သင်္ကြန်ပြာပြာ ရေကူးကန်မှာ
Friday, April 17, 2009
မနေ့က သင်္ကြန်လည်ပတ်တဲ့ သူငယ်ချင်း တစ်ယောက်က ကျွန်တော့်ကို အကြောင်းအရာ တစ်ခု ပြောလာတယ်။ သင်္ကြန်အတက်နေ့ သူတို့က မဏ္ဍာပ်တွေမှာ မထိုင်ဘဲ လျှောက်ကြည့်ကြတယ်တဲ့။ နေ့လည်ခင်းတော့ စိမ်းလန်းစိုပြေ ဘေးက ရေကူးကန်မှာ အနားယူရင်း နေ့လည်စာ စားကြတယ်။ သူတို့ အဲဒီ ရေကူးကန်ထဲ ထိုင်နေကြချိန်မှာ အတွဲ သုံးတွဲလောက်ဟာ ရေကူးကန်ထဲမှာ မဖွယ်မရာ ပြုကြတယ်လို့ ဆိုတယ်။ မဖွယ်မရာဆိုတာ ရေးမကောင်းလို့ မရေးလိုက်တာပဲ ရှိတယ်။ တော်ရုံလောက်နဲ့တော့ တကူးတက ပိုစ့်ရေးမနေဘူး။ အထဲမှာက လူအများကြီးပဲ။ အားလုံး မြင်နေရတယ်။ အဲဒီသူတွေ ဘယ်လောက်အထိ မျက်နှာပြောင်သလဲဆိုရင် သူတို့ကို ဘေးနားကလူတွေ ဝိုင်းကြည့်နေတာတောင်မှ ဂရုမစိုက်ပါဘူးတဲ့။ ဘေးနားက မူးနေတဲ့ သူတွေကလည်း တဟေးဟေးနဲ့ ဩဘာပေးကြသတဲ့။ ဘယ်သူမှ တားမယ့်သူလည်း မရှိပါဘူးတဲ့။ အားလုံးက အရသာခံပြီး ကြည့်နေကြတယ်။
မိသားစုလိုက် လာတဲ့ တချို့တွေဆို အဲဒီအထဲကနေ ပြေးကြရပါသတဲ့။ ဒီနေရာဟာ သူတို့ရဲ့ သီးသန့် ကိုယ်ပိုင်နေရာ မဟုတ်ဘူး။ အများပြည်သူ နားခိုနေတဲ့ နေရာဆိုတာကို နားလည်သင့်တယ်။ ပြီးတော့ ဖက်ရမ်း နမ်းရှုံ့တာလောက် ကိုတော့ ကျွန်တော်က ဂရုမစိုက်ပါဘူး။ ကျွန်တော် ကိုယ်တိုင်တောင် လူထုဒေါ်အမာရဲ့ အမေ့ရှေးစကား စာအုပ်ထဲက တချို့အချက်တွေကို မနှစ်သက်ခဲ့ဘူး။ သူကတော့ သူအပြင်သွားချိန်မှာ ပန်းခြံထဲက ဖက်ယမ်းနမ်းရှုံ့နေတဲ့ စုံတွဲကို ရှက်စရာလို့ ပြောထားတာပါ။ ကျွန်တော်ကတော့ ဒါမျိုးကို အကန့်အသတ်နဲ့ လက်ခံတယ်။ ဥပမာ- လူတစ်ယောက်မှာ ဆန္ဒတွေ ရှိနိုင်တယ်။ အဲဒီဆန္ဒတွေဟာ လူမြင်ကွင်းမှာ လုပ်ခွင့် မရခဲ့ရင် ကွယ်ရာကို သွားကြမှာပဲ။ Time & Situation ဆိုတဲ့ စကားဟာ သိပ်ပြီး လေးနက်ပါတယ်။ နဂိုက ဖက်ယမ်းနမ်းရှုံ့လိုက်ရုံနဲ့ ကျေနပ်သွားနိုင်တဲ့ စိတ်ဆန္ဒဟာ အဲဒီလိုမှ လုပ်ခွင့်မရဘူးဆိုရင် လူမတွေ့တဲ့ နေရာကို သွားကြမှာပဲ။ အဲဒီအခါမှာ ခုနက အချိန်ရယ် နေရာရယ်ကြောင့် အဲဒီထက် ပိုဆိုးတဲ့ အခြေအနေကို ဖြစ်စေနိုင်ပါတယ်။ အဲဒီအတွက် အကန့်အသတ် တစ်ခုအထိ စုံတွဲတွေကို လက်ခံပေးရပါမယ်။ ဒါပေမယ့် စုံတွဲတွေ အနေနဲ့လည်း ဒါဟာ Public ဆိုတာကို နားလည်ရမယ်။ ကိုယ့်ကြောင့် အခြားသူတွေ အနေခက်စေမယ့် အပြုအမူမျိုးကိုတော့ ရှောင်ကြဉ်သင့်တယ်။ ဖက်ယမ်းနမ်းရှုံ့တာ လောက်အထိ ပြဿနာ မရှိပေမယ့် ဒီထက် ဆိုးလာတဲ့ ကိစ္စတွေမှာတော့ မိသားစုတွေ၊ အခြားသူတွေ၊ အသက်မပြည့်သေးသူတွေ အစရှိတာတွေကို စဉ်းစားရမယ်။ အခုတော့ ကိုယ်လုပ်တဲ့ အပြုအမူဟာ အခြား အနားယူနေသူတွေ အပေါ်မှာပါ ထိခိုက်မှု ရှိလာတယ်။ ဒါမျိုးကိုတော့ ကျွန်တော် အလွန်ပဲ မုန်းတီးပါတယ်။ အခုကိစ္စမှာ ကိုယ်တွေ့ကြုံခဲ့သူက အိမ်ထောင်ရှိသူပါ။ သူကတောင် ဒါကို အပြင်းအထန် ရှုံ့ချပါတယ်။
နောက်တစ်ခုက တချို့တွေက Punch ဖျော်ရည်တွေမှာ (E) လို့ခေါ်တဲ့ မူးယစ်စိတ်ကြွဆေးတွေ ထည့်ထားရင် ထည့်ထားကြမှာပဲ။ Ecstasy (E)ကို ခေါင်းခါဆေးလို့ လူသိများပါတယ်။ အဲဒီဆေး သောက်ပြီးသွားရင် လူဟာ အငြိမ်မနေချင်ဘူး။ လှုပ်နေရမှ ကျေနပ်တယ်။ ပြီးတော့ (E)ဟာ ရေခဲစားလေ ပိုတက်လေပဲ။ ဒါကြောင့် ကလပ်တွေမှာ တချို့တွေဟာ အဲဒီဆေး သောက်ပြီးရင် ရေခဲတွေကို စားပါသတဲ့။ ပြီးတော့ အဲဒီကောင် ဆေးအရှိန် ကျသွားရင် မိန်းခလေးတွေဟာ ရမ္မက်စိတ်တွေ တက်ကြွလာတတ်တယ်တဲ့။ တချို့ဟာ ကိုယ့်ကိုကိုယ် လက်နဲ့ ပွတ်သပ်နေတတ်ကြတယ်။ ဒါဟာ စိတ်ကြွလက္ခဏာ တစ်မျိုးပဲ။ ဒီဆေး သောက်ထားတဲ့သူတွေရဲ့ ခြေဖျားလက်ဖျားတွေဟာ အေးစက်နေတတ်တယ်။ အငြိမ်မနေနိုင်ဘူး။ ဒါကြောင့် ကလပ်တွေမှာ ကကြခုန်ကြသူတွေ သောက်တတ်ကြတယ်လို့ ဆိုပါတယ်။ ဒီမူးယစ်ဆေးတွေဟာ တစ်လုံးကို သောင်းဂဏန်းအထိ တန်ကြေးရှိပါတယ်။ ဒါပေမယ့် တချို့တွေ အတွက်ကတော့ ဒီလောက်ငွေ ပမာဏဟာ အပျော်သုံးသလောက်ပဲ ရှိတာမို့ ကိုယ့်ပိုက်ဆံ အကုန်ခံပြီး သူများကို စည်းရုံး တိုက်ကြွေးတတ်ပါတယ်တဲ့။ ဒီကောင်ကို အခုနကလို Punch ဖျော်ရည်ထဲမှာ ထည့်တိုက်မယ်ဆိုရင် ဘာမှ သိလိုက်မှာတောင် မဟုတ်ပါဘူး။ ရေကလည်း အမြဲစိုနေတော့ အအေးဓာတ်က အဲဒီဆေးကို တွန်းအားပေးမှာပဲ။
အထက်က ကိစ္စမှာပါဝင်သူတွေကို ဘယ်သူဘယ်ဝါဆိုတာ မသိပေမယ့် တရုတ်စုံတွဲ နှစ်တွဲနဲ့ မြန်မာစုံတွဲ တစ်တွဲလို့ သိရတယ်။ တရုတ်စုံတွဲက သိပ်မသိသာပေမယ့် မြန်မာစုံတွဲကတော့ သိပ်ကို သိသာပါတယ်တဲ့။ အမျိုးသမီးဟာ စကတ်အတိုကို ဝတ်ဆင်ထားတာမို့ ရေကူးကန်ဘေးနားက စင်ပေါ်ကနေ ကြည့်လိုက်ရင် ထင်းနေတာပါပဲ။ နောက်ဆုံး လူတွေ တဝေါဝေါ ဖြစ်လာလို့ သူတို့ ရေကန်ပေါ် ပြန်တက်လာကြတယ်။ အေးအေးဆေးဆေးပဲတဲ့။ ဒီတော့ သူတို့တွေဟာ သူတို့ ဘာတွေ လုပ်နေတယ် ဆိုတာကို စဉ်းစားဆင်ခြင်နိုင်တဲ့ အသိဉာဏ် ကင်းမဲ့နေတာလား။ ငါတို့ လုပ်ချင်တာလုပ်မယ် ပတ်ဝန်းကျင်တော့ Fuck Off ပဲဆိုပြီး သဘောထားတာလား။ ဒါမှမဟုတ် ကိုယ်တိုင်ကိုက သူများကို မြင်စေချင်နေတာလား။ ပတ်ဝန်းကျင်ကရော ဒါကို ဘာလို့ ဝိုင်းပြီး အားပေးနေရတာလဲ။ Peep Show တောင် မဟုတ်တော့ဘူး။ စဉ်းစားစရာတွေ အများကြီးပါ။ ကျွန်တော် ကိုယ်တိုင်လည်း ခေတ်မီမီ အတွေးအမြင် အကျင့်စရိုက် ရှိပါတယ်။ ဒါပေမယ့် အဲဒီဟာထက် လျှို့ဝှက်အပ်တဲ့ အရာဟာ လျှို့ဝှက်ရမယ် ဆိုတဲ့ သဘောတရားကို ပိုနှစ်သက်တယ်။
အရက် အလွန်အကျွံ သောက်တာဟာ အသိစိတ်ကို ကင်းမဲ့စေပါတယ်။ အဲ မူးယစ်ဆေးဝါးတွေကိုပါ ထပ်သုံးတယ် ဆိုရင်တော့ အဲဒီ ကင်းမဲ့နေတဲ့ အသိစိတ်နေရာကို အခြားသော စိတ်မိုက်စိတ်ရိုင်းတွေ ဝင်လာတတ်ပါတယ်။ အဲဒီအခါမှာ မဖြစ်သင့်တာတွေ ဖြစ်တတ်ပါတော့တယ်။ ဒါတွေ ပြယ်ချိန်ကျမှ နောင်တ ရတတ်ပါတယ်။ တကယ်လို့များ အခုလို ကိစ္စမှာ အရှက်တရား အကြောက်တရားတွေ ခဏထား၊ အခန့်မသင့်လို့ ကိုယ်ဝန်တွေဘာတွေ ရှိလာပြီ ဆိုပါတော့။ သူတို့ ဘာလုပ်ကြမလဲ။ သူတို့တွေဟာ အခုမှတွေ့ အခုမှ ဖြစ်ကြတာမျိုး၊ ဘယ်သူက ဘယ်မှာနေမှန်းတောင် သိကြတာမျိုး မဟုတ်တဲ့ သမီးရည်းစား အသစ်စက်စက်တွေ ဆိုရင်တော့ မတွေးဝံ့စရာပါပဲ။
ဒီကိစ္စကို ကောင်းတယ် မကောင်းဘူး မှန်တယ် မမှန်ဘူး ဆိုတဲ့ အမြင်နဲ့ ရေးတာ မဟုတ်ပါဘူး။ ဒါပေမယ့် စဉ်းစားသင့်တာလေးတွေ စဉ်းစားနိုင်အောင်လို့ပါ။ ဒါလေးရေးရင်း တခါတုန်းက အသိ ကောင်မလေး တစ်ယောက် အကြောင်းကို သွားသတိရမိတယ်။ သူ့နဲ့ သူ့ရည်းစား ကွဲသွားတော့ ယောက်ျားတွေကို သိပ်စိတ်နာ သွားသတဲ့။ ယောက်ျားတွေဟာ လိင်ကိစ္စပဲ တန်ဖိုးထားတာတဲ့၊ အချစ်နဲ့ မတန်ဘူးတဲ့။ ဒါနဲ့ လက်စားချေတယ်။ သူ့လက်စား ချေပုံချေနည်းက တစ်မျိုးပဲ။ ယောက်ျားလေးတွေကို တွဲတယ်။ တွဲပြီးရင် အတူအိပ်တယ်။ အဲဒီအချိန် ယောက်ျားလေးက ချစ်တယ်ပြောတာတို့၊ ပရိုပိုစ့် လုပ်တာတို့ လုပ်လာရင် ဟားတိုက်ရယ်မောပြီး အဆက် ဖြတ်လိုက်တယ်တဲ့။ သူက ရင်းနှီးတဲ့ သူငယ်ချင်းတွေဆို ငါ သမလိုက်တာ ဘယ်နှစ်ကောင်တော့ ခံလိုက်ရပြီ ဆိုပြီး အားပါးတရ ပြောပြတတ်တယ်။ ဒါပေမယ့် တစ်ဖက်မှာ သူလက်စားချေတာကို ခံချင်နေတဲ့ အကောင်တွေက တန်းစီပြီး စောင့်နေကြတယ် ဆိုတာကိုတော့ သူက ထည့်မတွက်ဘူးလေ။ ကောင်လေးတွေက သူ့ကို ကွယ်ရာမှာ နာမည်ပေးထားကြတယ်။ ချောလည်းချော၊ မိုက်လည်းမိုက်၊ လှူလည်း လှူတယ်ပေါ့။ WTK ဝိသာခါတဲ့။
အပေါ်ကဟာနဲ့ ဘာမှလည်း မဆိုင်ဘဲနဲ့ ဘာတွေ ပြောနေတာလဲလို့ ထင်ကောင်း ထင်ပါလိမ့်မယ်။ ပြောချင်တာက လူတိုင်းလူတိုင်းမှာ ကိုယ့်စိတ်ကူးလေးနဲ့ကိုယ် ကောင်းတယ်ထင်ပြီး လုပ်မိနေတာတွေ ရှိကောင်း ရှိလိမ့်မယ်။ ပတ်ဝန်းကျင်ကို ဂရုစိုက်စရာ မလိုဘူး ဆိုပေမယ့် ကိုယ်ကသူများကို အသုံးချနေတာလား သူများကကိုယ့်ကို အသုံးချနေတာလား ဆိုတဲ့ ဆင်ခြင်နိုင်စွမ်းလေးတော့ ကွဲကွဲပြားပြား ရှိထားအပ်တယ်လို့ ထင်မိလို့ပါ။ ပြီးတော့ ကိုယ်ဘာလုပ်လုပ် ကိုယ်လုပ်နေတာရဲ့ အကောင်းတစ်ခုထဲကို မကြည့်ဘဲ အဆိုးအတွက်ကိုလည်း အဆုံးစွန် အထိ တွေးသင့်တယ် ထင်လို့ပါ။ တချို့တွေက အဲဒီ ရေကူးကန်ထဲက ဗွီဒီယို ဇာတ်လမ်းလေးကို မှတ်တမ်းတင်ထား ကြပါသတဲ့။ သိပ်မကြာဘူး အင်တာနက်ပေါ်တောင် ရောက်ချင် ရောက်လာနိုင်သေးတယ်။
http://blog.nyilynnseck.com/2009/04/blog-post_17.html
ကိုညီလင်းဆက်ဆိုက်က ဖြစ်ပါတယ်..။
Sunday, April 19, 2009
မိန်းကလေးရှင်တွေ သတိထားကြဖို့ ပေါ့
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2009
(4093)
-
▼
April
(446)
- NLD ပြည်နယ်နှင့်တိုင်းအစည်းအဝေး သဘာပတိမိန့်ခွန်း၊ ...
- (မေ ၃၀) ဒီပဲယင်း လုပ်ကြံမှု ကြီး (၇၁)လ ပြည့် ၀မ်း...
- ၀မ်းနည်းကြေကွဲခြင်း
- ဗ.က.သ ကဂုဏ်ပြုတဲ့ ဂွမ်ဂျူးလူ့အခွင့်အရေးဆုရှင် ကိုမ...
- တ၇ားမရှိတဲ့ ရှေ့ နေချုပ် ဇီဝိန်တော့ချုပ်တော့မယ်..
- ကိုညီညီထွေး ၏ အင်တာဗျူး
- ဧပြီ ၂၉ ၂၀၀၉ သတင်းများ
- မကောင်းဆိုးဝါးတွေကို ကမ္မဝါနဲ့ နှင်ရအောက်
- မင်း ကိုနိုင် မဲ့ မင်းကိုနိုင်
- NLD အစည်းအဝေး ၏ သဘာပတိ မိန့် ခွန်း
- အသက်ရှူတာခြင်းကွဲသေးတယ်..ရှက်ဖွယ်
- NLD LA သြစတေးသျှ ၏ သတင်းထုတ်ပြန်ချက် - ဧပြီလ ၂၉ -၂၀၀၉
- တရုတ်တွင် တတိယမြောက်မျိုးဆက် ရေအားသုံးအဏုမြူဓာတ်ပေ...
- ဟောင်ကောင်နှင့် ကနေဒါသုတေသနပညာရှင်တို့က H5N1 တုပ်ေ...
- ဒီမိုကရေစီ မဆန်တဲ့ အချက်တွေကို ပြုပြင်ပေးလျင် NLD ...
- အန်အယ်ဒီ၏ ရွှေဂုံတိုင် ကြေညာစာတမ်း
- ၀က်တုပ်ကွေးကြောင့် အမေရိကန်မှာ ကလေးငယ် တဦးသေဆုံး
- နေပြည်တော်တွင် လေဆိပ်အသစ်တဲ့
- တွံတေးတွင် ဝက်များ အစုလိုက် သေဆုံးနေ
- နာဂိုယာ(ဂျပန်)ဒီမိုကရေစီလှုပ်ရှားမှု
- နာဂစ်သင့်ဒေသများ ကန်ရေသုံးမရ သောက်သုံးရေ အခက်အခဲဖြ...
