ခွန်အောင်မြတ်။
မတ်လ ၂၆ ရက်၊ ၂၀၀၉ ခုနှစ်။
ထိုင်းနိုင်ငံအခြေစိုက် ဧရာဝတီမဂ္ဂဇင်းကို မမှန်မကန်သတင်း ရေးသားဖြန့်ချီသည်ဟု စွပ်စွဲကာ အသရေ ဖျက်သိက္ခာချမှုဖြင့် ထိုင်းတရားရုံးတခုတွင် တရားစွဲဆိုလိုက်သည်ဟု ညီညွှတ်သော ဒီမိုကရက်တစ်ပါတီ(မြန်မာပြည်) အမည်ဖြင့် ကြေညာချက်တစောင် ထုတ်ပြန်ခဲ့သည်။
ဧရာဝတီမဂ္ဂဇင်း အယ်ဒီတာချုပ် ဦးအောင်ဇော်ကို ညီညွှတ်သော ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်) UDP အမှုဆောင် ဒုဥက္ကဌ
ကနေဒါနိုင်ငံတွင် နေထိုင်သူ ဦးကျော်မြင့်က ယခုလ ၂၄ ရက်နေ့တွင် တရားစွဲဆိုလိုက် ခြင်း ဖြစ်သည်ဟု ဖော်ပြပါရှိသည်။
UDP အဖွဲ့နှင့် ယင်းအဖွဲ့ခေါင်းဆောင် ဦးကျော်မြင့်ကို ဦးတည်ပြီး နိုင်ငံရေး၊ ပုဂ္ဂိုလ်ရေး၊ စီးပွားရေးအရ ထိခိုက် နစ်နာစေရန် ကြံရွယ်ချက်ဖြင့် အခြေအမြစ် မရှိတဲ့ စွပ်စွဲချက်တွေကို အခြေခံပြီး ၂၀၀၈ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်၊ ၂၀၀၉ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်နှင့် ၂၅ ရက်နေ့တွင် ဧရာဝတီမဂ္ဂဇင်း အင်တာနက် သတင်း စာမျက်နှာမှတဆင့် ရေးသားဖြန့်ဝေခဲ့သည်ဟုလည်း ကြေညာချက်တွင် ရေးသားထားသည်။
အသရေဖျက် သိက္ခာချမှုဖြင့် ထိုင်းတရားရုံးတခုတွင် တရားစွဲဆိုလိုက်သည့်အပေါ် ဧရာဝတီမဂ္ဂဇင်း အယ်ဒီတာ ချုပ် ဦးအောင်ဇော်က ယခုလို ပြောသည်။
“အဲဒါနဲ့ဆိုရင် ကျနော့်မှာ လောလောဆယ် ဘာမှပြောဖို့မရှိသေးဘူး။ အဲဒီဟာကို ကျနော် မရသေး ဘူး။ ကျနော့်ဆီပို့တယ်လို့တော့ ပြောတယ်။ ကျနော်ကတော့ သတင်းတော့ ရနေပြီ။ ကျနော်တို့ကို တရားစွဲတယ်ပြောတယ်။ ကျနော်က ဒီကိစ္စတွေကို ဘာမှမသိသေးတဲ့တွက် ဘာမှပြောခွင့်မရှိသေးဘူး။ ရုံးတခုအနေနဲ့နော်။ လောလောဆယ် တော့ ကျနော် ဘာမှပြောခွင့်မရှိသေးဘူး။”
ဖေဖော်ဝါရီလ ၂၃ ရက်နေ့က UDP ပါတီ ဒုဥက္ကဌ ဦးကျော်မြင့်သည် ၀ပြည် သွေးစည်းညီညွှတ်ရေး တပ်မတော်၏ ဘဏ္ဍာရေးဌာနတွင် ဒုတိယဌာနမှူးအဖြစ် တာဝန်ယူခဲ့စဉ် မူးယစ်ဆေးလုပ်ငန်း၊ ငွေမည်းခ၀ါ ချသည့် လုပ်ငန်းများနှင့် ဆက်နွယ်နေကြောင်း ထောက်လှမ်းရေးအရာရှိဟောင်း ဦးအောင်လင်းထွဋ်က ဗီအိုအေ မြန်မာပိုင်း အသံလွှင့် ဌာနသို့ ပြောဆိုကြောင်း ဧရာဝတီမဂ္ဂဇင်း အင်တာနက် သတင်း စာမျက်နှာက ဖေဖော်ဝါရီ လ ၂၄ ရက်စွဲဖြင့် တင်ပြထားသည်။
ယင်းသတင်းထုတ်ပြီး နောက်တရက်၌ ထုတ်လွှင့်ခဲ့သည့် ဗီအိုအေအသံလွှင့်ဌာနနှင့် UDP ဒုဥက္ကဌ ဦးကျော်မြင့် ကို ဆက်သွယ်မေးမြန်းခန်းတွင် ဧရာဝတီမဂ္ဂဇင်းနှင့် အယ်ဒီတာ ဦးအောင်ဇော်ကို တရားစွဲမည်ဟု ပြောဆို ခဲ့သည်။
UDP အဖွဲ့ခေါင်းဆောင်နှင့်ပတ်သက်၍ ရေးသားချက်အပေါ် ဧရာဝတီမဂ္ဂဇင်း အနေဖြင့် မှန်ကန်ကြောင်း သက်သေအထောက်အထားများ ပြသရန် တရားဝင်ဆက်သွယ်သော်လည်း တုံ့ပြန်ခဲ့ခြင်း မရှိသည့်အပြင် အသရေပျက်စေသည့် ကြံရွယ်ချက်ဖြင့် ဆက်လက်ပြီး ထပ်မံစွပ်စွဲရေးသားမှုများ ပြုလုပ်ခြင်းသည် စာနယ်ဇင်း ကျင့်ဝတ်ကို မထိမ်းသိမ်းသည့် အပြင် လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြုရာ ရောက်သည်ဟု ကြေညာချက်က စွပ်စွဲထားသည်။
ဧရာဝတီမဂ္ဂဇင်းနှင့် အယ်ဒီတာချုပ်ကို တရားစွဲဆိုသည့် ထုတ်ပြန်ကြေညာချက်ကို အတည်ပြုနိုင်ရင်အတွက် ညီညွှတ်သောဒီမိုကရက်တစ်ပါတီ (မြန်မာပြည်)၏ ဆက်သွယ်ရန် ပေးထားသည့် သတင်းနှင့်ပြန်ကြားရေးဌာန ဖုန်းနံပါတ်ကို အကြိမ်ကြိမ် ဆက်သွယ်သော်လည်း မရရှိပေ။
စစ်အစိုးရသည် ယခုနှစ် မတ်လ (၂၇) ရက်တွင် ကျင်းပမည့် ၄င်းတို့၏ (၆၄) ကြိမ်မြောက် တပ်မတော်နေ့ စစ်အခမ်းအနားကို ယခင်နှစ်များထက် ပိုမိုထူးခြား
ReplyDeleteစွာ လုံခြုံရေးတင်းကျပ်ထားကြောင်း သိရသည်။
စစ်ရေးပြကြမည့် စစ်ကြောင်းကိုးကြောင်း တည်းခိုရာ စစ်တန်းလျားများသို့ မည်သူ့ကိုမျှသွားလာခွင့်မပြုပဲ ဗိုလ်မှူးချုပ်နှင့်အထက်အဆင့်များသာ သွားလာနေ
ကြောင်း၊ စစ်တန်းလျားများ၏ အဝင်အထွက်များကိုလည်း တိုက်ခိုက်မည့်သူများ ၄င်းတို့၏ စစ်သားအသွင်အယောင်ဆောင်ကာ ဝင်ရောက်မလာစေရန် တနေ့လျှင်
