လင်းဦး(စိတ်ပညာ)
မတ်လ ၂၆ရက်၊ ၁၆း ၂၀ နာရီတွင် အမှတ်၆၆/၆၇၊ သုဓမ္မာလမ်း၊ (ဌ)ရပ်ကွက်၊ မြောက်ဥက္ကလာပမြို့နယ်ရှိ တော်ဝင်နန်းတည်းခိုခန်း၊ ဒုတိယထပ် အခန်းအမှတ်(F1 )တွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ အခန်းထဲတွင် အမျိုးသားတစ်ဦးသေဆုံးခဲ့သည်။ ထိုအခန်းမှာ မြိုင်မြို့နယ်မှ သီဟ အမည်ဖြင့် တည်းခိုသော အခန်းဟု သိရသည်။ ထိုသေဆုံးသူ၏ အခန်းထဲတွင် ၀ါယာကြိုများ၊ ယမ်းထုတ်၊ ချိန်ကိုက်နာရီကိုယ်ထည်၊ ဓါတ်ခဲများကို တွေ့ရှိရသည်ဟု သိရသည်။ အခန်းအမှတ်(F 5) တွင် တည်းခိုလျက်ရှိသည့် နိုင်ဇာလင်းဆိုသူမှာ ဒဏ်ရာရရှိခဲ့သည်။
http://linoo.myanmarbloggers.org/2009/03/blog-post_26.html
Rest of your post
No comments:
Post a Comment