"တော်လှန်ရေးကြီး ဘာကြောင့် မအောင်မြင် ရသေးသလဲ" ဆိုတဲ့ စကားမှာပဲ တော်လှန်ရေး မပြီးဆုံးသေး ဘူးလို့ အဓိပ္ပာယ် ပါဝင်နေပြီး ဖြစ်ပါတယ်။ ဒါကြောင့် မပြီးသေးတဲ့ တော်လှန်ရေးမှာ အဆုံးသပ် ပွဲပြီးတဲ့ အရှုံးအနိုင်ကို ကြိုပြောလို့ မရနိုင်သေးပါဘူး။
ဒါပေမယ့် "မအောင်မြင်သေး" ဆိုတဲ့ စကားအရ တော်လှန်ရေးရဲ့ ဖြစ်စဉ်တခုခုကို စမ်းကြည့် ခဲ့ဖူးတယ် ဆိုတာ ကတော့ ထင်ရှားနေပါတယ်။
တော်လှန်ရေး ဖြစ်လာအောင် လူတွေက ရည်ရွယ်ချက်နဲ့ လုပ်ပုံ လုပ်နည်းကို ပေါင်းစပ် ယူလိုက်တာ ဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ ပြုပြင်ပြောင်းလဲမှု တခုခုကို ရယူချင်လို့ ဖြစ်ပြီး လုပ်ပုံ လုပ်နည်းမှာတော့ အဆင့်ဆင့် အကြိမ်ကြိမ် လုပ်ယူရတာမျိုး ဖြစ်ပါတယ်။
လက်နက်ကိုင် တိုက်ခိုက်ပြီး ပြောင်းလဲယူမှ တော်လှန်ရေးလို့ ခေါ်တာ မဟုတ်ပါဘူး။ စီးပွားရေးမှာလည်း တော်လှန်ရေး ဆိုတာ ရှိပါတယ်။ သေနတ်တချက်မှ ပစ်ဖောက်တာ မရှိပါဘူး။ မိသားစုထဲမှာ တော်လှန်တာက အစ နိုင်ငံတခု အတွင်းမှာ တော်လှန်တာ အထိ တော်လှန်ရေးပေါင်းစုံ ရှိပါတယ်။ ဒီ့ထက်တောင် ရှိတာက ကမ္ဘာ့နိုင်ငံရေး စနစ်ကြီးတွေမှာ ဖြစ်ပါတယ်။
ကွန်မြူနစ် စနစ်ကို ကမ္ဘာပေါ်မှာ ပြန့်နှံ့သွားအောင် တချိန်က ကြိုးပမ်းတာ တွေဟာ တော်လှန်ရေး တရပ်ပါ။ ကမ္ဘာ့အင်အားကြီး ဆိုဗီယက်က ဦးဆောင်ပြီး လုပ်တာတောင် မအောင်မြင် နိုင်ခဲ့တဲ့ သက်သေတွေ အများကြီး ရှိနေပါတယ်။
ကနေ့ ခေတ်မှာလည်း ဒီမိုကရေစီ စနစ်ကို ကမ္ဘာ့နိုင်ငံတွေမှာ ကျင့်သုံး လာရအောင် ဝိုင်းဝန်းကြိုးပမ်း နေကြပါတယ်။ ဒီလို ပြုပြင်ပြောင်းလဲဖို့ လုပ်ကြတာဟာလည်း တော်လှန်ရေး တရပ်ပါပဲ။ အခုချိန်မှာတော့ အဆုံးသပ် အောင်ပွဲကို မရသေးပါဘူး။ ကမ္ဘာ့နိုင်ငံများ အားလုံးက စစ်မှန်တဲ့ ဒီမိုကရေစီကို အပြည့်အဝ ခံစားရတဲ့နေ့ဟာ ဒီမိုကရေစီ တော်လှန်ရေး ပြီးဆုံးတဲ့နေ့ ပါပဲ။
