပြောသည်။
ဦးဌေးမောင်၏ အဖွဲ့ဝင်များသည် ၎င်းတို့၏ စီးပွားရေးဇုံနှင့် စက်မှုဇုံများ တည်ဆောက်ရန် အတွက် ဖေဖော်ဝါရီ (၁၀) ရက်နေ့တွင် ထိုင်းမြန်မာနယ်စပ်ဖြစ်သည့် ဘုရားသုံးဆူမြို့ မြန် မာနိုင်ငံရဲတပ်ဖွဲ့စခန်းအနောက်ဖက်ရှိ မြေလွတ်များကို သွားရောက်ကြည့်ရှုခဲ့ကြသည်။ အဆိုပါမြေများသည် ၂၀၀၅ ခုနှစ်တွင် ကရင်ပြည်နယ်(ပ.ယ.က) ဥက္ကဌ ဦးခင်ကြူ ဘုရား သုံးဆူ ရောက်စဉ်ကတည်းက ကျူးကျော်အိမ် ခြေများကို ဖြိုဖျက်ခိုင်းပြီး မြန်မာအစိုးရပိုင် မြေများအဖြစ် သိမ်းယူခဲ့သည့် မြေများလည်း ဖြစ်သည်။ ကရင်ငြိမ်းချမ်းရေး ကောင်စီအဖွဲ့ များနှင့် နီးစပ်သည့် အသိုင်းအ၀ိုင်း၏ အဆိုအရ ၎င်းနယ်မြေများတွင် စက်မှုဇုံများ တည်ဆောက်ရန်အတွက် နိုင်ငံတော်ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့် ထံမှ မြေဧက (၁၀၀) အတွက် ခွင့်ပြုချက် ရထားပြီး ဖြစ်သည်ဟုလည်း ဆိုပါသည်။
ကရင်ငြိမ်းချမ်းရေးကောင်စီဥက္ကဌ ဦးဌေးမောင်တို့အဖွဲ့၏ လှုပ်ရှားမှုများကို ဘုရားသုံးဒေသ ရှိ စီးပွားရေးလုပ်ငန်းရှင်များ လက်နက်ကိုင် အဖွဲ့အစည်းများ နိုင်ငံရေးလေ့လာသူများက အာရုံစိုက်လျှက်ရှိနေကြကြောင်း လေ့လာသူတစ်ချို့က ဆိုပါသည်။ အမျိုးသားအရေးကို ဆောင်ရွက်နေသူ မွန်လူငယ်တစ်ဦးကလည်း ဦးဌေးမောင်အဖွဲ့၏ လှုပ်ရှားမှုအစီအစဉ်များ မှာ စီးပွားရေးကဏ္ဍတစ်ခုတည်းအတွက် မဖြစ်နိုင်ကြောင်း အဓိကရည်ရွယ်ချက်သည် နယ် မြေစိုးမိုးရေးနှင့် နယ်မြေတိုးချဲ့မှုများသာ ဖြစ်နိုင်ကြောင်း အခြေအနေ အရပ်ရပ်ကို သုံးသပ် ၍ ၎င်း၏ယူဆချက်ကို ပြောသည်။
၎င်းက “ကျနော့်အမြင်ကို ပြောရမယ်ဆိုလို့ရှိရင် ဦးဌေးမောင်တို့ အဖွဲ့ဟာ စီးပွားရေး အခြေ ချရုံတစ်ခုတည်းနဲ့ ဒီကိုရောက်လာတာ မဖြစ်နိုင်ဘူး၊ ဒီလိုနယ်စပ်မှာ စီးပွားရေးကို အ ကြောင်းပြပြီး ခြေကုတ်ယူဖို့ နယ်မြေတိုးချဲ့ဖို့ဘဲ ဖြစ်နိုင်တယ်၊ ဘာ့ကြောင့်လည်းဆိုတော့ KNU အဖွဲ့အစည်းကနေ ခွဲထွက်လာခဲ့တဲ့ အဖွဲ့အစည်းတော်တော်များများဟာ စစ်အစိုးရဆီ မှာ လက်နက်ချပြီးတော့ နယ်မြေစိုးမိုးမှုများကို လုပ်လာတာတွေ့ရတယ်၊ ပြည်တွင်းမှာဆို လည်း နေရာတိုင်းမှာ ကရင်အဖွဲ့အစည်းတွေ ချည်းပဲ၊ မွန်ပြည်သစ်ပါတီက စိုးမိုးထားတဲ့ နေရာဒေသတော်တော်များးများမှာတောင်မှ ဘုရားတည်ထားတာတို့ စခန်းချထားတာတို့ တွေ့ရတယ်၊ အဲဒါတွေဟာ နယ်မြေချဲ့ပြီး ခြေကုတ်ယူတာမျိုးလို့ဘဲ ကျနော်ထင်တယ်၊ ဘု ရားသုံးဆူဒေသ၀န်းကျင်မှာဆိုလည်း ဦးဌေးမောင်တို့အဖွဲ့ရောက်လာပြန်ပြီ၊ နယ်စပ်မှာ ကရင်အဖွဲ့အစည်းတွေနဲ့ပြည့်နေပြီ ကျနော်တို့ မွန်လူမျိုးတွေနဲ့ နေရာဒေသအတွက်တော့ စိုးရိမ်စရာဖြစ်နေပြီ” ဟု သူ၏ ယူဆချက်ကို ထပ်မံ၍ ပြောဆိုပါသည်။
ကရင်ငြိမ်းချမ်းရေးကောင်စီ အမည်ခံထားသော ဦးဌေးမောင်သည် KNU တပ်မဟာ (၇) မှ တပ်မမှူးဖြစ်ပြီး ၂၀၀၇ ဖေဖော်ဝါရီလ (၁၁) ရက်နေ့တွင် တပ်ဖွဲ့ဝင် (၃၀၉) ဦး မိသားစုဝင် (၁၁) ဦး စုစုပေါင်း (၁၂၀) ဦးဖြင့် ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ထို့ကောကိုးကျေး ရွာတွင် စစ်အစိုးရထံ လက်နက်ချ အလင်းဝင်လာသူတစ်ဦးဖြစ်ပြီး စစ်အစိုးရ၏ အားပေးမှု ကို အစဉ်တစိုက် လုပ်ကိုင်လာခဲ့ရာမှ ယ္ခုအခါဆိုလျှင် ဘုရားသုံးဆူနယ်စပ်ဒေသသို့ပင် နယ်ချဲ့ကျူးကျော်ကာ ၀င်ရောက်လာခဲ့ပြီ ဖြစ်သည်။
စစ်အစိုးရထံမှ မဖြစ်စလောက်သော အခွင့်အရေးများကို ရယူထားသည့် ဦးဌေးမောင်၏ အ ဖွဲ့သည် ဘုရားသုံးဆူဒေသသို့ ရောက်ရှိလာ ခဲ့ပြီးနောက် ၎င်းတို့၏ အရှိန်အ၀ါဖြင့် ၀ိသမ လောဘသား စီးပွားရေးသမားများအား စည်းရုံးခြင်း၊ အဖွဲ့ဝင်အင်အားများ တိုးချဲ့ခြင်း နယ် မြေဒေသအား စိုးမိုးနိုင်ရန် ကြီးမားသော စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်နိုင်ရန်အတွက် စစ်အစိုးရထံတွင် လုပ်ပိုင်ခွင့်များကို တောင်းခံနေသော်လည်း အခြေအနေအရပ်ရပ်ကြောင့် ၎င်းတို့လိုအပ်သလို ဖြစ်လာနိုင်ရန်အတွက် အခက်အခဲများစွာ ရှိနေကြကြောင်း ကိုလည်း ၎င်းအဖွဲ့အစည်းနှင့် နီးစပ်သည့် အသိုင်းအ၀ိုင်းများက ပြောဆိုနေကြသည်။
