သူငယ်ချင်းများ ညီအကိုမောင်နှမများခင်ဗျာ
ကျနော်တို့ Generation Wave (မျိုးဆက်သစ်လူငယ်များ အစည်းအရုံး) အဖွဲ့ဝင်လူငယ်များနှင့်ငြိမ်းချမ်းရေးလိုလားသော လူငယ်များက ယနေ့ဖေဖော်ဝါရီလ ၁၄ရက် နေ့ ချစ်သူများနေ့တွင်ရန်ကုန်မြို့ လူစည်ကားရာအရပ်များဖြစ်သည့် စီးတီးမတ်၊ဂမုန်းပွင့်ကုန်တိုက်၊ orange supermarket၊ စိမ်းလန်းစိုပြည် စသည့်နေရာများ၊ တန်ခိုးကြီးဘုရားများနှင့် မထသ ၄၈၊၄၃၊ ၂၀၂၊ ပါရမီ ၁၈၃၊၁၈၄၊၁၇၄
ခရီးသည်တင် ဘတ်စ်ကားများပေါ်တွင် နှင်းဆီပန်းများဖြန့်ဝေခဲ့ကြပါသည်။
ထိုသို့ဖြန့်ဝေရာတွင် လက်ခံရယူသူများကို မြန်မာပြည်တွင် နှစ်ရှည်လများဖြစ်ပွားနေခဲ့သော ပဋိပက္ခများပြေလည်ပြီး ချစ်ခြင်းမေတ္တာများ ပျံ့နှံ့ကာငြိမ်းချမ်းသော အနာဂတ်သစ်ပေါ်ထွန်းလာရန် ရည်ရွယ်လှုပ်ရှားခြင်းဖြစ်ကြောင်းလည်း အကျဉ်းချုံး ရှင်းလင်းအသိပေးခဲ့ပါသည်။
--
regards
moethway
Generation Wave
http://www.generation-wave.blogspot.com/
No comments:
Post a Comment