သတိမမူဂူမမြင်
စကားဦး - ယ္ခုပို့စ် မျှဝေတင်ပြရခြင်းသည် မြန်မာနိုင်ငံအတွင်းမွေးဖွားကြီးပြင်းကြသော မြန်မာ(ဘာသာမရွေး လူမျိုးမရွေး)လူမျိုးများ၏Human Rights ကို ရည်စူးပါသည်။ ကျတော်သည် ဗုဒ္ဓဘာသာဝင် တစ်ယောက်ဖြစ် ပါသည်
ဘာသာရေးသည် လူတစ်ယောက်၏ ယုံကြည်ရာ၊ မျိုးစဉ်ဆက်ကိုးကွယ်ရာ၊ နီးစပ်ကြီးပြင်းရာ တို့နှင့် သက်ဆိုင် သောကြောင့် မည်သည့်ဘာသာသည် အကောင်းဆုံးဟု အငြင်းမပွါးလိုပါ၊ လူသားတစ်ယောက်၏ လွတ်လပ်စွာ ယုံကြည် ကိုးကွယ်နိုင်ခြင်းသာဖြစ်ပါသည်။ ထို့ကြောင့် European နိုင်ငံများနှင့် Human Rights ကို တန်ဖိုး ထားကျင့်သုံးသော နိုင်ငံများတွင် Freedom of conscience -လွတ်လပ်စွာယုံကြည် ကိုးကွယ်နိုင်ခြင်း ကို လူသားတိုင်း၏ ယုံကြည်မှုအဖြစ် တန်ဖိုးထား ကာကွယ်ပေးထားပါသည်။ ထိုဥပဒေ တစ်ရပ်တည်းနှင့်ပင် ကမ္ဘာပေါ်ရှိ မည်သည့်နိုင်ငံမှ လူမျိုး ဘာသာမရွေးအား ၎င်းတို့၏ နိုင်ငံများတွင် ခိုလုံခွင့်များပေး၍ ကာကွယ် စောင့်ရှောက်ထားသည်မှာ လက်တွေ့ဖြစ်ပါသည်။
စစ်အစိုးရလက်အောက်မှအနှိပ်စက်ခံမြန်မာလူမျိုးဘဝ
* ဒီရက်ပိုင်းတွေမှာ ရိုဟင်ဂျာလှေစီးပြဿနာဖြစ်တဲ့ အချိန်၊
* ကမ္ဘာ့သတင်းမီဒီယာများမှာ ထိပ်တန်းသတင်း အဖြစ်လူတွေစိတ်ဝင်စားလာတဲ့ အချိန်၊
* အစ္စလာမ်ဘာသာ၊ ကျမ်းဂန် နှင့် ၎င်းတို့၏တမန်တော်များ အားစော်ကားထားသော
အီးမေးများ online တွင်ကျယ်ကျယ်ပြန့်ပြန့် လှုပ်ရှားလာတဲ့ အချိန်၊
* ရိုဟင်ဂျာပြဿနာကို အခြေခံပြီး အစိုးရ ဘလောက်ဟု ယူဆရသော ဘလောက်များတွင် ရိုဟင်ဂျာဆန့်ကျင်ရေးမှစပြီး အစ္စလာမ်ဆန့်ကျင်ရေး အထိရေးသားလာခြင်း၊
* အစ္စလာမ်ဘာသာဝင်များနှင့် ဗုဒ္ဓဘာသာဝင်များအကြား
အထင်အမြင်လွှဲမှားစေသော ဆောင်းပါးများ ဆက်တိုက်ဖော်ပြလာခြင်း၊
ဤသည်တို့ သည်အားလုံးတိုက်ဆိုင်စွာ ဖြစ်ပေါ်လာတာလား?
သို့တည်းမဟုတ် ရည်ရွယ်ချက်ရှိရှိ ချိန်ကိုက်ပြီးလုပ်ဆောင်နေတာလား?