ဟုတ်သော်ရှိ မဟုတ်သော်ရှိ အမှတ် မရတော့တဲ့ မှတ်တမ်းတခုမှာ ကမ္ဘာ့နိုင်ငံ အားလုံးအနက် (၃)နိုင်ငံက လွဲပြီး မိမိတို့ နိုင်ငံဟာ "ဒီမိုကရေစီစနစ်ပါ။ ဒီမိုကရေစီ ကျင့်ဝတ်တွေနဲ့ အညီ ဖြစ်ပါတယ်" လို့ ကြေညာထား ကြတာကို အင်္ဂလိပ်လို ဖတ်မိပါတယ်။ ဗဟုသုတ အနေနဲ့ပြောရရင် အဲဒီ မကြေညာနိုင်သေးတဲ့ (၃)နိုင်ငံကတော့ ဆော်ဒီအာရေဗျ၊ အီရန်နဲ့ ကျနော်တို့ရဲ့ ရွှေမြန်မာ နိုင်ငံတို့ပဲ ဖြစ်ကြပါတယ်။
ဒီအတိုင်းဆိုရင် ကမ္ဘာပေါ်မှာ ဒီမိုကရေစီ တော်လှန်ရေးကြီးက မပြီးဆုံးသေးပါဘူး။ ရွှေမြန်မာ နိုင်ငံမှာလည်း ဒီမိုကရေစီ တော်လှန်ရေး မပြီးဆုံးသေးပါဘူး။
ကိစ္စတခုဟာ အများအကျိုးအတွက် တကယ်တမ်း ထိုက်တန်တဲ့ တန်ဖိုးတခုကို ပေးဆောင် နိုင်တယ်ဆိုရင် ဘယ်ကိစ္စမဆို မပြီးသေးရင် ပြီးအောင် လုပ်ရမှာက တာဝန် တရပ်ပါပဲ။
ဘယ်သူတွေ တာဝန်ယူ မလဲ?
တာဝန် ယူသူတွေ များလာအောင် ဘယ်လိုလုပ်ကြမလဲ?
ဘာတာဝန်တွေ ယူကြမှာလဲ?
တာဝန်တွေကို ဘယ်လို ခွဲဝေထားကြ မလဲ?
ဒီတာဝန်တွေ လုပ်ဖို့ အရည်အချင်းတွေ ဘယ်လို မြှင့်တင်ပေး မလဲ?
အရည်အချင်း ရှိသူတွေ ရလာပြီဆိုရင် ဘယ်နေရာတွေမှာ တာဝန် ထမ်းဆောင်စေမလဲ?
ဒီမှာတင်ပဲ မေးခွန်းတွေက များလာပြီး လေးလေးနက်နက် တွေးလေ၊ ပိုပြီး နက်ရှိုင်းလေ၊ လုပ်စရာတွေ များလေ ဖြစ်နေပါပြီ။
ကြီးကြီးကျယ်ကျယ် ဆိုပေမယ့် စနစ်ကျအောင် လုပ်နိုင်ရင် ကောင်းတာမို့ "မဟာဗျူဟာ" ဆိုတာ ရှိရပါ တော့မယ်။ ဒါဆိုရင် မဟာဗျူဟာ ရေးမယ့်သူတွေ၊ အကောင်အထည် ဖော်မယ့်သူတွေ လိုအပ်လာပါပြီ။ တဆက်တည်းမှာပဲ "နည်းဗျူဟာ"တွေ ပါလာတော့မယ်။ လေ့ကျင့် ရတော့မယ်။ လေ့ကျင့်ဖို့ လိုအပ်ချက် တွေကလည်း အများကြီး ရှိနေဦးမှာ ဖြစ်ပါတယ်။
တော်လှန်ရေးရဲ့ ရည်ရွယ်ချက်ကို မှန်းရ လွယ်သလောက်၊ ထားရ လွယ်သလောက် လက်တွေ့မှာ လုပ်ရတဲ့ နည်းလမ်းနဲ့ အားထုတ်ပုံတွေက အများကြီး ပိုခက်ရုံမက ပိုပြီး ကြန့်ကြာ တတ်ပါတယ်။
အားမလို အားမရ ဖြစ်လွန်းလို့ အချိန်မတန်ပဲ ထ,လုပ်လိုက်ရင် ဟိုး အရင် မြန်မာ ဘုရင်ခေတ်တွေက အစည်းပြေနေတဲ့ ဝါးတချောင်းချင်းနဲ့ အင်္ဂလိပ် နယ်ချဲ့ကို လိုက်ရိုက်နေသလို ဖြစ်နေမှာပါပဲ။