- ကုစားရာမဲ့ စိတ်ဒဏ်ရာ ခံစားနေရသူများ
- ဆန်ဈေးနှုန်း တရိပ်ရိပ် မြင့်တက်လာ
- Postcard from Beijing ဆိုပြီး attachment file နဲ့ ...
- မြန်မာပြည်မှာခွေးတုတ်ကွေးဖြစ်နေတယ်
- NLD News
- ဧပြီ ၂၈ ၂၀၀၉ သတင်း
- ဧပြီ ၂ရ ရက် ၂၀၀၉ သတင်းများ
- အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရဲ့ ပထမနေ့ အစည်းအေ...
- အချက်သုံးချက်ကို လိုက်လျောရင် NLD ရွေးကောက်ပွဲဝင်မည်
- မြန်မာပြည်သူများအတွက် BDC ၏ ဝန်ဆောင်မှုအသစ်
- ဝက်တုတ်ကွေူး ထိုင်းနိုင်ငံမှာ စတင်တွေ့ရှိ
- အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ် အထူးအစည်းအဝေးမှ သဘာ...
- စစ်သားများကို ပြည်သုံးလုံး အစီအစဉ်ဖြင့် ပြောင်းရွှေ...
- ဗိုလ်တစ်ထောင်၂လောင်းပြိုင်လူသတ်မှု ဖမ်းမိပြီ။ ၅လော...
- မြန်မာစစ်တပ်(ဘုရားစူးမြန်မာပြည်သူ့ တပ်မဟုတ်ရပါ)ကေ...
- ကြပ်ပြေးကအဘအိုတို့  ရေ....သိပ်လည်းမကြောက်ကြပါနဲ့ဗျ...
- အန်အယ်ဒီ အစည်းအဝေးသို့ လုံခြုံရေးများ စောင့်ကြည့်
- စုံညီအစည်းအဝေးအတွက် အန်အယ်လ်ဒီပါတီဝင်များ အနှောင့်...
- ကေအန်ယူကို ဒီကေဘီအေ ထိုင်းမြေအတွင်းမှ ၀င်တိုက် ထို...
- ၀က်တုပ်ကွေးကူးစက်မှု သတိပေးအဆင့် WHO တိုးမြှင့်
- နာဂစ်ဒေသတွင် သောက်ရေ ရှားဦးမည်
- ငွေမပေးနိုင်ခြင်းကြောင့် မြန်မာအလုပ်သမားတချို့ DKB...
- DKBA ဧ၊် သက်သက်လွတ်စားရန်အမိန့်ကိုမကျေနပ်သည် ဗုဒ္ဓဘ...
- ကျောက်ထုလုပ်သား အင်္ဂါကို မီးရှို့၍ စစ်ဆေး
- ရူးချင်ယောင်ဆောင်မနေနဲ့ ....မာယာတွေပေါ်မှာ ချီးပန်း...
- KNUကို DKBAထိုင်းနယ်မြေအတွင်းမှဝင်တိုက်၊ ထိုင်းစစ...
- “NLD၊ KNU တို့ ကို အမျိုသားရေးအတွက် အကာအကွယ်ပေးကြပါ”
- Invitation letter of Nargis (1) Year Anniversary P...
- ဟွန်း ဆင်းရဲရင်ဆင်းကြည့် ကြိုင်ကြိုင်တဲ့ လေးလောင်း...
- အလှူငွေ စာရင်း..!
- သုံးပွင့်ဆိုင်ဆွေးနွေးရေးကိုသာ လုပ်ဆောင်မည်ဖြစ်ကြေ...
- April 25 2009 သတင်းများ.
- Karen National Union Statement on 2010 Elections
- ပြည်ထောင်စုလူ့အခွင့်အရေးကောင်စီမှထုတ်ဝေသော ဧပြီလထု...
