Friday, February 13, 2009

SAW အထက်တန်းကျောင်းတွင်ကျင်းပသော ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ နှင့် မြန်မာနိုင်ငံ ကလေးများနေ့ အခမ်းအနား





အကြီးကြည့်ရန်ရုပ်ပုံပေါ်ကလစ်နိပ်ပါ

မြန်မာလွတ်လပ်ရေး ဖခင်ကြီးဗိုလ်ချုပ်အောင်ဆန်းရဲ့ စိတ်ဓါတ်တွေကို နောင်မျိုးဆက်တွေ အတုယူနိုင်ဖို့ ဗိုလ်ချုပ်အောင်ဆန်းလိုလူမျိုးတွေ ဖြစ်လာစေဖို့ တိုင်းပြည်နဲ့လူထုအကျိုးအတွက် စွန့်လွှတ်အနစ်နာခံတဲ့ မျိုးဆက်တွေ ဖြစ်လာဖို့အတွက် ထိုင်းမြန်မာနယ်စပ်က မြန်မာရွှေးပြောင်းအလုပ်သမားကလေးငယ် တွေအတွက်(Social Action For Women) အဖွဲ့က ဖွင့်လှစ်ထားတဲ့ SAW စာသင်ကျောင်း မြန်မာနိုင်ငံ ကလေးများနေ့ အထိမ်းအမှတ်ပွဲတွေ ကျင်းပပါတယ်။

့ယခင်က မြန်မာပြည်မှာ ဗိုလ်ချုပ်မွေးနေ့ကို မြန်မာနိုင်ငံကလေးများနေ့အဖြစ် သတ်မှတ်ကျင်းပခဲ့သော် လည်း နောက်ပိုင်းမှာ ဗိုလ်ချုပ်ရဲ့ အခန်းကဏ္ဍကို ပစ်ပယ်ချင်တဲ့ အနိုင်ယူဗိုလ်ကျတဲ့ အစိုးရအဆက် ဆက်က ဒီနေ့ကို ဗိုလ်ချုပ်ရဲ့မွေးနေ့မဖြစ်တော့အောင် တဖြည်းဖြည်းမှေးမှိန်သွားအောင် ရည်ရွယ်ချက် ရှိရှိနဲ့ စနစ်တကျ ဆောင်ရွက်ခဲ့တာတွေရယ်ကြောင့် ဗိုလ်ချုပ်မွေးနေ့ကို မမှေးမှိန်မပျောက်ပြယ်သွားစေ လိုတဲ့ သဘောလည်းပါပါတယ်။

မြန်မာနိုင်ငံကို လွတ်လပ်ရေးရအောင် ကိုယ်ကျိုးစွန့်အနစ်နာခံပြီး စွမ်းစွမ်းတမံ ကြိုးစားခဲ့တဲ့ ဗိုလ်ချုပ်ရဲ့ အနွံတာခံမှု၊ ရိုးသားဖြောင့်မတ်တဲ့စိတ်ဓာတ်၊ ရဲရင့်ပြတ်သားမှု၊ ဗိုလ်ချုပ်ရဲ့ မြန်မာပြည်နဲ့ ပြည်သူလူထု အပေါ်ထားတဲ့ စေတနာနဲ့ ခေါင်းဆောင်ကောင်းအရည်အချင်းတွေရှိတဲ့ မြန်မာနိုင်ငံရဲ့ သူရဲကောင်းတစ် ယောက်ကို မမေ့ပျောက်စေလိုတဲ့ ရည်ရွယ်ချက်နဲ့ ပြုလုပ်ခဲ့ရခြင်းလည်း ဖြစ်ပါတယ်။

SAW ကျောင်းအနေနဲ့ ဗိုလ်ချုပ်ရဲ မွေးနေ့မှာပဲ ၂၀၀၇-၂၀၀၈ ပညာသင်နှစ်က ထူးချွန်စွာ အောင်မြင်ခဲ့ တဲ့ ကျောင်းသူ၊ သားများအား အတန်းလိုက် ပညာရည်ချွန်ဆု ချီးမြှင့်ပေးခြင်း၊ ကလေးများနေ့ အထိမ်း အမှတ်အဖြစ် ပန်းချီပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲ ကျောင်းသူ၊သားများအားဗိုလ်ချုပ်မိန့်ခွန်း ဟောပြောပြိုင် ပွဲ၊ အားကစားပြိုင်ပွဲနဲ့ ဗိုလ်ချုပ်ရဲ့သမိုင်းဝင်မှတ်တမ်းဓါတ်ပုံပြပွဲနဲ့ အခြားပျော်ပွဲရွှင်ပွဲများပြုလုပ်ခဲ့ပြီး က လေးများအားလုံးအား ကစားစရာလက်ဆောင်များပေးခြင်းတွေကိုလည်း ပြုလုပ်ခဲ့ပါတယ်။

(Social Action For Women )
ပညာရေးဌာန

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်