တော်လှန်ရေးမှာ ပေးဆပ်လိုက်ရတယ် ဆိုတာ အင်မတန် ဂုဏ်ယူစရာပါ။ အင်မတန် ကောင်းတဲ့ သမိုင်း အမွေအနှစ်လည်း ဖြစ်ပါတယ်။ ဒါကို မငြင်းနိုင်အောင် ရှိပေမယ့် တော်လှန်ရေးနဲ့ ဆိုင်တဲ့ တန်ဖိုးတခုခု အမြတ်မထွက်ပဲ ပေးဆပ်လိုက်ရတာ တော်လှန်ရေး အတွက် နစ်နာ ဆုံးရှုံးမှုတခုလည်း ဖြစ်နေ ပြန်ပါတယ်။
မြန်မာ့ ဒီမိုကရေစီ တော်လှန်ရေး ဆိုတာက ကမ္ဘာ့ ဒီမိုကရေစီ တော်လှန်ရေးနဲ့ တဆက်တည်း တစပ်တည်း ဖြစ်လို့ ကမ္ဘာ့ ရေစီးကြောင်းနဲ့အတူ လိုက်သွားဖို့လည်း ရှိပါတယ်။ စံနမူနာတောင် ဖြစ်ချင် ဖြစ်သွားနိုင်ပါတယ်။
တော်လှန်ရေး တရပ် ဖြစ်ပေါ်လာနိုင်ဖို့ မခံမရပ်နိုင်တဲ့ အကြောင်းရင်းတခု ရှိနေရပါမယ်။ ပြီးရင် အဆင့် (၄)ခုနဲ့ ဖြတ်သန်းရပါတယ်။ အဓိက အကျဆုံး အချက်ကတော့ လူထုက ပါဝင် ထောက်ခံ အားပေးတာ ရှိနေရပါတယ်။
လူထု ဆိုတာ အာဏာနဲ့ နောက်ထပ် အမိန့်ပေးတာ မခံရတော့တဲ့ ခေါင်းဆောင်နဲ့ သူ့အလိုကို လိုက်ပြီး လုပ်ပေးနေကြတဲ့ လူတစုက လွဲ၍ ကျန်နေသူ အားလုံးကို ခေါ်ပါတယ်။ ဒါကြောင့် အစိုးရ ဝန်ထမ်းတွေနဲ့ တကွ တပ်မတော်သားတွေ၊ ရဲတွေလည်း လူထု ဖြစ်ပါတယ်။
အကြောင်းရင်းတွေမှာ အဓိက အချက်က မတရားတာကို သီးမခံနိုင်တာ ဖြစ်ချင်ဖြစ်မယ်။ အမျိုး-ဘာသာ- သာသနာကို ထိခိုက် စော်ကားတာကို လက်မခံ နိုင်တာလည်း ဖြစ်ချင်ဖြစ်မယ်။ အစိုးရကို မကြိုက်တာလည်း ဖြစ်ချင်ဖြစ်မယ်။
ဘယ်လိုပဲ အကြောင်းရင်းပဲ ဖြစ်ဖြစ် ပထမဦးဆုံး အဆင့်မှာ သဘောမကျ ဆန့်ကျင်သူတွေ တဦးချင်း ကနေ၊ တဖြည်းဖြည်းနဲ့ လူစုလူဝေး ပုံစံမျိုးအထိ ထွက်ပေါ် လာကြပါတယ်။ သူတို့ဟာ တက်ကြွ လှုပ်ရှားသူတွေပါပဲ။
လူစုလူဝေးက တညီတညာတည်း ကန့်ကွက် တောင်းဆိုတာတွေ ဖြစ်လာရင် ပုံမှန် လှုပ်ရှားနေတာတွေဟာ ထူးခြားတဲ့ အရှိန်တခုနဲ့ အလျင်အမြန် ပြောင်းလဲ သွားရုံမက ငြိမ်နေတာတွေလည်း နိုးကြား လာပါတယ်။ လူထု ထောက်ခံမှုကို တဖြည်းဖြည်း စရလာပါတယ်။ အစိုးရ ဆန့်ကျင်တဲ့ နိုင်ငံရေး သမားတွေလည်း ပါဝင်လာကြပါတယ်။
အဲဒီလို ဖြစ်တာတွေ များလာရင် တက်ကြွ လှုပ်ရှားသူတွေ၊ နိုင်ငံရေးသမားတွေနဲ့ အားပေး ထောက်ခံတဲ့ လူထုဟာ သူတို့ရဲ့ နေ့စဉ် ပုံမှန်ကိစ္စတွေကို အဖျက်ခံပြီး အရှိန် ကောင်းသထက် ကောင်းအောင် ကြိုးပမ်း လာတာကြောင့် အစိုးရ ယန္တယားဟာ ထိန်းမနိုင် သိမ်းမရနဲ့ စပျက် လာပါတော့တယ်။