- မြေသြဇာအဖွဲ့ဝင်တဦး အဖမ်းခံရ
- ကြောက်စရာ ၀က်တုပ်ကွေးရောဂါ သတင်း နှင့် ကာကွယ်ရန်အခ...
- IC LIVE TOUR IN Japan အောင်မြင်စွာပြီစီးခြင်း
- North Korean Artist Sun Mu ၏ပုံရိပ်များ
- ဒို့ ကျောင်းသား
- GWကိုစောမောင် ကျန်းမာရေးမကောင်း
- ANTI-SANCTIONS ဘာလဲ၊ ဘယ်လဲ
- ရာဇဝတ်ကောင်
- ပြောခြင်တာပြော
- မိုးသီးရွာချမှုကြောင့် လက်ဖက်တောင်သူများ အခက်အခဲကြုံနေ
- မလေးရှားမှ မြန်မာလုပ်သားတစ်ဦး လုပ်ငန်းခွင်၌ သေဆုံး
- ဂြိုဟ်တုစလောင်းများကို ပိတ်ပင်သင့်ကြောင်း မြန်မာသတ...
- ရှားရှားပါးပါး ၁၉၅၄ ခုနှစ်က ဟောလိဝုဒ်ရုပ်ရှင်ပိတ်...
- မြန်မာကို အမေရိကန် ဆက်ပိတ်ဆို့ရေး ပညာရှင်တချို့ တိ...
- ကိုမင်းကိုနိုင် ဆုရပြန်ပြီ
- နအဖ စစ်တပ် ယုတ်ကန်းမှု့များ
- ၂ဝ၁ဝ ကိုမေ့ပြီး ကုလားဆီ အာရုံပြောင်းအောင်လုပ်နေတာ
- I AM KILLER
- DJ 2010
- သေပြည်တော်မှာ သေရင်..လင်းတစာဘဲကြွေးရမယ်တဲ့
- ဆရာလူထုစိန်ဝင်း၏ `နန္ဒောပနန္ဒ နဂါး ချွတ်တော်မူပုံ´ေ...
- လူ၅၀ လူ၁၀ယောက် လူသန်း၅၀ အပိုင်း(၂)
- အချင်းချင်း ဖြောင်တာမို့ ..မင်းတို့ ပါးစပ်တွေ ပိတ်...
- မီးတော့ မပေးဖူး။ မီးစက်နဲ့  ၀ယ်လုပ်..အခွန်အတုတ်မှ...
- ဧပြီ ၂၂ ၂၀၀၉ သတင်းများ
- နယ်ချဲ့ ဆိုတာ.တိုင်းတပါးမှ မဟုတ်ဖူး
- ဇာဂနာ ထောင်တွင်း၌ သတိလစ်သွား အသည်းရောင်အသားဝါကြောင...
- လူသေလို့ မီးရှို့မရရင် သန်းရွှေ အိမ်ရှေ့မှာသွားပုံထား
- နောင်တ မရကြစေချင်ပါ
- သိကြားမင်း စီရင်ချက် ယမမင်း အခက်
- သူတို့ပြောတာအမှန်တွေ မယုံနဲ့ ငါလိမ်ပြောတာကြယုံ
- ထေရ၀ါဒဘုန်းကြီးကျောင်းသစ်ဖွင့်လှစ်ပွဲအခမ်းအနား
- ဂူးဂဲလ်၊ ဂျီတော့ခ် (ဂျီမေးလ်) အကြောင်း တစေ့တစောင်း
- လုပ်ချလိုက်ပြန်ပြီ..သာသနာညှိုးနွမ်းစေမှုတဲ့
- မြောက်ဥက္ကလာနှင့် မန္တလေးတွင် ဝမ်းရောဂါ ဖြစ်ပွားနေ
- ဘဘတို့ အတွက် ကြိတ်ဝိုင်း
- ဦးထိန်မောင် ကို ဘာသာပြန် ပေးတဲ့ ငတတ်ကြီး တိမသေ ဇာ...