ကရင်ငြိမ်းချမ်းရေးကောင်စီ ဦးဌေးမောင်၏အဖွဲ့သည် ၎င်းတို့၏ လုပ်ငန်းများ အခြေအမြစ် ခိုင်မာစေရန်အတွက် ၂၀၀၉ မတ်လ ၂၉ ရက်နေ့တွင် ဘုရားသုံးဆူမြို့ အမှတ် (၃) ရပ် ကွက် ဘုရင့်နောင်လမ်းမကြီးတွင် ကရင်ငြိမ်းချမ်းရေးကောင်စီ ဆက်ဆံရေးရုံးကို ဖွင့်လှစ် နိုင်ခဲ့ပြီဖြစ်သည်။ ဦးဌေးမောင်အဖွဲ့၏ လှုပ်ရှားမှုများကို သာမန်အရပ်သူ အရပ်သားများက ဝေဖန်ပြောဆိုမှုများ မရှိသော်လည်း စီးပွားရေးသမားတစ်ချို့နှင့် နိုင်ငံရေးလေ့လာသူတချို့ က ဝေဖန်ပြောဆိုမှုများ ရှိနေကြသည်။
မွန်အမျိုးသားအရေး လှုပ်ရှားသူတစ်ဦးက “သူတို့အနေနဲ့ အစိုးရရဲ့ မြှောက်ထိုးပင့်ကော်မှု ကို ယုံကြည်ပြီး ထင်ရာလုပ်မယ့်သဘောဘဲလို့ ကျနော်တော့ မြင်တယ်၊ နိုင်ငံရေးနဲ့ အမျိုး သားရေး ခံယူချက်လုံးဝ ခိုင်မာမှု မရှိတဲ့ အဖွဲ့အစည်းတွေကိုလည်း ကျနော်သုံးသပ်တယ်၊ ဘာကြောင့်လည်းဆိုတော့ ကျနော်တို့ ပြည်ထောင်စုထဲမှာ တိုင်းရင်းသားလူမျိုး ပေါင်းစုံရှိ တယ်၊ မိမိတို့လူမျိုးကို ကိုယ်စားပြုတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေလည်း ရှိတယ်၊ ဒါပေ မယ့် ရပ်တည်မှုနဲ့ ခံယူချက်ခြင်းကလည်း မတူညီကြဘူး၊ ခံယူချက်အပြည့်အ၀နဲ့ ရပ်တည် နေကြတဲ့ အဖွဲ့အစည်းတွေကြတော့ ကိုယ်ကျိုးကို မကြည့်ဘူး၊ စစ်အစိုးရရဲ့ ထားရာနေ စေ ရာသွားရတဲ့ ဘ၀မျိုးမှာ မနေဘူး၊ အခု ကျနော်သိသလောက် KNU,KNLA က ခွဲထွက်လာ ခဲ့တဲ့ နာမည်မျိုးစုံနဲ့ အရင်အဖွဲ့အစည်းတွေကတော့ နိုင်ငံရေးခံယူချက် အမျိုးသားရေး ခံယူ ချက် ဘာတစ်ခုမှ မရှိဘဲ မိခင် KNU ရဲ့ ရင်ခွင်ကို စုံကန်ပြီးတော့ ထွက်လာကြတဲ့ သားဆိုး သားမိုက်တွေဘဲလို့ ကျနော်မြင်တယ်” ဟု ဝေဖန် ပြောဆိုသည်။
KNU, KNLA မှ ခွဲထွက်ပြီး အမည်နာမမျိုးစုံဖြင့် စစ်အစိုးရထံတွင် လက်နက်ချအလင်းဝင်ခဲ့ ကြသော ကရင်လက်နက်ကိုင် အဖွဲ့အစည်း များ သည် စစ်အစိုးရ၏ မြှောက်ထိုးပင့်ကော် လုပ်ပေးမှုကြောင့် တိုင်းရင်းသား ပြည်သူများအကြားတွင် စီးပွားရေး လူမှုရေး ကဏ္ဍပေါင်း စုံဖြင့် နိုင်ထက်စီးနင်းပြုလုပ်နေမှုများကိုလည်း