အစိုးရလို့ ခေါ်တဲ့ လူတွေကလည်း ဒါကို မဖြစ်ဖြစ်အောင် ဖြိုခွဲ နှိပ်ကွပ်တတ်ကြပါတယ်။
အဲဒီလို ဖြိုခွဲ နှိပ်ကွပ်နေတာတောင် တက်ကြွ လှုပ်ရှားသူတွေ၊ နိုင်ငံရေးသမားတွေနဲ့ လူထုဘက်မှာ အင်အား၊ စိတ်ဓါတ်၊ နည်းပညာအပြင် အခြားပံ့ပိုးမှုတွေ အလုံအလောက် ရှိနေသေးတယ် ဆိုရင် တော်လှန်ရေး တရပ်ကို ဘယ်လိုမှ မတားဆီးနိုင်တော့ပဲ လူထုကြားထဲကနေ မွေးဖွား ပေးလိုက်နိုင် ပါတော့တယ်။
ဒါက လူထုနဲ့ လူထုကို မကြိုက်တဲ့ အစိုးရ အကြား တော်လှန်ရေးတရပ် ပေါ်ပေါက်လာပုံပါ။
Sunday, February 15, 2009
"တော်လှန်ရေး" ဆိုတာဘာလဲ..
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2009
(4093)
-
▼
February
(379)
- အမိမြေ
- ဟီးဟီး နိုင်တော့ကော..တကယ်အာဏာ ပေးမလား အရင်မေးပြီး...
- “ရိုဟင်ဂျာ မဟုတ်ဘူး၊ ဘင်္ဂါလီ” ဟု နိုင်ငံခြားရေး ဝန်...
- Myanmar's refugees struggle for asylum - 28 Feb 2009
- တရုပ်လုပ်သေနတ်နဲ့ အပါးဝတဲ့ နအဖတပ်မတော်
- ကြည့် သာယုံ..ဘယ်သူက..အကောင်..ဘယ်သူကအချောင်
- သူ့ သား ကိုယ့်သား ဘယ်သွားသွားမှမလုံခြုံတဲ့ နိုင်ငံ
- တော်လှန်ရေးမှာ..လိုအပ်တဲ့ အရာ
- အလင်းရနံ့ ဂျာနယ် ဖေဖော်ဝါရီ ၂၀၀၉
- ဘန်ကီမွန်း၊ အင်အယ်လ်ဒီ၊ ဆန်ရှင်နှင့် မြေခွေးမြီးပြ...
- ၾကားၾကားသမ်ွ ေ၀ေနယ်...
- ဖေဖော်ဝါရီ ၂၆ ၂၀၀၉ သတင်း
- ကဲ လူမဆန်ချင်ဦးလေ..နောက်ဆုံးတော့...ဒီလိုဖြစ်မယ်..
- လှေစီးပြေး ရိုဟင်ဂျာ( သို့ ) ဘင်္ဂါလီ တွေ မြန်မာနိုင...
- စစ်အစိုးရကို နိုင်ငံတကာခုံရုံးတင်နိုင်ရန် နာဂစ်မုန...
- ရန်ကုန်သားတွေ ၂၄ နာရီလုံ့း  အမှောင်ထဲ မှာ နေရတော့မ...
- ဒီဇယ်ဆီ အံ့မခန်း ကျဆင်းပြန်၊ တစ်ဂါလန် ၁၅၀၀ ကျပ်ရောက်
- မျောနေပြီ..မျောနေပြီ
- နိဗ္ဗါန်ယဉ်မလိုတဲ့ အသုဘတွေ
- ရခိုင်.သတင်းစာ ဖေဖော်ဝါရီ ၂၀၀၉
- ၈၈၈၈ သတင်းစာစောင် မတ်လ..၂၀၀၉
- နာဂစ်အလွန် လူ့အခွင့်အရေးချိုးဖောက်မှုများကို အရေးယူ...