အမည်ဝှက်အမျိုးမျိုးပြောင်းလဲ၍ အဝင်အထွက်များ၌ စစ်ဆေးနေကြောင်း၊၄င်းအမည်ဝှက်များကို အချိန်မီမသိရသော ၄င်းတို့၏အချို့စစ်သားများမှာ အသင့်စောင့်နေသော
လုံထိန်းများ၏ ထိန်းသိမ်းမှုကိုပင် ခံလိုက်ရကြောင်း တွေ့မြင်ခဲ့ရသူအချို့ကဆိုသည်။တရုတ်ပြည်မှ ဝယ်ယူထားသော အီလက်ထရွန်းနစ် ခဲယမ်းရှာကိရိယာဖြင့်လည်း
အဝင်အထွက်များ၌ စစ်ဆေးနေကြောင်း သိရသည်။
စစ်ရေးပြမည့် နေပြည်တော်ကွန်ကရစ်ကွင်းကြီး၏ ပတ်ပတ်လည်ဧရိယာ (၁ဝ) မိုင်အတွင်း၌လည်း လေကြောင်းရန်ကာကွယ်ရေး အခြေချစစ်စခန်းများကို
မနှစ်ကတည်းက လျှို့ဝှက်စွာစတင်တည်ဆောက်ခဲ့ရာ ယခုအခါ စုစုပေါင်းစခန်း (၁၃) ခုအထိ ပြီးစီးနေပြီဖြစ်ကြောင်း ခိုင်လုံသောသတင်းရပ်ကွက်မှသိရပါသည်။၎င်းစခန်း
များတွင် ဝေဟင်သို့ ပေ (၃ဝဝဝဝ) အထိ ပစ်လွှတ်နိုင်သည့် အပူငွေ့ရှာပဲ့ထိန်းဒုံးများကိုလည်း တရုတ်၊ရုရှား၊ယူဂိုဆလားဗီးယားစသည့် နိုင်ငံများမှဝယ်ယူထားကာ အလုံ
ပိတ်ကားကြီးများဖြင့် စခန်းများအတွင်းသို့ သယ်ယူသွားကြောင်းသိလိုက်ရသူအချို့ကဆိုပါသည်။၎င်းသယ်ယူမှုများမှာ ၂ဝဝ၈ခုနှစ်၊ဒီဇင်ဘာလကုန်ပိုင်းမှ စတင်ပြုလုပ်
ခဲ့ရာ ယခုအခါ စခန်းများအတွင်း၌ ဒုံးကျည်အလုံးရေ သောင်းနှင့်ချီ၍ရှိနိုင်ကြောင်း ခန့်မှန်းကြသူများက ဆိုပါသည်။၎င်းလေကြောင်းရန်ကာကွယ်ရေးစခန်းများအတွက်
ရေဒါနည်းပညာများကိုလည်း ၄င်းတို့၏မဟာမိတ် တရုတ်၊ရုရှားနိုင်ငံများမှရယူထားပြီး ထိန်းချုပ်ခန်းများတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ ပညာတော်သင်ပြန်ရောက်လာ
သည့် စစ်ဘက်အရာရှိများကိုသာ တာဝန်ပေးအပ်ထားကြောင်းသိရသည်။
နေပြည်တော်ဝန်းကျင် တောတောင်များ၌လည်း ခြေလျင်တပ်မ (၆) ခု၊ စစ်သားအင်အား(၂ဝဝဝဝ)ခန့် အထိ ထိုးစစ်ဆင်တပ်စွဲ တပ်ဖြန့်နေရာယူထားကြောင်း
သိရသည်။မတ်လ (၂၇) ရက်နေ့၌ စစ်အစိုးရလေတပ်စခန်း၊မိတ္ထီလာ(ရှမ်းတဲ)မှ တိုက်လေယာဉ်အုပ်(၃)အုပ်မှ နေပြည်တော်ဝန်းကျင် အမြင့်ပေ (၂ဝဝဝဝ) နှင့် (၄ဝဝဝဝ)