မကြာမခဏ တွေ့မြင်ခဲ့ကြရသည်။ အမျိုး သားရေးနှင့် နိုင်ငံရေးခံယူချက် လုံးဝမရှိဘဲ ၎င်းတို့အဖွဲ့အစည်းများ၏ အတ္တအကျိုးအတွက် သာ ဆောင်ရွက်နေကြသည့် ၎င်းအဖွဲ့အစည်းများမှာ စစ်အစိုးရ၏ ကြိုးဆွဲရာ ကနေကြ သည့် ရုပ်သေးရုပ်များ ဖြစ်မှန်းမသိ ဖြစ်နေသလို မြန်မာပြည်တွင်းရှိ တိုင်းရင်းသားပေါင်းစုံ တို့အား နှိပ်စက်ချင်သလို နှိပ်စက်နိုင်ရန် နိုင်ငံရေးလမ်းစဉ်များကို ချမှတ်ထားသည့် စစ်အ စိုးရအဖွဲ့အစည်းအား မှီခိုကာ ဘ၀င်မြင့် နေကြသူများအဖြစ်နှင့်လည်း တွေ့မြင်နေကြရပေ သည်။
မိခင်ရင်ခွင်ဖြစ်သည့် KNU, KNLA အား ခြေစုံကန်ခွဲထွက်ပြီး စစ်အစိုးရထံတွင် လက်နက်ချ အလင်းဝင်ခဲ့ကြသည်။ သားဆိုးသားမိုက် များ မှာ ၁၉၉၅ ခုနှစ် ဇွန်လ (၁၁) ရက်နေ့တွင် ဦး စောသာထူးကျော် ဦးဆောင်သည့် အဖွဲ့သည် မြိုင်ကြီးငူ အထူးဒေသတွင် လည်း ကောင်း၊ ၁၉၉၇ ခုနှစ် ဖေဖော်ဝါရီလ (၂၄) ရက်နေ့တွင် KNU တပ်မဟာ (၆) တပ်ရင်း (၁၆) မှ ဦး စောသမူဟဲ ဦးဆောင်သည့် အဖွဲ့သည် ကြာအင်း ဆိပ်ကြီးမြို့နယ် အဇင်းကျိုက်ဒုံဒေသတွင် လည်းကောင်း၊ သံတောင် အထူးဒေသတွင် ဦးစောဖဲရီမိုး ဦးဆောင်သည့် အဖွဲ့သည်လည်း ကောင်း၊ ၁၉၉၈ ခုနှစ် ဧပြီလ (၁၇) ရက်နေ့တွင် ဖဒိုအောင်ဆန်း ဦးဆောင်သည့်အဖွဲ့သည် ဘားအံဘုရားကုန်းတွင် လည်းကောင်း ၁၉၉၉ ခုနှစ် နိုဝင်ဘာလ (၁၀) ရက်နေ့တွင် KNU တပ်မဟာ (၂) အထူးဒေသ တာဝန်ခံ ဗိုလ်ကိုကြီး ဦးဆောင်သည့်အဖွဲ့ သည် သံတောင် မြောက်ပိုင်းဒေသတွင် အခြေချပြီး စစ်အစိုးရအား အကာအကွယ်ပေးကာ အလုပ်အကျွေး ပြုခဲ့ကြသည်မှ ယနေ့တိုင်ပင် ဖြစ်သည်။
စစ်အစိုးရထံမှ မဖြစ်စလောက်သော အခွင့်အရေးတစ်ချို့ကို ရယူထားသည့် ပြည်တွင်းရှိ ကရင်အမျိုးသား လက်နက်ကိုင် အဖွဲ့အစည်း တစ်ချို့သည် စစ်အစိုးရ၏ မြှောက်ထိုးပင့်ကော် ပေးမှုများကြောင့် စစ်အစိုးရအား တော်လှန်နေသည့် ကရင်အမျိုးသားလက်နက်ကိုင် အဖွဲ့ အစည်းတစ်ခုဖြစ်သည့် KNU များနှင့် မြ၀တီဒေသဘက်တွင် ပစ်ခတ်မှုများ မကြာခဏ ဖြစ် ပေါ်နေသည်ကိုလည်း ကြားသိနေရပေသည်။ အိမ်ကြက်အချင်းချင်း အိုးမဲသုတ်ပြီး ခွပ်ခိုင်း နေသည့် စစ်အစိုးရ၏ လုပ်ရပ်များကို နားမလည် သဘောမပေါက်လို့ဘဲလား၊ ဒါမှမဟုတ် အကျိုးနဲ့ အကြောင်း အဆိုးနဲ့ အကောင်းကို ဝေဖန်ပိုင်းခြား မတတ်လို့ဘဲလား ဆိုသည်ကို တော့ ၎င်းတို့ဘာသာ ၎င်းတို့ သိကြပေလိမ့် မည်။ ဗုဒ္ဓ၀င်ဇာတ်တော်ထဲတွင် ဒေ၀ဒတ်ကို ဆ ရာတင်မိ၍ မြေမျိုခံခဲ့ရသည့် အဇာတသတ် မင်း၏ ဖြစ်စဉ်ကို သတိရမိမည်ဆို လျှင်တော့ “အချိန်တွေမီပါသေးတယ်” ဟူ၍သာ ပြောလိုက်ချင်ပါတော့သည်။
http://www.monnews-imna.com/burmese/featureupdate.php?ID=10
Saturday, April 11, 2009
“အဇာတသတ်လို ဆရာတင် မမှားစေဘို့”
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2009
(4093)
-
▼
April
(446)
- NLD ပြည်နယ်နှင့်တိုင်းအစည်းအဝေး သဘာပတိမိန့်ခွန်း၊ ...
- (မေ ၃၀) ဒီပဲယင်း လုပ်ကြံမှု ကြီး (၇၁)လ ပြည့် ၀မ်း...
- ၀မ်းနည်းကြေကွဲခြင်း
- ဗ.က.သ ကဂုဏ်ပြုတဲ့ ဂွမ်ဂျူးလူ့အခွင့်အရေးဆုရှင် ကိုမ...
- တ၇ားမရှိတဲ့ ရှေ့ နေချုပ် ဇီဝိန်တော့ချုပ်တော့မယ်..
- ကိုညီညီထွေး ၏ အင်တာဗျူး
- ဧပြီ ၂၉ ၂၀၀၉ သတင်းများ
- မကောင်းဆိုးဝါးတွေကို ကမ္မဝါနဲ့ နှင်ရအောက်
- မင်း ကိုနိုင် မဲ့ မင်းကိုနိုင်
- NLD အစည်းအဝေး ၏ သဘာပတိ မိန့် ခွန်း
- အသက်ရှူတာခြင်းကွဲသေးတယ်..ရှက်ဖွယ်
- NLD LA သြစတေးသျှ ၏ သတင်းထုတ်ပြန်ချက် - ဧပြီလ ၂၉ -၂၀၀၉
- တရုတ်တွင် တတိယမြောက်မျိုးဆက် ရေအားသုံးအဏုမြူဓာတ်ပေ...
- ဟောင်ကောင်နှင့် ကနေဒါသုတေသနပညာရှင်တို့က H5N1 တုပ်ေ...
- ဒီမိုကရေစီ မဆန်တဲ့ အချက်တွေကို ပြုပြင်ပေးလျင် NLD ...
- အန်အယ်ဒီ၏ ရွှေဂုံတိုင် ကြေညာစာတမ်း
- ၀က်တုပ်ကွေးကြောင့် အမေရိကန်မှာ ကလေးငယ် တဦးသေဆုံး
- နေပြည်တော်တွင် လေဆိပ်အသစ်တဲ့
- တွံတေးတွင် ဝက်များ အစုလိုက် သေဆုံးနေ
- နာဂိုယာ(ဂျပန်)ဒီမိုကရေစီလှုပ်ရှားမှု
- နာဂစ်သင့်ဒေသများ ကန်ရေသုံးမရ သောက်သုံးရေ အခက်အခဲဖြ...
