Wednesday, April 15, 2009

ဘင်္ဂလားပင်လယ်အော်ထဲက မုန်တိုင်း Bijli က မြန်မာပြည်အလယ်ပိုင်းကို ဦးတည်နေ



ဧပြီ် ၁၃၊ ၁၄ လောက်ကတည်းက ဘင်္ဂလားပင်လယ်အော်ထဲမှာ စပြီးဖြစ်ပေါ်နေတဲ့ လေဖိအားနည်း ရပ်ဝန်းဟာ မုန်တိုင်းအသွင် တစစ ကူးပြောင်းလာရာကနေ ဧပြီ် ၁၅ မှာတော့ အိန္ဒြိယနိုင်ငံ နယူးဒေလီကနေ ဆိုင်ကလုံး မုန်တိုင်း Cyclonic Storm အနေနဲ့ စတင် သတ်မှတ်ခဲ့ပါတယ်။
ဒါပေမဲ့ ဧပြီ် ၁၆ မနက်ကစပြီး ပြင်းထန်တဲ့ ဆိုင်ကလုံး Severe Cyclonic Storm အဖြစ် ပြောင်းလဲခေါ်ဝေါ်သတ်မှတ်လိုက်ပါတယ်။

ဧပြီ် ၁၈ ရက် စနေနေ့ ညနေ ၅ နာရီခွဲ (IST) မှာ မြန်မာပြည်အလယ်ပိုင်းထဲအထိ ရောက်ရှိတိုက်ခတ်မယ်လို့ ခန့်မှန်းထားပါတယ်။

ခုထိ ခန့်မှန်းချက်အရတော့ မြန်မာပြည်ကို ရောက်တဲ့အချိန်မှာ တနာရီ ၃၉ မိုင်ကနေ ၇၃ မိုင်ကြားမှာ လေတိုက်နှုန်းရှိလိမ့်မယ်လို့ ခန့်မှန်းထားကြပါတယ်။

No comments:

Post a Comment