- သူ့  ပထွေးပစ္စည်း ကျနေတာဘဲ ရောင်းစားနေကြတာ
- ကျောင်းသားဆိုတာ နိုင်ငံရေးသမိုင်းရဲ့သော့ချက်
- ဘာမှတ်လဲ မြန်မာကွ ဒီလိုနာမည်ကြီးတာ
- ရွှေတြိဂံမှာ မူးယစ်ဂိုဏ်းနဲ့ မြန်မာစစ်တပ် တိုက်ပွဲဖြစ်
- Rohingyas in japan Demonstrating infront of Burma ...
- (မေ ၃၀) ဒီပဲယင်း လုပ်ကြံမှု ကြီး (၆၉)လ ပြည့် ၀မ်း...
- တပ်တွင်းပုန်ကန်မှု
- ပြောင်းချင်တယ်ဆို လွယ်ပါတယ်...
- ပထွေးမြှောက်လို့  အပါးဝနေတဲ့ လူတွေ..
- သတ်ပစ်မလား..သင်းပစ်မလား..ဒုက္ခပါဘဲ
- နိုင်ဟံသာ (မွန်ပြည်သစ်ပါတီရဲ့ ထူးခြားထက်မြက်တဲ့ခေါ...
- လိမ်ပုံများကတော့ ဒီလိုကို သတင်းစာထဲထည့်ပြီးလိမ်တာ
- လှောင်ချိုင့်ထဲကလူ
- မီးမပေးဘဲ..မီတာခယူတာ..ရှက်ဖူးလား
- ဒေါ်အောင်ဆန်းစုကြည်ကို ချက်ခြင်းလွှတ်
- UN Chief Urges the Regime to Release All Political...
- ရှင်သန်အောင် ကြိုးစားခြင်း
- စာပေဟောပြောပွဲ
- တရားအလှူ
- မဲဆောက်မြို့တွင် ဖမ်းဆီးမှု စတင် ၊ တရားမ၀င်သူ ၆၀၀ေ...
- DVBtelevisionသတင်း
- မြန်မာနိုင်ငံသားတဦးဝင်ငွေ ၂၀၀၈ ခုနှစ်မှာ တဦးကျပ်...
- မေ ၃၀ ဒီပဲယင်း လုပ်ကြံမှု ကြီး (၆၉)လ ပြည့် ၀မ်းနည...
- စိန်လိုချင်လို့ ..လူကို သတ်တဲ့ လူယုတ်တွေ..
- ကမ္ဘာ့အဆင့်မီ ပညာတတ်များရဲ့ မြန်မာပြည်က ကမ္ဘာ့အဆင့်မ...
- မုန်တိုင်းထဲက ရှိုက်သံများ.
- ကြံဖွတ် နဲ့ သူငယ်ချင်း မလုပ်ချင်..
- လူထုတရပ်လုံးအတွက် စတေးခံ အကောင်းဆုံး မြေသြဇာ အဖွဲ့...
- သံဃာဥသျှောင်၏ကျေညာချက် (၂။၂၅။၂၀၀၉)
-့ မပြောမရှိနဲ့ ..ကာလနာတိုက်နေတဲ့ စိန်တွေ..
- အရပ်က လည်းခဲနဲပေါက်ချင်လှုပြီ။
- မြန်မာပြည် လူ့အခွင့်အရေးကို စိန်ခေါ်ခြင်း (မစ္စတာ ကွ...
- ခမရ ၂၃၄ ခွေးပါးဝနေတယ်
- ဘင်္ဂလာနယ်စပ် အနီးရှိ ကျေးရွာပေါင်း ၂၇ ရွာတွင် ပြည်သ...
- ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်ရန် ပအိုဝ်းလက်နက်ကိုင...