ဒီပြဿနာမဖြစ်ခင် မြန်မာအစိုးရနဲ့ ဘင်္ဂလားဒေရှ် တို့ ရေပိုင်နက်ပြဿနာဖြစ်ပွားခဲ့တာ အခုထိ မပြေလည်သေးပါ။
ရွှေဝါရောင်တော်လှန်ရေးတွင် တိုင်းရင်းသားမြန်မာမွတ်စလင်မ်များ လည်း အခြားသော ဘာသာဝင်များနှင့် လက်တွဲပြီး ဆရာတော်ကြီးများနှင့် လက်တွဲပါဝင်ခဲ့မှုအား စိုးရိမ်လျက်ရှိသော နအဖအစိုးရအနေဖြင့် တိုင်းရင်းသား အစ္စလာမ်ဘာသာဝင်များနှင့် သွေးခွဲမှုများပြုလုပ်ရန် plan များနှင့် အစဉ်ကြိုးပမ်း နေချိန်တို့တွင် နောက်ဆုံး သတင်းရရှိချက်အရ နအဖ အစိုးရအနေဖြင့် ပြည်တွင်း၌ လူမျိုးရေး၊ ဘာသာရေးအဓိကရုဏ်းတခု
ဖန်တီးရန်ရှိကြောင်း ကြားသိရပါသည်။
အစ္စလာမ်ဘာသာ၊ ကျမ်းဂန် နှင့် ၎င်းတို့၏တမန်တော်များ ကိုစော်ကားထားသော အီးမေးများ၊ ထိုစော်ကားသူ၏ နောက်ထပ်အီးမေးတစောင် တို့အပြင် အစ္စလာမ်ဆန့် ကျင်ရေးဖော်ပြလာသော စစ်အစိုး ရ လိုလားသည့် ဘလောက်ဆောင်းပါးများကိုအောက်ပါ link များတွင် ကြည့်နိုင်ပါသည်
padaukmyay.blog (ပိတောက်မြေသည် နေ့စဉ် နံနက်ပိုင်းများမှစတင်က အသံလွှင့်နေသော အသံလွှင်ဌာန တစ်ခုဖြစ်ပါသည်။)
kyeesaytaman.blog
ywetwar.blog (သူကတော့ ဘာသာရေးဆွေးနွေးတဲ့ forum တွေမှာ အစ္စလာမ်အကြောင်းဝေဖန်ရေးသားပြီး အစ္စလာမ် blog အတော်များများမှာ သူ့  blog address ပေးထားခဲ့ပါတယ်။ သူသည် ရုရှနိုင်ငံတွင်ပညာသင်ယူနေသော မြန်မာ့စစ်တပ်မှ စစ်ဗိုလ် တစ်ယောက် ဖြစ်ပါသည်။ )
(မြန်မာပြည်တွင် ဗုဒ္ဓဘာသာ ခရစ်ယာန် မွတ်စလင်တို့ဆိုသည်မှာ အနည်းနဲ့အများ ပတ်ပြီး အမျိုး တော်နေကြ တာတွေရှိပါတယ်။ မွတ်စလင်တွေဟာ ရှေးမြန်မာဘုရင်တွေလက်ထက် ကတည်းက မြန်မာပြည်မှာ နေထိုင်လာခဲ့သည်၊ ဘုရင်တွေဆီမှာ အမှုတော်ထမ်းခဲ့တာတွေ သမိုင်းမှာရှိပါတယ်၊ ဦးကုလား မဟာ ရာဇ၀င်တို့၊ မှန်နန်းရာဇ၀င်တို့မှာပါတယ်၊ နယ်ချဲ့အင်္ဂလိပ်ဝင်တုံးကလည်း ဘုရင့်တပ်ကမွတ်စလင်တွေ ခုခံကာကွယ်ခဲ့ ကြတယ်လို့ဖတ်ဖူးပါတယ်။
လွတ်လပ်ရေးတိုက်ပွဲမှာလည်း မွတ်စလင်တွေပါကြတယ်။ မြန်မာလူမျိုးအချင်းချင်းငြိမ်းငြိမ်း ချမ်းချမ်း နေဖို့ စည်း ရုံးရမဲ့အစား သတ်ဖြတ်ဖို့မီးမွေးတာမကောင်းပါကြောင်း.....)
