မဇ္ဈိမသတင်းဌာန သောကြာနေ့၊ ဧပြီလ 17 2009 15:38 - မြန်မာစံတော်ချိန်
ချင်းမိုင် (မဇ္ဈိမ)။ ။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ မြေး ဖိုးလပြည့်သည် ရေကစားမဏ္ဍပ်သို့ အင်ယားကန် အတွင်းမှ နေ့စဉ် စပိဘုတ်ဖြင့် လာရောက်ခဲ့သည်ဟု မဇ္ဈိမက စုံစမ်း သိရှိရသည်။
ပြည်လမ်းမမှ အင်းလျားကန်ဘောင်သို့ အဝင်လမ်း၏ နံဘေး၊ စီးပွားရေး တက္ကသိုလ်နှင့် မျက်နှာချင်းဆိုင်တွင် တည်ရှိသော သူ၏ မဏ္ဍပ်အတွက် အထူး လုံခြုံရေးများ စီစဉ်ထားခဲ့ရာ ဗိုလ်မှူးကြီးအဆင့်ရှိသူ တဦးက မဏ္ဍပ်တွင် အမြဲ တာဝန်ကျ စောင့်ကြည့်နေခဲ့သည်။ လုံထိန်းရဲ ရာနှင့်ချီ၍ တက္ကသိုလ်ဝင်းအတွင်း ချထားခဲ့သည်။
ထို့အပြင် အနီးရှိ မဏ္ဍပ်များမတိုင်ခင် နာရီဝက်စော၍ ရေလွှတ်ပေးခဲ့သည်။
http://www.mizzimaburmese.com/news/breaking-newsbrief/2766-2009-04-17-09-20-41.html
No comments:
Post a Comment