Monday, April 20, 2009

ကျွန်တော်လေးစားမြတ်နိုးအပ်တဲ့ ဆရာစိုင်းခမ်းလိတ် အခုအသက်၆၀ ပြည့်ပြီ


စိုင်းခမ်းလိတ်၏ ၆၀ ပြည့်မွေးနေ့ ရက်ပိုင်းအတွင်း ပြုလုပ်ကြမည်
သျှမ်းသံတော်ဆင့်
ဧပြီ ၁၉၊ ၂၀၀၉


ယခုလ ၂၇ ရက်နေ့တွင် ကျရောက်မည့် သီချင်းရေးဆရာ စိုင်းခမ်းလိတ်၏ အသက် ၆၀ ပြည့် မွေးနေ့ပွဲတော် အတွက် သူ၏ ပရိသတ်များက ဂုဏ်ပြုအခမ်းအနား ကျင်းပရန် စီစဉ်နေသည်ဟု နယ်စပ်ဒေသ သတင်းရပ်ကွက်မှ သိရသည်။

ဆရာစိုင်းခမ်းလိတ်သည် လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ ကျော်က သူရေးသားသော မန္တလေးရောက် ရှမ်းတယောက် သီချင်းဖြင့် တရှိန်ထိုး ကျော်ကြားခဲ့သူဖြစ်သည်။

ရှမ်းတိုင်းရင်းသားတယောက်ဖြစ်သူ စိုင်းခမ်းလိတ်သည် ရှမ်း၊ မြန်မာ ဘာသာတို့ဖြင့် သီချင်းပုဒ်ရေများစွာ ရေးသား စပ်ဆိုခဲ့သည်။ နိုင်ငံအနှံ့ ရှမ်း နှင့် တခြား တိုင်းရင်းသားများက လေးစား ချစ်ခင်ကြသည့် အနုပညာသည်တဦး ဖြစ်သည်။

စိုင်းခမ်းလိတ် နေထိုင်သည့် မန္တလေးတွင် ပြုလုပ်မည့် မွေးနေ့အခမ်းအနားအတွက် ရန်ကုန် နှင့် မန္တလေးမြို့တော်တို့မှ စာပေ နှင့် ယဉ်ကျေးမှုအဖွဲ့များက စီစဉ်လျက်ရှိကြောင်း၊ နာမည်ကျော် အဆိုတော်များကို ဖိတ်ကြားထားကြောင်း သိရသည်။

မွေးနေ့ပွဲ အစီအစဉ် အသေးစိတ်လုပ်ငန်းများအတွက် ညှိနှိုင်းဆဲဖြစ်သည်ဟု ဆိုသည်။

ရိုးရာယုံကြည်မှုများအရ လူ့ဘ၀သည် ၁၂ နှစ်လျှင် တပတ်ပြည့်ပြီး၊ နှစ်ပေါင်း ၆၀ ဆိုလျှင် ငါးပတ် ပြည့်သည်ဟု ယူဆကြသည်။ အသက်ရှည် ကျန်းမာရန်အတွက် အနှစ် ၆၀ ပြည့် မွေးနေ့ကို အလေးအနက်ထားပြီး ခမ်းခမ်းနားနား ကျင်းပသင့်သည်ဟုလည်း ယူဆကြသည်။

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တော်ရောက် ရှမ်းတိုင်းရင်းသားများကလည်း စိုင်းခမ်းလိတ်၏ အသက် ၆၀ နှစ်ပြည့် မွေးနေ့ပွဲ ကျင်းပရန် ပြင်ဆင်လျက်ရှိသည်။

[ မူရင်း သတင်း နှင့် ဓာတ်ပုံ- သျှမ်းသံတော်ဆင့် အင်္ဂလိပ် စာမျက်နှာ ]
http://moemaka.com/index.php?option=com_content&task=view&id=3643&Itemid=1

No comments:

Post a Comment