၎င်းစစ်အစိုးရ၏ အာဏာတည်တန့်ရေး၊ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးတွင် စစ်အစိုး မျက်နှာပျက်ခဲ့သည် များကို ပြည်သူများမေ့ပြောက်သွားစေရန် လူမျိုးရေး၊ ဘာသာရေးအဓိကရုဏ်းများဖြစ်စေရန် တစ်မြေထည်းမွေးမြန်မာပြည်သူအချင်းချင်းကိုသွေးခွဲရန် ရည်ရွယ်ထားပါသည်။ မြန်မာတိုင်းရင်းသားတိုင်း၊ ဘာသာတိုင်းသတိနှင့်နေကြပါရန်...။
မြန်မာညီအကိုမောင်နှမများ ကိုယ့်သွေး၊ ကိုယ့်အသက်၊ ကိုယ့်မိသားစုနှင့် အိုးအိမ်များမဆုံးရှုံးကြအောင် စစ်အစိုးရ၏ ပရိယာယ်မှမငြိတွယ်စေရနှ်ဝေးဝေးရှောင်ကြပါ။
မြန်မာနိုင်ငံသားများ(ကြက်အချင်းချင်းအိုးမဲသုတ်ပြီခွတ်ခိုင်နေသလို)စစ်အစိုးရ၏အကွက်ထဲသို့မ၀င်မိစေရန်ရည်ရွယ်ပါသည်
ဒီစာလေးကိုသူငယ်ချင်းများထံအမြန်ဆုံးပြန်လည်မျှဝေပေးစေလိုပါသည်----------
ယခုနောက်ဆုံးသတင်းရရှိသည်မှာ ၄င်းတို့သည် ယခု အကယ်ဒမီပေးပွဲပြီးသည့်နောက်ပိုင်းတွင် အဆိုပါ လူမျိုးရေးအဓိကရုန်းများ ပေါ်ပေါက်လာအောင် ကြံဆောင်ကြမည်။ ပြီးနောက်တွင် ၄င်းတို့အလိုကျ ဗိုလ်ကျ စိုးမိုးရေးကို အဓွန့်ရှည်စေရန် နည်းအမျိုးမျိုးဖြင့် ဆက်လက် လုပ်ဆောင်သွားကြမည်။ ဒါကြောင့် အားလုံး သတိရှိကြပါ။ ဘယ်သူခွဲခွဲ တို့မကွဲ အမြဲစည်းလုံးမည် ဆိုသော ဆောင်ပုဒ်ကို ပြည်သူများအားလုံး လက်ကိုင် ထားပြီး တရုတ်အားကိုး ပုဆိန်ရိုးဖြစ်နေသော ရက်စက်ကြမ်းကြုတ်သည့် စစ်အစိုးရကို ပူးပေါင်း ဆန့်ကျင်ကြပါ။
တို့ ဗုဒ္ဓဟာ အလယ်အလတ်လမ်းစဉ်ကိုသာ ပြသခဲ့တယ်။ အစွန်းမရောက်စေဖို့ ဆုံးမခဲ့တယ်။ အားလုံးနဲ့ ငြိမ်းချမ်းအောင်နေရမယ်။ ဘာသာတရားတွေဟာ တကယ်ကို ငြိမ်းချမ်းကြပါတယ်။ ငြိမ်းချမ်းမှုတွေကြောင့် ကမ္ဘာကြီးမှာ ပျော်စရာတွေရှိနေတာ။ အဲဒီပျော်ရွှင်မှုတွေကို သင်တို့ရဲ့ အတ္တတွေနဲ့ အရောင်မဆိုးကြပါနဲ့။ ဘာသာတရားတွေကို စော်ကားတဲ့သူဟာ လူလို့တောင် မသတ်မှတ်သင့်ဘူး။ ဒီလိုကိစ္စတွေကို အများပိုင်း လုပ်ကြတာလဲ တို့ထဲက လူနည်းစုတွေပဲ။ ဒါကြောင့် နိုင်ငံတကာအသိုင်းအ၀ိုင်းမှာ မြန်မာဆိုရင်သိပ်ကိုရှက်ဖို့ ကောင်းရတယ်။
Saturday, February 7, 2009
နားမယောင်ကြပါနဲ့ ခွေးတွေ ဟောင်နေတာပါ
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2009
(4093)
-
▼
February
(379)
- အမိမြေ
- ဟီးဟီး နိုင်တော့ကော..တကယ်အာဏာ ပေးမလား အရင်မေးပြီး...