- ကုစားရာမဲ့ စိတ်ဒဏ်ရာ ခံစားနေရသူများ
- ဆန်ဈေးနှုန်း တရိပ်ရိပ် မြင့်တက်လာ
- Postcard from Beijing ဆိုပြီး attachment file နဲ့ ...
- မြန်မာပြည်မှာခွေးတုတ်ကွေးဖြစ်နေတယ်
- NLD News
- ဧပြီ ၂၈ ၂၀၀၉ သတင်း
- ဧပြီ ၂ရ ရက် ၂၀၀၉ သတင်းများ
- အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရဲ့ ပထမနေ့ အစည်းအေ...
- အချက်သုံးချက်ကို လိုက်လျောရင် NLD ရွေးကောက်ပွဲဝင်မည်
- မြန်မာပြည်သူများအတွက် BDC ၏ ဝန်ဆောင်မှုအသစ်
- ဝက်တုတ်ကွေူး ထိုင်းနိုင်ငံမှာ စတင်တွေ့ရှိ
- အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ် အထူးအစည်းအဝေးမှ သဘာ...
- စစ်သားများကို ပြည်သုံးလုံး အစီအစဉ်ဖြင့် ပြောင်းရွှေ...
- ဗိုလ်တစ်ထောင်၂လောင်းပြိုင်လူသတ်မှု ဖမ်းမိပြီ။ ၅လော...
- မြန်မာစစ်တပ်(ဘုရားစူးမြန်မာပြည်သူ့ တပ်မဟုတ်ရပါ)ကေ...
- ကြပ်ပြေးကအဘအိုတို့  ရေ....သိပ်လည်းမကြောက်ကြပါနဲ့ဗျ...
- အန်အယ်ဒီ အစည်းအဝေးသို့ လုံခြုံရေးများ စောင့်ကြည့်
- စုံညီအစည်းအဝေးအတွက် အန်အယ်လ်ဒီပါတီဝင်များ အနှောင့်...
- ကေအန်ယူကို ဒီကေဘီအေ ထိုင်းမြေအတွင်းမှ ၀င်တိုက် ထို...
- ၀က်တုပ်ကွေးကူးစက်မှု သတိပေးအဆင့် WHO တိုးမြှင့်
- နာဂစ်ဒေသတွင် သောက်ရေ ရှားဦးမည်
- ငွေမပေးနိုင်ခြင်းကြောင့် မြန်မာအလုပ်သမားတချို့ DKB...
- DKBA ဧ၊် သက်သက်လွတ်စားရန်အမိန့်ကိုမကျေနပ်သည် ဗုဒ္ဓဘ...
- ကျောက်ထုလုပ်သား အင်္ဂါကို မီးရှို့၍ စစ်ဆေး
- ရူးချင်ယောင်ဆောင်မနေနဲ့ ....မာယာတွေပေါ်မှာ ချီးပန်း...
- KNUကို DKBAထိုင်းနယ်မြေအတွင်းမှဝင်တိုက်၊ ထိုင်းစစ...
- “NLD၊ KNU တို့ ကို အမျိုသားရေးအတွက် အကာအကွယ်ပေးကြပါ”
- Invitation letter of Nargis (1) Year Anniversary P...
- ဟွန်း ဆင်းရဲရင်ဆင်းကြည့် ကြိုင်ကြိုင်တဲ့ လေးလောင်း...
- အလှူငွေ စာရင်း..!
- သုံးပွင့်ဆိုင်ဆွေးနွေးရေးကိုသာ လုပ်ဆောင်မည်ဖြစ်ကြေ...
- April 25 2009 သတင်းများ.
- Karen National Union Statement on 2010 Elections
- ပြည်ထောင်စုလူ့အခွင့်အရေးကောင်စီမှထုတ်ဝေသော ဧပြီလထု...
