
နေပြည်တော်ရှိ အကြီးမားဆုံ ကျောက်မျက်ပြတိုက်ကြီး ဆောက်လုပ်ခဲ့စဉ်က လုပ်ငန်းခွင် ( သတင်း အထောက်အကူပြု ဓါတ်ပုံ - ဂူးဂဲလ် )
မြန်မာနိုင်ငံ၏ မြို့တော်အသစ် ဖြစ်သည့် နေပြည်တော်တွင် နိုင်ငံ၏ အကြီးမားဆုံး ကျောက်မျက်ရတနာ ပြတိုက်ကြီး တခု ဖွင့်လှစ်ပြီး၊ ကျောက်မျက် ရတနာများ ခင်းကျင်း ပြသသွားမည် ဖြစ်သည်ဟု ဆင်ဟွာ သတင်း ထုတ်ပြန်ချက် အရ သိရှိရသည်။
(၇)လ တာမျှ ဆောက်လုပ်ခဲ့သည့် အဆိုပါ ကျောက်မျက် ရတနာ ပြတိုက်ကြီးကို ဖေဖော်ဝါရီလ (၁၂) ရက်နေ့က တရားဝင် ဖွင့်လှစ်ခဲ့ပြီး အဆိုပါ ပြတိုက်ကြီးသည် မူလက အကြီးမားဆုံး ဖြစ်ခဲ့သည့် ရန်ကုန်မှ ပြတိုက်ကြီးထက် ပိုမိုသာလွန် ပြည့်စုံကြောင်းလည်း သိရသည်။
ကမ္ဘာ့ အကြီးမားဆုံး သဘာဝ ပုလဲကြီးနှင့် အတူ အခြားသော အဖိုးတန် တွင်းထွက် ရတနာ များကိုပါ ပြတိုက်သစ်ကြီး အတွင်း ခင်းကျင်း ပြသထားပြီး မြန်မာ့ နာမည်ကျော် ကျောက်စိမ်း တုံးကြီး များကိုလည်း အဆိုပါ ပြတိုက် သစ်ကြီးတွင် ထားရှိမည် ဖြစ်သည်။
မိုးကုတ်ဒေသမှ ထွက်ရှိသော ပတ္တမြားနှင့် အခြား တွင်းထွက်များအပြင် ရွှေထည်၊ ငွေထည် များကိုပါ ပြတိုက်အတွင်း ထည့်သွင်း ပြသ ထားမည်ဟုလည်း မြန်မာ အာဏာပိုင်များက အတည်ပြု ဆက်လက် ပြောကြားသွားသည်။
Summary
Rest of your post
No comments:
Post a Comment