Thursday, March 26, 2009

အကောင်းဆုံး မြေသြဇာ အဖွဲ့ရဲ့ မတ်လတော်လှန်ရေး..

မတ်လ (၂၇) ရက်နေ့ တော်လှန်ရေးနေ့အတွက်လူထုတရပ်လုံးအတွက် စတေးခံ အကောင်းဆုံး မြေသြဇာ အဖွဲ့မှ တက်ကြွ လူငယ်များသည် ၂၆ ရက်နေ့ည တွင်မြောက်ဥက္ကလာမြို့နယ်ရှိ သမိုင်းဝင် မယ်လမု ဘုရားဝန်းအတွင်းတွင် ပို့စကဒ်များ ၊ ထုတ်ပြန် ကြေငြာချက်များ အား လူထုတရပ်လုံး သိရှိအောင်၊ မျိုးချစ်တပ်မတော်သားများ ၊ ပြည်သူ့ရဲများ၊ ၀န်ထမ်းများ ၊ တောင်သူလယ်သမားများ သည်စစ်အာဏာရှင် အမြစ်ပြတ်ချေမှုန်းရန်အတွက် နောက်ဆုံးတိုက်ပွဲတိုင်းတွင် တက်ကြွ အဖွဲ့အစည်းများ၊လူငယ်များနှင့်အတူ ပူးပေါင်းပါဝင်ရန်အတွက်စည်းရုံးခြင်း၊ဆော်သြခြင်းများရေးသားထားသည် မြန်မာပြည် လွတ်မြောက်ရေးအဖွဲ့ချုပ်နှင့် ပြည်ထောင်စုလူ့အခွင့်အရေးကောင်စီ မှ ထုတ်ပြန်ကြေငြာသည့် တပ်မတော်သားများသို့အိပ်ဖွင့်ပေးစာ၊ Burma Democratic Colcerl (အင်္ဂလန်) မှ ထုတ်ပြန်ကြေငြာသည့် ဖေဖေါ်ဝါရီ (၂) ရက်နေ့ ၂၀၀၉ တွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တောင်းဆိုသော အချက်(၄) ချက်အား ပြည်သူလူထုတရပ်လုံးမှ ပူးပေါင်းပါဝင် တောင်းဆိုရန် နိုးဆော်ထားသော ထုတ်ပြန်ကြေငြာချက်နှင့် လူထုတရပ် လုံးအတွက် စတေးခံ အကောင်းဆုံးမြေသြဇာ အဖွဲ့မှ ၆၄ ကြိမ်မြောက် တော်လှန်ရေးနေ့တွင် မည်သည့် လှုပ်ရှားမှု့၊ မည်သည့် အဖွဲ့အစည်းများနှင့်မဆို စစ်အာဏာရှင် ဆန့်ကျင်ရေးတိုင်းတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ကြပါရန် နိုးဆော်ထားသော ထုတ်ပြန် ကြေငြာချက်များကို ဖြန့်ဖြူးခဲ့ကြပါသည်။
ထို့အပြင် တော်လှန်ရေးနေ့ ပို့စကဒ်များနှင့်အတူ ဒေါ်အောင်ဆန်းစုကြည်၊ဦးတင်ဦး၊ဦးခွန်ထွန်းဦး၊ ကိုမျိုးရန်နောင်သိမ်း၊ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ်နှင့် လူထုတရပ်လုံးအတွက်စတေးခံ အကောင်းဆုံးမြေသြဇာ အဖွဲ့(ခ)ဒေါင်းမာန် ကို စတင်ဖွဲ့စည်း တည်ထောင်ခဲ့သူ ကိုအောင်သန်းတို့နှင့်မြန်မာနိုင်ငံမြေပုံပါဝင်သော နိုင်ငံရေးအကျဉ်းသားများ ချွင်းချက်မရှိ ချက်ခြင်းလွှတ်ရန် တောင်းဆိုသည့်ပို့စကဒ်များကို လည်း ဖြန့်ဖြူးခဲ့ကြပါသည်။

No comments:

Post a Comment