- လက်ဖက်ရည်ဆိုင် လှုပ်ရှားမှု စတင်စို့ 
- အတတ်ဆန်းတိုင်း ကောင်းတာမဟုတ်..
- စည်းကမ်းဆိုတာ စာရွက်ပေါ်တင်ဘဲ..ဘဘတို့ လည်း ကြည့်ခ...
- အိုးမည်း ပေနေတဲ့ ကြက်တစ်ကောင်
- မြန်မာတပြည်လုံး ထောင်ထဲမှာ..
- လူ၅၀ လူ၁၀ယောက် လူသန်း၅၀ အပိုင်း(၁)
- အနှစ် ၂၀ ကြာ..တိုင်းပြည်လုယက်ထားသူကို မမြင်..ဘေးက ...
- အန်အယ်လ်ဒီ အထူးအစည်းအဝေး ကျင်းပမည်။
- ချိန်တန်ပြီ
- ဧပြီ ၂၁ ၂၀၀၉ သတင်း
- ဝတပ်မတော်ကြီးရဲ့ စစ်ရေးပြပွဲ
- Voice of Burma April 19 2009
- ဇိုယာဖန်ရေးသားတဲ့ သူ့ ဘဝအကြောင်း
- နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး တောင်းဆိုတဲ့ လက်...
- လူပျောက်ကြော်ငြာ
- ရုရှားနိုင်ငံသားတစ်ဦး၏ အဆုတ်တွင် ထင်းရှုးပင်ပေါက်ေ...
- ဘိုကလေးတွင် ဝမ်းရောဂါဖြစ်ပွားမှု အဆမတန်များပြားနေ
- ဇနီးကို မထီမဲ့မြင် လုပ်သည်ဟုဆိုကာ အရာရှိမှ ရွာသားက...
- ဒေါ်အောင်ဆန်းစုကြည်နှင့် နိင်ငံရေးအကျဉ်းသား များအမြ...
- စစ်အစိုးရကို ပိုဖိအားပေးရေး အမေရိကန် လွှတ်တော်အမတ်ေ...
- ဂျပန်သတင်းထောက် အသတ်ခံရသည့် ပူလီဇာဆုရ ဓါတ်ပုံ သတင်...
- အဝေးရောက်သားတွေ ပြန်ဆုံနိင်ကြပါစေ
- အဖေ မရှိတော့ ပထွေးရှာမိတာပါ
- ငါ့ကို ကော်မရှင်သာပေးလေ..မင်းဘဲလုပ်ကိုင်စားစေ.
- လယ်ယာ သိမ်းပိုက်ခံနေရကြောင်း တိုင်းရင်းသား လူငယ်မျ...
- သမိုင်းကို ကိုယ်ကျိုး အတွက် အရောင်မဆိုးသင့်
- ပိုက်ဆံရရင် အကုန်လုပ်တယ်..ချောင်းရိုက်ပေးရမလား..အမ...
- ကောင်းကင်ခရီး ကြွချီနေတဲ့ ရဟန်းတော် တစ်ပါးပုံတော်ဖ...
- တက္ကသိုလ်ကျောင်းသားသမဂ္ဂ
- ကျော်သူရဲ့ ဆုတံဆိပ်
- Mr Creater ရဲ့ ထိုးနက်ချက်
- ဧပြီ ၂၀ ၂၀၀၉ သတင်း
- NDF က UWSP နဲ့ လက်တွဲသွားမည်ဟု ဆို
- နေပြည်တော် ကြပ်ပြေးကြက်ခြင်းထဲက ကြက်ဘယ်အတက်နဲ့ ခွပ...
- ကျွန်တော်လေးစားမြတ်နိုးအပ်တဲ့ ဆရာစိုင်းခမ်းလိတ် အခ...
- မုံရွာထောင်ထဲက တက္ကသိုလ်ကျောင်းသူ
-
▼
April
(446)
No comments:
Post a Comment