ကြားတွင် ကင်းလှည့်နေမည်ဖြစ်ကာ၊ စစ်အစိုးရလေတပ်စခန်း မင်္ဂလာဒုံမှ တိုက်လေယာဉ်အုပ် (၅)အုပ်မှ (၇)အုပ်ခန့်ထိ နိုင်ငံ၏နယ်စပ်ဧရိယာများ၌ ကင်းလှည့်ပျံသန်းမှု
များပြုလုပ်နေမည်ဖြစ်ကြောင်း သိရပြန်ပါသည်။၎င်းတို့၏ စစ်အင်အားပြပွဲကို မနှောင့်ယှက်နိုင်စေရန် ဗဟိုသတင်းအချက်အလက်နှင့် နည်းပညာအကူအညီများကို နိုင်ငံ
အနှံ့ရှိ ဆက်သွယ်ရေးတပ်၊လေကြောင်းရန်နှင့်အမြောက်တပ်များဆီသို့ တရုတ်ဂြိုဟ်တု ဟိုင်ချွမ်(၃)မှ အဆက်မပြတ်ပေးပို့သွားရန် စီစဉ်ထားပြီး ၄င်းအခမ်းအနားကျင်းပ
နေချိန်၌ နေပြည်တော်ဝန်းကျင်တွင် မည်သည့်ပြည်တွင်းပြည်ပလေယာဉ်မှ ဖြတ်ကျော်ပျံသန်းမှုမပြုလုပ်နိုင်ရန် ဟန့်တားသွားမည်ဖြစ်ကြောင်းသိရသည်။
ကျင်းပနေချိန်တွင် နေပြည်တော်စစ်အခမ်းအနား၏ (၁၅)မိုင်အတွင်း အဝေးထိန်းစနစ်ဖြင့် ဖောက်ခွဲမှုများမပြုလုပ်နိုင်စေရန် စစ်အစိုးရဝယ်ယူထားသောစက်
များမှ အားပြင်းသံလိုက်လှိုင်းများလွှင့်ထုတ် လွှမ်းခြုံထားမည်ဖြစ်ကာ ၄င်းနည်းပညာအကူအညီကို ယူကရိန်းနိုင်ငံမှရယူထားကြောင်း သိရပါသည်။စစ်အစိုးရသည်၎င်းတို့
၏ နှစ်စဉ်အင်အားပြမှုကို တနှစ်ထက်တနှစ်တိုး၍ စီစဉ်လာကြောင်း သိရသည်။စစ်ရေးပြနည်းစနစ်အကူအညီများကိုလည်း နိုင်ငံ၏စစ်ရေးပြအကောင်းဆုံးစစ်ကျောင်းကြီး
မှ နည်းပြများဖြင့်နှစ်စဉ် လေ့ကျင့်ပေးခဲ့ရာ ယမန်နှစ်များ၌ နည်းပြဦးရေ (၃ဝ) ခန့်သာခေါ်ယူခဲ့ရာမှ ယခုနှစ်တွင် နည်းပြဦးရေ (၄၇)ယောက်ဖြင့် လေ့ကျင့်ပေးနေကြောင်း
သိရသည်။စစ်ရေးပြမည့်စစ်သားတဦးအတွက် ဝတ်စုံတဆင်စာအသုံးစရိတ်သည် ကိုင်ဆောင်သည့်လက်နက်မပါ ကျပ်(၆ဝဝဝဝ)ကျော်ခန့်ကျသင့်ကြောင်း သိရသည်။ယခု
ဆိုလျှင် စစ်အစိုးရသည် မဟာမိတ်များအကူအညီဖြင့် ၄င်းတို့အနောက်အုပ်စုဟု ခေါ်ဝေါ်သည့်နိုင်ငံများကို အန်တုနိုင်သည့် အနေအထားသို့လည်း ရောက်ရှိလာပြီဖြစ်ရာ
၎င်းတို့၏ တပ်မတော်နေ့အခမ်းအနားသည် တိုက်ပွဲခေါ်သံအလား ပိုမိုကျယ်လောင်လာပြီဖြစ်ကြောင်း သုံးသပ်တင်ပြလိုက်ရပါသည်။