- “ရိုဟင်ဂျာ မဟုတ်ဘူး၊ ဘင်္ဂါလီ” ဟု နိုင်ငံခြားရေး ဝန်...
- Myanmar's refugees struggle for asylum - 28 Feb 2009
- တရုပ်လုပ်သေနတ်နဲ့ အပါးဝတဲ့ နအဖတပ်မတော်
- ကြည့် သာယုံ..ဘယ်သူက..အကောင်..ဘယ်သူကအချောင်
- သူ့ သား ကိုယ့်သား ဘယ်သွားသွားမှမလုံခြုံတဲ့ နိုင်ငံ
- တော်လှန်ရေးမှာ..လိုအပ်တဲ့ အရာ
- အလင်းရနံ့ ဂျာနယ် ဖေဖော်ဝါရီ ၂၀၀၉
- ဘန်ကီမွန်း၊ အင်အယ်လ်ဒီ၊ ဆန်ရှင်နှင့် မြေခွေးမြီးပြ...
- ၾကားၾကားသမ်ွ ေ၀ေနယ်...
- ဖေဖော်ဝါရီ ၂၆ ၂၀၀၉ သတင်း
- ကဲ လူမဆန်ချင်ဦးလေ..နောက်ဆုံးတော့...ဒီလိုဖြစ်မယ်..
- လှေစီးပြေး ရိုဟင်ဂျာ( သို့ ) ဘင်္ဂါလီ တွေ မြန်မာနိုင...
- စစ်အစိုးရကို နိုင်ငံတကာခုံရုံးတင်နိုင်ရန် နာဂစ်မုန...
- ရန်ကုန်သားတွေ ၂၄ နာရီလုံ့း  အမှောင်ထဲ မှာ နေရတော့မ...
- ဒီဇယ်ဆီ အံ့မခန်း ကျဆင်းပြန်၊ တစ်ဂါလန် ၁၅၀၀ ကျပ်ရောက်
- မျောနေပြီ..မျောနေပြီ
- နိဗ္ဗါန်ယဉ်မလိုတဲ့ အသုဘတွေ
- ရခိုင်.သတင်းစာ ဖေဖော်ဝါရီ ၂၀၀၉
- ၈၈၈၈ သတင်းစာစောင် မတ်လ..၂၀၀၉
- နာဂစ်အလွန် လူ့အခွင့်အရေးချိုးဖောက်မှုများကို အရေးယူ...
- သူ့  ပထွေးပစ္စည်း ကျနေတာဘဲ ရောင်းစားနေကြတာ
- ကျောင်းသားဆိုတာ နိုင်ငံရေးသမိုင်းရဲ့သော့ချက်
- ဘာမှတ်လဲ မြန်မာကွ ဒီလိုနာမည်ကြီးတာ
- ရွှေတြိဂံမှာ မူးယစ်ဂိုဏ်းနဲ့ မြန်မာစစ်တပ် တိုက်ပွဲဖြစ်
- Rohingyas in japan Demonstrating infront of Burma ...
