Earth Hour ဆိုတာ WWF (World Wide Fund for Nature/World Wildlife Fund) က စတင်ပြုလုပ်ခဲ့တဲ့ နှစ်စဉ် နိုင်ငံတကာ ရဲ့အထိမ်းအမှတ်နေ့လေးတခုဖြစ်ပါတယ်။
နှစ်တိုင်းရဲ. မတ်လ နောက်ဆုံးအပတ် စနေနေ့ အဖြစ် သတ်မှတ်ထားပြီး အဲဒီနေ့ ညဒေသ စံတော်ချိန် ည ၈း ၃၀ မှ ၉း၃၀ အထိ တစ်နာရီ တိုင်တိုင် လူနေအိမ်များ နှင့် အလုပ်ရုံ။ စက်ရုံများမှ သုံးစွဲနေကျ လျှပ်စစ်မီး များကို ဖြစ်နိုင်သမျှ မသုံးစွဲပဲ ပိတ်ထားကာ ကမ္ဘာကြီးပူနွေးမူနှင့် ရာသီဥတု တွေ ဖောက်ပြန်လာမူများကို လျှော့ပါးစေရန် ပူးပေါင်း ပါဝင်ဆောငိရွက်ကြတဲ့ သဘောပါ။
ဤစနစ် ကို Thai နိုင်ငံ တွင် ၂၀၀၅ ခုနှစ် ကတည်းက စတင် အကောင်အထည်ဖော်ခဲ့ပြီး ၂၀၀၇ ခုနှစ်မှာတော့ WWF Australia နဲ. Sydney Morning Herald တို့ မှ တစ်ကမ္ဘာလုံး ပူးပေါင်း ပါဝင်အောင် စည်းရုံး ဦးဆောင်ခဲ့ပါတယ်။
ဒီ ၂၀၀၉ ခုနှစ် အတွက် Earth Hour နေ့ကတော့ မတ်လ ၂၈ ရက် ၂၀၀၉ ဒေသစံတော်ချိန် ၈ နာရီ ခွဲ မှ ၉ နာရီ ခွဲထိ ပါ။ ပါဝင်ကြတဲ့ နိုင်ငံပေါင်း ၈၂ နိုင်ငံ နှင့် မြို့ ပေါင်း ၂၁၀၀ ရှိပါတယ်။ ၂၀၀၈ ခုနှစ် တုန်းက နိုင်ငံပေါင်း ၃၅ နိုင်ငံ နှင့် မြို. ၄၀၀ ကျော် သာ ပါဝင်နိုင်ခဲ့ ပါတယ်။
ကမ္ဘာကြီးပူနွေးမူနှင့် ရာသီဥတု တွေ ဖောက်ပြန်လာမူဟာ ကျနော် တို့ လူသားတွေ အားလုံးရဲ့ ဘေးအန္တရာယ်မို့  မီးတွေ ဒီည တစ်နာရီ ချွေတာ ကြပါစို့ ။
မြန်မာ ပြည်က လူတွေ ကတော့ အတက်ကြွဆုံးပါ. နေ့ တိုင်း ၄ နာရီလောက်ဘဲ သုံးနေကျမို့  ဆုတံဆိပ်တောင်ပေးပျော်နေပါပြီ။
No comments:
Post a Comment