2/13/2009
ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှ လူငယ် တဦးကို နိရဉ္စရာနှင့် ဆက်သွယ်မူကြောင့် တောင်ကုတ် တရာရုံးက များမကြာမှီက ထောင် ၅ နှစ်ချမှတ်လိုက်ကြောင်း သိရသည်။
ထောင်ချမှတ်ခံရသူမှာ တောင်ကုတ်မြို့ ကိုင်းရှည် ကျေးရွာမှ ကိုစန်းလွှင် ဖြစ်သည်။
ဇန္န၀ါရီလ ၂ ရက်နေ့က စစ်ထောက်လှမ်းရေးမှ ကိုစန်းလွှင် နေအိမ်အား ၀င်ရောက် စီးနှင်းခဲ့ပြီး သူ့အား ဖမ်းဆီးသွားခဲ့သည်။
သူ့အား ဖမ်းဆီးစဉ် စရဖ တပ်ဖွဲ့ဝင်များနှင့် အတူ နိရဉ္စရာ သတင်းဌာနမှ ရန်သူနှင့် ဆက်စပ်မူကြောင်း ထုတ်ပယ်ခံရသူ စစ်တွေမြို့မှ ရဲ (ပုလိပ်) ဌာနာ ဖိုးဦး (ကွယ်လွန်)၏သား သာထွန်းဆိုသူလည်း ပါဝင်သည်။
သာထွန်းသည် စရဖသို့ ကိုစန်းလွှင်နှင့် နိရဉ္စရာ သတင်းဌာနမှ ဆက်စပ်မူရှိသည့် သက်သေများနှင့် ဓါတ်ပုံများကို စရဖသို့ ပေးအပ်ခဲ့သဖြင့် စရဖမှ ဖမ်းဆီးပြီး ချက်ချင်း ထောင်ချလိုက်ခြင်း ဖြစ်သည်ဟု သူလုပ်ဖေါ်ကိုင်ဘက် တဦးမှ ယခုကဲ့သို့ ပြောသည်။
“သူ့ဆီ ကင်မရာတလုံးရသွားပါတယ်။ သက်သေခံ ပစ္စည်းတွေကို ရသွားတော့ တောင်ကုတ်မြို့ တရားသူကြီး ဦးကြည်မင်းစိုးက ဖမ်းဆီးပြီး သုံးရက်အကြာမှာ စစ်ဆေးမေးမြန်းမူ တစုံတရာ မလုပ်ဘဲ လ၀က ဥပဒေ တပ်ပြီး ထောင်ဒဏ် (၅) နှစ်ချမှတ်လိုက်တာ ဖြစ်ပါတယ်။”
သာထွန်းမှာ ဘင်္ဂလာဒေခ်ျ့ ယူအန်မှ အသိအမှတ်ပြု ရခိုင် ဒုက္ခသည် တဦးဖြစ်ပြီး ပြည်ထဲ ပြန်ဝင်သွားကာ စရဖအား ဖေါ်ကောင်လုပ်လိုက်မူကြောင်း နိရဉ္စရာ သတင်းဌာအား ကူညီပေးနေသူ မောင်တောမြို့မှ စီးပွားရေး သမား တဦး အပါအ၀င် အများအပြား ဖမ်းဆီးခံခဲ့ရပြီး ရဟန်းတော်များနှင့် လူငယ် တချို့မှာလည်း ထွက်ပြေး တိမ်းရှောင်နေရသည်ဟု သိရသည်။
No comments:
Post a Comment