- (မေ ၃၀) ဒီပဲယင်း လုပ်ကြံမှု ကြီး (၆၉)လ ပြည့် ၀မ်း...
- တပ်တွင်းပုန်ကန်မှု
- ပြောင်းချင်တယ်ဆို လွယ်ပါတယ်...
- ပထွေးမြှောက်လို့  အပါးဝနေတဲ့ လူတွေ..
- သတ်ပစ်မလား..သင်းပစ်မလား..ဒုက္ခပါဘဲ
- နိုင်ဟံသာ (မွန်ပြည်သစ်ပါတီရဲ့ ထူးခြားထက်မြက်တဲ့ခေါ...
- လိမ်ပုံများကတော့ ဒီလိုကို သတင်းစာထဲထည့်ပြီးလိမ်တာ
- လှောင်ချိုင့်ထဲကလူ
- မီးမပေးဘဲ..မီတာခယူတာ..ရှက်ဖူးလား
- ဒေါ်အောင်ဆန်းစုကြည်ကို ချက်ခြင်းလွှတ်
- UN Chief Urges the Regime to Release All Political...
- ရှင်သန်အောင် ကြိုးစားခြင်း
- စာပေဟောပြောပွဲ
- တရားအလှူ
- မဲဆောက်မြို့တွင် ဖမ်းဆီးမှု စတင် ၊ တရားမ၀င်သူ ၆၀၀ေ...
- DVBtelevisionသတင်း
- မြန်မာနိုင်ငံသားတဦးဝင်ငွေ ၂၀၀၈ ခုနှစ်မှာ တဦးကျပ်...
- မေ ၃၀ ဒီပဲယင်း လုပ်ကြံမှု ကြီး (၆၉)လ ပြည့် ၀မ်းနည...
- စိန်လိုချင်လို့ ..လူကို သတ်တဲ့ လူယုတ်တွေ..
- ကမ္ဘာ့အဆင့်မီ ပညာတတ်များရဲ့ မြန်မာပြည်က ကမ္ဘာ့အဆင့်မ...
- မုန်တိုင်းထဲက ရှိုက်သံများ.
- ကြံဖွတ် နဲ့ သူငယ်ချင်း မလုပ်ချင်..
- လူထုတရပ်လုံးအတွက် စတေးခံ အကောင်းဆုံး မြေသြဇာ အဖွဲ့...
- သံဃာဥသျှောင်၏ကျေညာချက် (၂။၂၅။၂၀၀၉)
-့ မပြောမရှိနဲ့ ..ကာလနာတိုက်နေတဲ့ စိန်တွေ..
- အရပ်က လည်းခဲနဲပေါက်ချင်လှုပြီ။
- မြန်မာပြည် လူ့အခွင့်အရေးကို စိန်ခေါ်ခြင်း (မစ္စတာ ကွ...
- ခမရ ၂၃၄ ခွေးပါးဝနေတယ်
- ဘင်္ဂလာနယ်စပ် အနီးရှိ ကျေးရွာပေါင်း ၂၇ ရွာတွင် ပြည်သ...
- ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်ရန် ပအိုဝ်းလက်နက်ကိုင...
- ငွေ ၅၀၀ တန် အတု နှင့်ပတ်သက်၍
- မြန်မာလုပ်သား ၃၀၀ ခန့် အလုပ်ထုတ်ခံရ
- ငွေပေါတဲ့ သူတွေ အတွက် ကျမ်းမာရေးဝန်ဆောင်မှု
- ရေ တောင် ကုန်နေတဲ့ ရန်ကုန်
- “အန္တရာယ်ကို သတိပြုပါ” တဲ့ အောင်သောင်းကတော့ ပြောနေပြီ
- ကြပ်ပြေးအရှုပ်တော်ပုံ ဆောင်းပါးများ (၁၁ -၁၈)
- လက်မှတ်ရေးထိုးတောင်းဆိုဆန္ဒပြပွဲ(တိုကျို)ဂျပန်PART 2
- Japan news agency awards jailed Burmese female rep...
