21/Feb/2009
E-Mail this article Printable Version
အင်းစိန်မြို့နယ်အောင်မင်္ဂလာဒုံလမ်း ရွာမအရှေ့ရပ်ကွက်ရှိ “အေသင်” အထည်ချုပ်စက်ရုံမှ အလုပ်သ
မားအချို့ကို အောင်မင်္ဂလာအဝေးပြေယာဉ်ရပ်နားစခန်းမှတစ်ဆင့် လူကုန်ကူးရန်ကြိုးပမ်းမှုတစ်ခု ဖေဖော်
ဝါရီလ ပထမပတ်အတွင်းက ဖြစ်ပွားခဲ့ကြောင်းအောင်မင်္ဂလာအဝေးပြေးယာဉ်ရပ်နားစခန်း သာယာရေးနှင့်
စည်းကမ်းထိန်းသိမ်းရေးကော်မတီဝင်တစ်ဦးကပြောကြားသည်။လူကုန်ကူးရန်ကြိုးပမ်းသူနှစ်ဦးသည် အေ
သင်စက်ရုံရှိ အမျိုးသမီးအလုပ်သမားများကိုလက်ရှိရရှိသောလစာမှာအလွန်နည်းပါးကြောင်းနှင့်ထိုင်းနိုင်ငံ
မဲဆောက်တွင်သွားရောက်လုပ်ကိုင်ပါက တစ်လလျှင် လစာ နှစ်သိန်းအထိရရှိမည်ဟု ပြောဆိုစည်းရုံးခဲ့ပြီး
အမျိုးသမီးအလုပ်သမား ၁၆ဦးကိုထိုင်းနိုင်ငံသို့သွားရောက်ရန်အောင်မင်္ဂလာအဝေးပြေးယာဉ်ရပ်နားစခန်း
မှတစ်ဆင့် စီစဉ်ထားခဲ့ကြောင်း ၄င်းကဆက်လက်ပြောကြားသည်။ထိုသို့မဲဆောက်သို့သွားရန်အတွက် ဖေ
ဖော်ဝါရီလ ၉ရက်နေ့တွင် အောင်မင်္ဂလာအဝေးပြေးဝင်းအတွင်းရှိ မြတ်သဒ္ဓါယဉ်လိုင်းဖြင့် မြဝတီသို့လူစုခွဲ
ကာ သွားရောက်ရန်စီစဉ်ကြိုးပမ်းကြောင်းလည်း သက်ဆိုင်ရာမှ ပေးပို့သောသတင်းများကိုကိုးကား၍၄င်း
ကပြောကြားသည်။ ထိုင်းနိုင်ငံသို့ အလုပ်သမားများသွားရောက်ရန်အတွက်လူတစ်ဦးတွင်ကျပ် ငါးသောင်း
စီခန့် လူကုန်ကူးရန်ကြိုးပမ်းသူများက တောင်းခံခဲ့သည်ဟု ၄င်းထံမှသိရသည်။ အောင်မင်္ဂလာ အဝေးပြေး
ဝင်းအတွင်းရှိ တာဝန်ရှိသူများသို့ ယင်း လူကုန်ကူးမှု မဖြစ်ပွားရေးအတွက် ပူးပေါင်းဖွဲ့ကား တားမြစ်ရန်အ
ကြောင်းကြားခဲ့ခြင်းဖြစ်သည်။ ယခင်ကလည်း အောင်မင်္ဂလာ အဝေးပြေးယာဉ်ရပ်နားစခန်းအတွင်းရှိ ရန်
ကုန်-မော်လမြိုင်ယာဉ်လိုင်းများမှ တစ်ဆင့်လူကုန်ကူးရန်ကြိုးပမ်းမှုကိုသုံးကြိမ်ခန့်ဖော်ထုတ်အရေးယူနိုင်
ခဲ့ပြီး တစ်ကြိမ်တွင် လူ ၁၄ ဦးခန့်ပါဝင်သည့် လူကုန်ကူး ခံရမည့်သူများကို တားဆီး အရေးယူနိုင်ခဲ့သည်။
ဖေဖော်ဝါရီလ ၁၆ ရက်နေ့အထိ သတင်းများအရ အေသင် အထည်ချုပ်စက်ရုံမှ အလုပ်သမားများကို ငွေ
ကြေးရယူ၍ လူကုန်ကူးရန် ကြိုးပမ်းမှုမှာ မအောင်မြင်ဘဲ ကားဂိတ်များသို့ အမည်စာရင်းများ အချိန်မီ သ
တင်းပေးပို့ထားမှုကြောင့် လူကုန် ကူးရန် ကြိုးပမ်းသည့် အစီအစဉ်မှာ ပျက်ပြယ်သွားကြောင်း အထက်ပါ
ကော်မတီဝင်ထံမှသိရသည်ဟု ၂၀၀၉ခုနှစ်ဖေဖော်ဝါရီလ ၂၃ရက်နေ့ထုတ် The Voice ဂျာနယ်တွင်ဖော်
ပြထားပါသည်။
No comments:
Post a Comment