- မြေသြဇာအဖွဲ့ဝင်တဦး အဖမ်းခံရ
- ကြောက်စရာ ၀က်တုပ်ကွေးရောဂါ သတင်း နှင့် ကာကွယ်ရန်အခ...
- IC LIVE TOUR IN Japan အောင်မြင်စွာပြီစီးခြင်း
- North Korean Artist Sun Mu ၏ပုံရိပ်များ
- ဒို့ ကျောင်းသား
- GWကိုစောမောင် ကျန်းမာရေးမကောင်း
- ANTI-SANCTIONS ဘာလဲ၊ ဘယ်လဲ
- ရာဇဝတ်ကောင်
- ပြောခြင်တာပြော
- မိုးသီးရွာချမှုကြောင့် လက်ဖက်တောင်သူများ အခက်အခဲကြုံနေ
- မလေးရှားမှ မြန်မာလုပ်သားတစ်ဦး လုပ်ငန်းခွင်၌ သေဆုံး
- ဂြိုဟ်တုစလောင်းများကို ပိတ်ပင်သင့်ကြောင်း မြန်မာသတ...
- ရှားရှားပါးပါး ၁၉၅၄ ခုနှစ်က ဟောလိဝုဒ်ရုပ်ရှင်ပိတ်...
- မြန်မာကို အမေရိကန် ဆက်ပိတ်ဆို့ရေး ပညာရှင်တချို့ တိ...
- ကိုမင်းကိုနိုင် ဆုရပြန်ပြီ
- နအဖ စစ်တပ် ယုတ်ကန်းမှု့များ
- ၂ဝ၁ဝ ကိုမေ့ပြီး ကုလားဆီ အာရုံပြောင်းအောင်လုပ်နေတာ
- I AM KILLER
- DJ 2010
- သေပြည်တော်မှာ သေရင်..လင်းတစာဘဲကြွေးရမယ်တဲ့
- ဆရာလူထုစိန်ဝင်း၏ `နန္ဒောပနန္ဒ နဂါး ချွတ်တော်မူပုံ´ေ...
- လူ၅၀ လူ၁၀ယောက် လူသန်း၅၀ အပိုင်း(၂)
- အချင်းချင်း ဖြောင်တာမို့ ..မင်းတို့ ပါးစပ်တွေ ပိတ်...
- မီးတော့ မပေးဖူး။ မီးစက်နဲ့  ၀ယ်လုပ်..အခွန်အတုတ်မှ...
- ဧပြီ ၂၂ ၂၀၀၉ သတင်းများ
- နယ်ချဲ့ ဆိုတာ.တိုင်းတပါးမှ မဟုတ်ဖူး
- ဇာဂနာ ထောင်တွင်း၌ သတိလစ်သွား အသည်းရောင်အသားဝါကြောင...
- လူသေလို့ မီးရှို့မရရင် သန်းရွှေ အိမ်ရှေ့မှာသွားပုံထား
- နောင်တ မရကြစေချင်ပါ
- သိကြားမင်း စီရင်ချက် ယမမင်း အခက်
- သူတို့ပြောတာအမှန်တွေ မယုံနဲ့ ငါလိမ်ပြောတာကြယုံ
- ထေရ၀ါဒဘုန်းကြီးကျောင်းသစ်ဖွင့်လှစ်ပွဲအခမ်းအနား
- ဂူးဂဲလ်၊ ဂျီတော့ခ် (ဂျီမေးလ်) အကြောင်း တစေ့တစောင်း
- လုပ်ချလိုက်ပြန်ပြီ..သာသနာညှိုးနွမ်းစေမှုတဲ့
- မြောက်ဥက္ကလာနှင့် မန္တလေးတွင် ဝမ်းရောဂါ ဖြစ်ပွားနေ
- ဘဘတို့ အတွက် ကြိတ်ဝိုင်း
- ဦးထိန်မောင် ကို ဘာသာပြန် ပေးတဲ့ ငတတ်ကြီး တိမသေ ဇာ...
