- အမိမြန်မာပြည်တွင် စစ်အာဏာရှင်များ လက်တွင်းမှာ ဥပဒေမဲ့ မတရား ဖမ်းဆီး ထိန်းသိမ်း ခံထား ရသော ။ သံဃာတော် အရှင်သူမြတ်များ ။ ဦးတင်ဦး ။ ဒေါ်အောင်ဆန်းစုကြည် ။ ဦးခွန်ထွန်းဦး ။ ကိုမင်း ကိုနိုင် အပါအ၀င် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ။ လက်မှတ်ရေးထိုး တောင်းဆို မူကို ယနေ့ မှစတင်၍ မေလ နောက်ဆုံးပတ် တိုင်ထိအောင် ။ ကမ္ဘာ့ နိုင်ငံအသီးသီ့း အကောင်အထည် ဖော်ဆောင်ရွက်သွားမည်ဖြစ်ပါသည် ။ မိမိတို့ သဘောအစစ်အမှန်ကို ဖော်ထုတ်ပြသ ရေးထိုး ထား သည့် လက်မှတ်များအားစုစည်း၍ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်နှင့် နိုင်ငံအသီးသီးမှ အစိုးရအဖွဲ့ ခေါင်းဆောင် များ ထံ ပေးပို့ ကာ ။ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ အားလုံး လွတ်မြောက်ရေးအတွက် ၀ိုင်းဝန်းရပ်တည် ဆောင်ရွက် ပေးကြရန် ။ မေတ္တာရပ်ခံ တင်ပြသွားမည်ဖြစ်ပါသည် ။ သို့ ဖြစ်ပါ၍ ပြည်ပရောက် မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံးနှင့် ဒီမိုကရေစီ ချစ်မြတ်နိုးသူတိုင်း ၀ိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြရန်လေးစားစွာဖြင့်အသိပေးနိုးဆော်လိုက်ပါသည် ။။
“အမေရိကားရောက်မြန်မာဒီမိုကရေစီအင်အားစုများ”
http:// www.ipetitions.com/petition/assk
( THIS IS ON LINE SIGNATURE)



No comments:
Post a Comment