- ငွေ ၅၀၀ တန် အတု နှင့်ပတ်သက်၍
- မြန်မာလုပ်သား ၃၀၀ ခန့် အလုပ်ထုတ်ခံရ
- ငွေပေါတဲ့ သူတွေ အတွက် ကျမ်းမာရေးဝန်ဆောင်မှု
- ရေ တောင် ကုန်နေတဲ့ ရန်ကုန်
- “အန္တရာယ်ကို သတိပြုပါ” တဲ့ အောင်သောင်းကတော့ ပြောနေပြီ
- ကြပ်ပြေးအရှုပ်တော်ပုံ ဆောင်းပါးများ (၁၁ -၁၈)
- လက်မှတ်ရေးထိုးတောင်းဆိုဆန္ဒပြပွဲ(တိုကျို)ဂျပန်PART 2
- Japan news agency awards jailed Burmese female rep...
- လူထုတရပ်လုံးအတွက် စတေးခံအကောင်းဆုံးမြေသြဇာအဖွဲ့မှ ...
- အမှားပြင်ဆင်ချက်..
- ဘယ်သွားသွား မလုံခြုံတဲ့ မြန်မာအမျိုးသမီးဘဝ
- Media Statement – for immediate release24 February...
- UDP ကို....မဲသွားမထည့်နဲ့ မွဲသွားမယ်..
- လူတိုင်းပြောနေကြပြီ..မတရားဖမ်းတဲ့ လူယုတ်မြန်မာစစ်အ...
- ဒုံရင်း..ဒုံရင်းဘဲ အထဲထဲမှာ..
- ဆိုက်ကားသမားတွေ ကိုဒသျှို လုပ်ခိုင်းနေခြင်း..
- အကုန်လွှတ်မလား...မလွှတ်ဖူးလား..(ရာဇသံ)
- Inside the Kachin Independendence Army
- ကောင်းရာသုဂတိလားပါစေ။ ဒေါက်တာလှိုင်နီ
- ဗေဒင်..နက္ခတ်...မင်းဆက်ပြတ်ချိန်..........
- ၀ ခေါင်းဆောင်တွေ မြန်မာစစ်တပ်ကို မူးယစ်ဆေးရောင်းရေ...
- မိမိတို့ ကိုယ်တိုင်ကြိုးစားယူရန်မှတပါးအခြားမရှိပြီ
- နယ်စပ်ဖြတ်ကျော် တောမီးအား တရုတ်မှ လူအင်အား ၂၅၀၀ ကေ...
- လက်ချင်းချည်ကာ ညီတဲ့ အာဆီယံ.. :)
- ဒေါ်အောင်ဆန်းစုကြည် အပါအ၀င်မြန်မာနိုင်ငံရေးအကျဉ်းသာ...
- လက်မှတ်ရေးထိုးတောင်းဆိုဆန္ဒပြပွဲ(တိုကျို)ဂျပန်
- Naypyidaw, the new capital of Myanmar(ミャンマー新首都ネピドー)
- ရန်တိုက်ပေးလို့မရတော့ အချင်းချင်း ချတော့မယ်
- ချင်းတို့ ၏အသံ
- ဟစ်ဟော့ ကိုမတိုက်ခင် နအဖကို အရင်တိုက်ပါ
- Black Device ကိုသတိထားပါ။
- ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့သားမက် အမေရိကန်ပြည်ထော...
- နိုင်ငံခြားရောက် စက်မှု (၁) ၀န်ထမ်းပြေးများ နိုင်ငံ...
- တရားမဝင်နည်းဖြင့်ထိုင်းနိုင်ငံသို့ ဝင်ရောက်သူများေ...
- (၆၁) နှစ်မြောက် ချင်းအမျိုးသားနေ့ 
- လူ့ လူချင်းစာနာ ထောက်ထားပါ။
- NLD (LA( Japan Branch) INVITATION
- ခင်ဗျားတို့ သားသမီး၊မြေး ချင်းကိုယ်ချင်းမစာ အောက်တ...
- ပဒိုမန်းရှာကို ဘယ်သူသတ်သလဲ
- ဖေဖေါ်ဝါရီ လ ၂၁ရက် ၂၀၀၉ သတင်းများ
- အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်အထူးကြေငြာချက်အမှတ် ၃
- ဒုက္ခနဲ့ ဘ၀များ
- ဂုဏ်ယူပါတယ် မအိမ့်ခိုင်ဦး
-
▼
February
(379)
No comments:
Post a Comment