- လက်ဖက်ရည်ဆိုင် လှုပ်ရှားမှု စတင်စို့ 
- အတတ်ဆန်းတိုင်း ကောင်းတာမဟုတ်..
- စည်းကမ်းဆိုတာ စာရွက်ပေါ်တင်ဘဲ..ဘဘတို့ လည်း ကြည့်ခ...
- အိုးမည်း ပေနေတဲ့ ကြက်တစ်ကောင်
- မြန်မာတပြည်လုံး ထောင်ထဲမှာ..
- လူ၅၀ လူ၁၀ယောက် လူသန်း၅၀ အပိုင်း(၁)
- အနှစ် ၂၀ ကြာ..တိုင်းပြည်လုယက်ထားသူကို မမြင်..ဘေးက ...
- အန်အယ်လ်ဒီ အထူးအစည်းအဝေး ကျင်းပမည်။
- ချိန်တန်ပြီ
- ဧပြီ ၂၁ ၂၀၀၉ သတင်း
- ဝတပ်မတော်ကြီးရဲ့ စစ်ရေးပြပွဲ
- Voice of Burma April 19 2009
- ဇိုယာဖန်ရေးသားတဲ့ သူ့ ဘဝအကြောင်း
- နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး တောင်းဆိုတဲ့ လက်...
- လူပျောက်ကြော်ငြာ
- ရုရှားနိုင်ငံသားတစ်ဦး၏ အဆုတ်တွင် ထင်းရှုးပင်ပေါက်ေ...
- ဘိုကလေးတွင် ဝမ်းရောဂါဖြစ်ပွားမှု အဆမတန်များပြားနေ
- ဇနီးကို မထီမဲ့မြင် လုပ်သည်ဟုဆိုကာ အရာရှိမှ ရွာသားက...
- ဒေါ်အောင်ဆန်းစုကြည်နှင့် နိင်ငံရေးအကျဉ်းသား များအမြ...
- စစ်အစိုးရကို ပိုဖိအားပေးရေး အမေရိကန် လွှတ်တော်အမတ်ေ...
- ဂျပန်သတင်းထောက် အသတ်ခံရသည့် ပူလီဇာဆုရ ဓါတ်ပုံ သတင်...
- အဝေးရောက်သားတွေ ပြန်ဆုံနိင်ကြပါစေ
- အဖေ မရှိတော့ ပထွေးရှာမိတာပါ
- ငါ့ကို ကော်မရှင်သာပေးလေ..မင်းဘဲလုပ်ကိုင်စားစေ.
- လယ်ယာ သိမ်းပိုက်ခံနေရကြောင်း တိုင်းရင်းသား လူငယ်မျ...
- သမိုင်းကို ကိုယ်ကျိုး အတွက် အရောင်မဆိုးသင့်
- ပိုက်ဆံရရင် အကုန်လုပ်တယ်..ချောင်းရိုက်ပေးရမလား..အမ...
- ကောင်းကင်ခရီး ကြွချီနေတဲ့ ရဟန်းတော် တစ်ပါးပုံတော်ဖ...
- တက္ကသိုလ်ကျောင်းသားသမဂ္ဂ
- ကျော်သူရဲ့ ဆုတံဆိပ်
- Mr Creater ရဲ့ ထိုးနက်ချက်
- ဧပြီ ၂၀ ၂၀၀၉ သတင်း
- NDF က UWSP နဲ့ လက်တွဲသွားမည်ဟု ဆို
- နေပြည်တော် ကြပ်ပြေးကြက်ခြင်းထဲက ကြက်ဘယ်အတက်နဲ့ ခွပ...
- ကျွန်တော်လေးစားမြတ်နိုးအပ်တဲ့ ဆရာစိုင်းခမ်းလိတ် အခ...
- မုံရွာထောင်ထဲက တက္ကသိုလ်ကျောင်းသူ
-
▼
April
(446)
No comments:
Post a Comment