- လူထုတရပ်လုံးအတွက် စတေးခံအကောင်းဆုံးမြေသြဇာအဖွဲ့မှ ...
- အမှားပြင်ဆင်ချက်..
- ဘယ်သွားသွား မလုံခြုံတဲ့ မြန်မာအမျိုးသမီးဘဝ
- Media Statement – for immediate release24 February...
- UDP ကို....မဲသွားမထည့်နဲ့ မွဲသွားမယ်..
- လူတိုင်းပြောနေကြပြီ..မတရားဖမ်းတဲ့ လူယုတ်မြန်မာစစ်အ...
- ဒုံရင်း..ဒုံရင်းဘဲ အထဲထဲမှာ..
- ဆိုက်ကားသမားတွေ ကိုဒသျှို လုပ်ခိုင်းနေခြင်း..
- အကုန်လွှတ်မလား...မလွှတ်ဖူးလား..(ရာဇသံ)
- Inside the Kachin Independendence Army
- ကောင်းရာသုဂတိလားပါစေ။ ဒေါက်တာလှိုင်နီ
- ဗေဒင်..နက္ခတ်...မင်းဆက်ပြတ်ချိန်..........
- ၀ ခေါင်းဆောင်တွေ မြန်မာစစ်တပ်ကို မူးယစ်ဆေးရောင်းရေ...
- မိမိတို့ ကိုယ်တိုင်ကြိုးစားယူရန်မှတပါးအခြားမရှိပြီ
- နယ်စပ်ဖြတ်ကျော် တောမီးအား တရုတ်မှ လူအင်အား ၂၅၀၀ ကေ...
- လက်ချင်းချည်ကာ ညီတဲ့ အာဆီယံ.. :)
- ဒေါ်အောင်ဆန်းစုကြည် အပါအ၀င်မြန်မာနိုင်ငံရေးအကျဉ်းသာ...
- လက်မှတ်ရေးထိုးတောင်းဆိုဆန္ဒပြပွဲ(တိုကျို)ဂျပန်
- Naypyidaw, the new capital of Myanmar(ミャンマー新首都ネピドー)
- ရန်တိုက်ပေးလို့မရတော့ အချင်းချင်း ချတော့မယ်
- ချင်းတို့ ၏အသံ
- ဟစ်ဟော့ ကိုမတိုက်ခင် နအဖကို အရင်တိုက်ပါ
- Black Device ကိုသတိထားပါ။
- ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့သားမက် အမေရိကန်ပြည်ထော...
- နိုင်ငံခြားရောက် စက်မှု (၁) ၀န်ထမ်းပြေးများ နိုင်ငံ...
- တရားမဝင်နည်းဖြင့်ထိုင်းနိုင်ငံသို့ ဝင်ရောက်သူများေ...
- (၆၁) နှစ်မြောက် ချင်းအမျိုးသားနေ့ 
- လူ့ လူချင်းစာနာ ထောက်ထားပါ။
- NLD (LA( Japan Branch) INVITATION
- ခင်ဗျားတို့ သားသမီး၊မြေး ချင်းကိုယ်ချင်းမစာ အောက်တ...
- ပဒိုမန်းရှာကို ဘယ်သူသတ်သလဲ
- ဖေဖေါ်ဝါရီ လ ၂၁ရက် ၂၀၀၉ သတင်းများ
- အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်အထူးကြေငြာချက်အမှတ် ၃
- ဒုက္ခနဲ့ ဘ၀များ
- ဂုဏ်ယူပါတယ် မအိမ့်ခိုင်ဦး
-
▼
February
(379)
No comments:
Post a Comment